spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဖရူဆိုမှာ စစ်ကောင်စီထောင်ထားခဲ့တဲ့ မြေမြုပ်မိုင်းတွေကို တော်လှန်ရေး တပ်ပေါင်းစုတွေ ရှင်းလင်း

Author

Date

Category

CJ (ကန္တာရဝတီတိုင်း(မ်))

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက ကျေးရွာတစ်ရွာမှာ စစ်ကောင်စီတပ်တွေထောင်ထားခဲ့တဲ့ မြေမြုပ်မိုင်းတွေကို တော်လှန်ရေးတပ်ပေါင်းစုတွေက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၉ ရက်နေ့ မှာ ရှင်းလင်းခဲ့ပါတယ်။

“အလုံး (၃၀) နီးပါး ရှင်းလင်းနိုင်ခဲ့တာပေါ့၊ အကုန်လုံးတော့ ရှာဖွေရှင်းလင်းဖို့က ခက်ခဲနေသေးတယ်”လို့ တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောပါတယ်။

အဆိုပါ မြေမြုပ်မိုင်းတွေဟာ ၁၄ မိုင်းအမျိုးအစား အများစုပါဝင်ပြီး ဇန်နဝါရီလ ၉ ရက်နေ့ တရက်အတွင်း ၂၇ လုံးအထိ ရှင်းလင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်စွဲခဲ့တဲ့ ကျေးရွာတွေမှာ မြေမြုပ်မိုင်းတွေ ကျန်ရှိနေဆဲဖြစ်ပြီး ချုံနွယ်ထူထပ်နေတာတွေကြောင့် အကုန်လုံးကို မရှင်းလင်းနိုင်သေးဘူးလို့ ဆိုပါတယ်။

(၁၁.၁၁) စစ်ဆင်ရေးစတင်တဲ့ ၂၀၂၃ခုနှစ်် နိုဝင်ဘာလအတွင်းမှာ ဖရူဆိုမြို့နယ်ထဲက ကျေးရွာတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေ ပြန်လည်ဆုတ်ခွာတာတွေရှိပြီး ကျေးရွာတွေအတွင်းမှာ မြေမြုပ်မိုင်းတွေ ထောင်ထားခဲ့တာဖြစ်တယ်လို့ တော်လှန်ရေးတပ်ပေါင်းစုတွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် အောက်တိုဘာလမှာ ဖရူဆိုမြို့နယ်အတွင်းက နေရပ်ပြန်ပြီး မြေပဲသိမ်းတဲ့ အသက် (၃၃) နှစ်အရွယ် စစ်ဘေးရှောင် အမျိုးသားတစ်ဦး မြေမြုပ်မိုင်း နင်းမိတာကြောင့် ခြေတစ်ဖက်ဆုံးရှုံးခဲ့ဖူးတယ်လို့ ဒေသခံတွေကပြောပါတယ်။ မြေမြှုပ်မိုင်းတွေ ရှိတာကြောင့် ဒေသခံတွေအနေနဲ့ အသွားအလာ သတိထားကြဖို့ တော်လှန်ရေးရဲဘော်တွေက တိုက်တွန်းထားပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေ ရှင်းလင်းခဲ့တဲ့ အဲ့ဒီကျေးရွာက ဒေသခံတွေဟာ ရွာလုံးကျွတ် စစ်ဘေးရှောင်နေရတာ ၂ နှစ်ရှိနေပြီဖြစ်ပြီး လူနေအိမ် ၈၄ အိမ်၊ လူဦးရေ ၄၀၀ ကျော်ရှိတဲ့ ကျေးရွာဖြစ်ပါတယ်။

spot_img
spot_img

Recent posts