spot_imgspot_imgspot_imgspot_img
Wednesday, February 19, 2025
spot_imgspot_imgspot_imgspot_img

ဖရူဆိုမှာ ကျန်းမာရေးစောင့်ရှောက်မှုမရတဲ့အတွက် အရေပြားရောဂါဖြစ်ပွားနေ

Author

Date

Category

CJ (ကန္တာရဝတီတိုင်း(မ်))

ကရင်နီပြည် ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာနဲ့ စစ်ဘေးရှောင်စခန်းတချို့တွေမှာ ကျန်းမာရေးစောင့်ရှောက်မှုမရရှိတဲ့အတွက် ကလေးသူငယ်၊ ကျောင်းသား၊ ကျောင်းသူတွေအပါအဝင် အသက် ၆၀ ကျော်အရွယ် အရေပြားရောဂါ ဖြစ်နေတယ်လို့ ကျန်းမာရေးစေတနာ့ဝန်ထမ်း ဆရာမက ပြောပါတယ်။

“ဒီလို အနာမျိုးက သေချာကြည့်မှ ရမယ် ရေယိုလား၊ တစ်ခြားဟာလား သေချာကြည့်မှရမယ် ဒီလို အရေပြားမျိုး ထွက်ရင်၊ ရေယိုက ပူတယ်၊ စပ်တယ်၊ အဲလိုတော့ရှိတယ်” လို့ သူက ပြောပါတယ်။

ဖရူဆိုမြို့အရှေ့ဘက်ခြမ်း ကျေးရွာတွေမှာ ကလေးငယ် အဖြစ်များနေတယ်လို့ သိရပါတယ်။ ခေါသမော၊ ထီးသဲကူး၊ လောပလားလဲကျေးရွာ စတဲ့ ရေရှားပါးနေတဲ့ ကျေးရွာမှာ တစ်ကိုယ်ရေ မသန်းရှင်းမှု၊ လုံလောက်တဲ့ သောက်သုံးရေမရှိတာကြောင့်လည်း အသက် ၆၀ ကျော်အရွယ် အထိပါ ကူးစက်မှုရှိနေတယ်လို့ သိရပါတယ်။

အရေပြားရောဂါအပြင် အသက် ငါးနှစ်အောက် ကလေးငယ်တွေမှာ ဝမ်းပျက်ဝမ်းလျှောပါ ယခုတစ်ပတ်အတွင်း ဖြစ်ပွားနေတယ်လို့လည်း ဆိုပါတယ်။

ကျန်းမာရေးဆိုင်ရာ တစ်ကိုယ်ရေသန့်ရှင်းရေးနဲ့ ကုသမှုမှာလည်း အားနည်းနေပြီး နေမကောင်းဖြစ်တဲ့အချိန် ဆေးရုံ၊ ဆေးခန်းမရှိတဲ့အတွက် ကုသရေးမှာ အခက်အခဲရှိနေတယ်လို့ ဒေသခံနဲ့ စစ်ရှောင်တွေက ပြောကြပါတယ်။

“ဒီလို အရေပြားဖြစ်တာက ရေယိုပဲ စောစောပြသင့်တယ် ဆရာဝန်တွေနဲ့။ အရမ်းနာတာ ဒီလိုရောဂါက ရေယိုဖြစ်တာပါ၊ ထိတွေ့မှုရှိရင်တော့ လက်အိတ်သေချာစွတ်ရတယ် ကူးစက်တတ်တယ်”လို့ အဆိုပါ ကျန်းမာရေးဆရာမက ဆက်ပြောပါတယ်။

ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာနဲ့စစ်ရှောင်စခန်းတွေမှာ နွေရာသီရောက်လာပြီဖြစ်တဲ့အတွက် ရေရှားပါးမှုနဲ့ ကြုံတွေ့နေကြရပါတယ်။ ရေရှားပါးနေတဲ့အတွက် မိုးရေ၊ စိမ့်စမ်းရေ၊ တောင်ကျရေကိုသာ
မှီခိုအားကိုး သောက်သုံးနေရပြီး ကျန်းမာရေး နောက်ဆက်တွဲ ဆိုးကျိုးဖြစ်လာကြတယ်လို့လည်း ဆိုပါတယ်။

spot_img
spot_img
spot_img

Recent posts