CJ /ကန္တာရဝတီတိုင်း(မ်)
ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) မနက် ၁၀ နာရီ အချိန်မှာ ကရင်နီပြည် ဖရူဆိုမြို့နယ် ထီးပေါ်ဆိုအုပ်စု၊ ဆိုလျားကူး ကျေးရွာအတွင်း လက်နက်ကြီး သုံးလုံးကျရောက်ခဲ့ပြီး
နေအိမ်တချို့ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
“ လက်နက်ကြီး မပစ်ခင်ကတော့ ဒရုန်းလာသေးတယ် ချက်ချင်းပဲ ကျေးရွာအတွင်း လက်နက်ကြီးပစ်လာတယ် ဘာကိုပစ်တယ်ဆိုတာတော့ မသိဘူး ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဖရူဆိုမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး ပစ်ခတ်မှုလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဖရူဆိုမြို့အခြေစိုက် စစ်ကောင်စီ ခမရ (၅၃၁) တပ်စခန်းကနေ လက်နက်ကြီး ပစ်ခတ်လာတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုလို လက်နက်ကြီးပစ်ခတ်မှုတွေကို ဒေသခံတွေ စစ်ရှောင်ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေကြရပါတယ်။