spot_img
Friday, March 24, 2023
spot_img

ဖရူဆိုမှာ စစ်ဘေးရှောင်တချို့ ၂ နှစ်နီးပါး အတည်တကျနေထိုင်စရာ မရရှိတဲ့အတွက် အခက်တွေ့နေရ

spot_imgspot_imgspot_imgspot_img

CJ ( ကန္တာရဝတီတိုင်း(မ်))

ဖရူဆိုမြို့နယ်မှာ ဒေသခံတွေနဲ့ ဆွေမျိုးတွေဆီမှာ ခိုလှုံနေရတဲ့ စစ်ရှောင်တွေဟာ ထောက်ပံ့မှု မရရှိတဲ့အပြင် ၂ နှစ်နီးပါး အတည်တကျ နေထိုင်စရာ မရှိတဲ့အတွက် အခက်အခဲကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

“နင်တို့က စစ်ရှောင်မဟုတ်ဘူး။ အဲလိုပဲ ပြောတယ်၊ စာရင်းတောင်မှ မရှိဘူး ထင်တယ်။ ကျမသား ပြောတာက ပိုရင် သူများပေးတယ်၊ မပိုရင် မရဘူးပေါ့။ အဲလိုပဲ ပိုရင်တော့ သူများပေးတာပေါ့။ ရှိတဲ့ စစ်ရှောင်ကလည်း မပါဝင်ကြဘူးပေါလေ။ ဒီမှာက စစ်ရှောင် (၁၃) အိမ် ကနေ (၁၅) အိမ်အထိ တိုးလာပြီ၊ စာရင်းတော့ ရှိနေတာပဲ” လို့ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဖရူဆိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်တချို့ဟာ စစ်ရှောင်ကာလ ၂ နှစ်နီးပါးကြာမြှင့်နေပေမယ့် နေရာထိုင်ခင်းအခက်အခဲ ရှိနေဆဲဖြစ်ပြီး အလှူရှင်ထံကနေ ထောက်ပံ့မှုတွေလည်းမရရှိတဲ့အတွက် ကိုယ်ထူကိုယ်ထ ရုန်းကန်နေရတယ်လို့ သိရပါတယ်။

နီးစပ်ရာ ဆွေးမျိုးများထံ မှီခိုအားကိုးကြပေမယ့်လည်း စားဝတ်နေရေးအတွက် စိုက်ပျိုးရေး လုပ်ငန်းကို လုပ်ကိုင်လို့မရတော့တာကြောင့် စားနပ်ရိက္ခာအတွက် အခက်အခဲရှိတယ်လို့ ဆိုပါတယ်။

တစ်ချို့သော စစ်ရှောင်စခန်းတွေမှာ စစ်ဘေးရှောင်ကော်မတီရှိကြပြီး စစ်ရှောင်လူထုအတွက် အသက်အရွယ်အပိုင်းအခြားအလိုက် ထောက်ပံ့မှုရှိသလို လအလိုက် ထောက်ပံ့မှုတွေလည်း ရရှိပေမယ့် ဆွေမျိုးထံ မှီခိုနေထိုင်ကြတဲ့ စစ်ရှောင်အတွက်တော့ မရရှိဘူးလို့ ပြောပါတယ်။

အဆိုပါ နီးစပ်ရာ ဆွေမျိုးထံ စစ်ရှောင်နေကြတဲ့ စစ်ဘေးရှောင်တွေဟာ ဆွေမျိုးခြံအတွင်းမှာပဲ ကိုယ်ထူကိုယ်ထ တဲအိမ်ကို ဆောက်လုပ်ထားပြီး စစ်ရှောင်ကာလ ၂ နှစ်နီးပါးကာလအထိ အမိုးအကာ မရရှိခဲ့ဘူးလို့ ပြောပါတယ်။

ဖရူဆိုမြို့နယ် အရှေ့ဘက် ကျေးရွာ ၂ ရွာမှာ ဆွေမျိုးများထံ လာရောက်မှီခိုတဲ့ အိမ်ခြေ ၂၀ အထိရှိနေပြီး လူဦးရေ ၆၀ ကျော်ရှိနေပါတယ်။ ဖရူဆိုမြို့နယ်အတွင်း စစ်ဘေးရှောင် လူဦးရေ ၆၀၀၀ ကျော်ရှိနေတယ်လို့ စစ်ရှောင်ကူညီပေးသူထံကနေ သိရပါတယ်။

Related Stories