spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဖရူဆိုမြို့အနောက်ဘက်ခြမ်းကို ညသန်းခေါင်းယံအချိန်မှာ စစ်ကောင်စီက လေယာဉ်ဗုံးကျဲ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဇွန်လ ၂၁ရက်နေ့ ည ၁၂နာရီဝန်းကျင်အချိန်မှာ ကရင်နီပြည် ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက ကျေးရွာတစ်ရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေယာဉ်နဲ့ ၃ကြိမ်ခန့် အကြောင်းမဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် စာသင်ကျောင်းဆောင်နဲ့ နေအိမ်အချို့ ထိမှန်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“အိမ်တွေထိတယ်။ တိရိစ္ဆာန်တွေသေကြေကြတယ်ပြောတယ်။ ဒါပေမယ့် အဲ့မှာနေတဲ့ရွာသားတွေကတော့ ညကတည်းက ပြေးသွားကြပြီ ပြန်မလာကြသေးဘူးလို့ပြောတယ်။ တချို့တော့ ပြန်လာပြီ အဲ့လိုတော့ကြားတယ်။ အချိန်ကတော့ ည ၁၂နာရီခွဲလောက်ဖြစ်မယ်။ အတိအကျ လာကျဲသွားတာ သုံးခေါက်ဆိုတော့ တစ်ခေါက်တစ်ခေါက်နဲ့ကြားမှာက ၅မိနစ်လောက်ပဲခြားတယ်။” လို့ ဖရူဆိုမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဆိုပါ ဗုံးကျဲခံရတဲ့ရွာဟာ ရွာငယ်လေးတစ်ရွာသာဖြစ်ပြီး ဖရူဆိုစစ်ရှောင်နဲ့ ဒေသခံတွေ စုပေါင်းနေထိုင်ကြတယ်လို့ သိရပါတယ်။ မထင်မှတ်ထားတဲ့ ဗုံးကျဲခံရမှုကြောင့် ဒေသခံတချို့ဟာ စိုးရိမ်ထိတ်လန့်မှုကြောင့် ကျေးရွာတွင်း ပြန်မလာရဲကြသေးဘူးလို့ ဆိုပါတယ်။

“စိုးရိမ်တာကတော့ လေကြောင်းကတော့ ဘယ်အချိန်ဆို လာတော့လာကျဲနိုင်တာပေါ့။ ဒါပေမယ့် ဒီဖက် တိုက်ပွဲမဖြစ်ဘဲနဲ့ ဒီလို လေကြောင်းလာကျဲတော့ မထင်ထားကြဘူးပေါ့။ ဘာလို့ဆို တိုက်ပွဲလည်းမရှိဘူး တပ်စခန်းအခြေစိုက်တာလည်းမရှိဘဲနဲ့ ဒီလိုလေကြောင်းနဲ့လာကျဲသွားတာတော့ ပြည်သူတွေကော အနီးအနားက ရွာတွေကော စစ်ရှောင်တွေကပါ စိုးရိမ်ပြီး လန့်နေကြတာပေါ့။” လို့ အဆိုပါ ဒေသခံတစ်ဦးက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် ဇန်နဝါရီလ ၁၇ရက်နေ့မှာလည်း စစ်ရှောင်တွေ ခိုလှုံနေထိုင်တဲ့ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက ရီခီးဘူးစခန်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက အကြောင်းမဲ့ လေယာဉ်ဗုံးကျဲတိုက်ခိုက်ခဲ့မှုကြောင့် စစ်ရှောင်ပြည်သူ သုံးဦးထိမှန်သေဆုံးခဲ့ရပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက အကြောင်းမဲ့ ဗုံးကျဲတိုက်ခိုက်မှု ၂ကြိမ်ရှိနေပြီလို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

spot_img
spot_img

Recent posts