spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဖရူဆိုမှာ နေအိမ်ပြန် ရှင်းလင်းတဲ့‌ ဒေသခံတွေစစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်

Author

Date

Category

CJ(ကန္တာရဝတီတိုင်း(မ်))

ကရင်နီပြည်၊ ဖရူဆိုမြို့နယ် ထီးကလူဒေါ ကျေးရွာမှာ ယမန်နေ့ ဇန်နဝါရီ ၂၆ ရက်နေ့ က နေအိမ်ခြံ သန့်ရှင်းရေး ပြန်လုပ်ဆောင်‌တဲ့ ဒေသခံတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ ခမရ အမှတ် (၅၃၁) ကနေ မနက်(၁၀)နာရီအချိန်ကစပြီး ကျေးရွာအတွင်း လက်နက်ကြီး ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

” ဟုတ်တယ်။ ရွာထဲပစ်လာတာ လမ်းကို ချိန်ပြီး ပစ်လာတာလို့ ထင်တယ်။ ဒီဘက်စက်မောင်းပြီး ထွက်ပြေးမလို့ အဆင်မပြေတော့ လမ်းအတိုင်း မောင်းပြီး ထွက်လာလိုက်တယ်။ ” လို့ ဖရူဆိုမြို့နယ် စစ်ဘေးရှောင် တစ်ဦးက ပြောပါတယ်။

လက်နက်ကြီး ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိပေမယ့် စစ်ရှောင်လူထုတွေက စိုးရိမ်ပူပန်ပြီး ပြန်လည်ထွက်ပြေးလာရတယ်လို့ ဆိုပါတယ်။ နေအိမ်ခြံ ပြန်ရှင်းလင်းတဲ့ စစ်ရှောင် လူထုတွေဟာ နွေရာသီ မီးဘေးအန္တာရယ်နဲ့ ကာကွယ်နိုင်ဖို့ ရည်ရွယ်ပြီး မဖြစ်မနေ ပြန်လုပ်ဆောင်ချင်ကြတာဖြစ်တယ်လို့ ဆိုပါတယ်။

” တစ် လုံးပစ်လာတဲ့ချိန်မှာ စောင့်ကြည့်နေသေးတယ်။ ထပ်ပစ်လာတော့ တချို့ ထွက်ပြေးကုန်ပြီလေး ခြံထဲမှာ မြက်တွေ ရှင်းနေတာ၊ ဒရုန်းနဲ့ ကင်းထောက်ပြီး တွေ့တော့ ပစ်လာတယ်။ ” လို့ နေအိမ်ခြံ ပြန်ရှင်းတဲ့ အမျိုးသားတစ်ဦးက သူ့ရဲ့ သုံးသပ်ချက်ကို ပြောပြပါတယ်။

အဲ့ဒီကျေးရွာအတွင်း လက်နက်ကြီး ၃ လုံးထက်မနည်းပစ်ခတ်ပြီး ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့သိရပါတယ်။

အဲ့ဒီ ကျေးရွာမှာတော့ အိမ်ခြေ (၈၄) အိမ်ရှိပြီး၊ လူဦးရေ (၄၀၀) ကျော်ရှိကာ ရွာလုံးကျွတ် စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။

ဖရူဆိုမှာ စစ်ကောင်စီ တပ်စွဲထားတဲ့ ရပ်ကွက်တွေ၊ ကျေးရွာတွေမှာ မြေမြှုပ်မိုင်းတွေ ထောင်ထားတာရှိနေနိုင်တာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ စစ်ဘေးရှောင် လူထုတွေ နေရပ်မပြန်ကြဖို့ တိုက်တွန်းထားတာရှိတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts