spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဖရူဆိုမြို့အနောက်ဘက်ခြမ်းမှာ စာသင်ကျောင်းဖွင့်ဖို့ ပြင်ဆင်နေပေမယ့် လေကြောင်းရန်ကို စိုးရိမ်နေ

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း စစ်ရှောင်စခန်း တစ်နေရာမှာ စာသင်ကျောင်း ဖွင့်ဖို့ ပြင်ဆင်နေပေမယ့်လည်း ကလေးတွေရဲ့ လုံခြုရေးအတွက် မိဘတွေက စိုးရိမ်နေကြပါတယ်။

တိုက်ပွဲ ပြင်းထန်နေတဲ့ ကရင်နီပြည်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီ ဟာ လေတပ်ကို သုံးပြိး တိုက်ခိုက်မှုတွေကို ပြုလုပ်ခဲ့သလို တိုက်ပွဲမရှိပဲ အရပ်သားပြည်သူတွေရှိနိုင်တဲ့နေရာတွေကိုလည်း ဗုံးကျဲတိုက်ခိုက်တာတွေလုပ်နေတဲ့ အတွက် မိဘတွေက စိုးရိမ်နေတာဖြစ်ပါတယ်။

“အဲဒီလေယာဥ်တစ်ခုပဲ စိုးရိမ်ရတာပေါ့နော်။ကျမတို့ ဒီဖက်မှာတော့ လက်နက်ကြီး ရောက်ရင်ရောက်မယ်။ ဒါပေမယ့် ထုတာတော့မရှိသေးဘူး။ ဒီလေယာဥ်တခုပဲ စိုးရိမ်ရတာပေါ့နော်။ လေယာဥ်စိုးရိမ်ရလို့ မိဘတွေ အနေနဲ့ ကလေးတွေကို ကျောင်းထားမယ်၊ မထားဘူးဆိုတာ ရှိကုန်ကြတာပေါ့။”လို့ စစ်ရှောင်စခန်းမှာနေထိုင်တဲ့ အသက် ၃၉ နစ်အရွယ် မိခင်တစ်ဦးကပြောပါတယ်။

လက်ရှိ ကျောင်းဖွင့်ဖို့ပြင်ဆင်ပေးနေတဲ့ စေတနာ့ဝန်ထမ်း ကျောင်းဆရာမတစ်ဦးကတော့ ကလေးတွေရဲ့ လုံခြုရေးအပိုင်းထိကို တာဝန်မယူနိုင်တဲ့အတွက် ကလေး ကျောင်းအပ်ခြင်း၊ မအပ်ခြင်းဟာ မိဘတွေအပေါ်မှာပဲ မူတည်တယ်လို့ ပြောပါတယ်။

” ကိုယ့်ကလေးကို စာတတ်စေချင်တယ်ပေါ့နော်။ ဒါလည်း မဖြစ်လာခဲ့ရင်ပေါ့။ နစ်နာမှာစိုးလို့ လာအပ်ချင် အပ်လို့ရတယ်။ မအပ်ချင်ရင် မအပ်နဲ့ပေါ့နော်။ လုံခြုံရေး အရ မအပ်ချင်ရင်လည်း မအပ်နဲ့၊ ရတယ်ပေါ့။ကျမတို့လည်း အတင်းမခေါ်ရဲဘူး။ အဲလိုမျိုးတော့ ကျောင်းသားမိဘတွေကို ပြောထားတယ်”လို့ စေတနာဝန်ထမ်း ဆရာမတစ်ဦးက ပြောပါတယ်။

အဲဒီစစ်ရှောင်စခန်းက စာသင်ကျောင်းမှာ KG ကနေ G-11 အတန်း ထိ ဖွင့်လှစ်ထားတာ ဖြစ်ပြီး လာမယ့် စာသင်နှစ်ကိုတော G-12ထိ ဖွင့်လှစ်သွားဖို့ရှိတယ်လို့ သိရပါတယ်။ စစ်ရှောင်ဦးရေတွေ ထပ်မံတိုးလာတာကြောင့် ဒီနှစ်မှာတော့ ကျောင်းသား/သူ အင်အား ၆၀၀ နီးပါး လောက်ထိ ရှိလာနိုင်တယ်လို့ သိရပါတယ်။

spot_img
spot_img