spot_img
Saturday, June 10, 2023
spot_imgspot_imgspot_imgspot_img

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် ဒေသခံနေအိမ်နဲ့ ဆန်စပါးပျက်စီးမှုရှိ

Author

Date

Category

CJ / ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းကျေးရွာတွေမှာ ယခု မေလဒုတိယအပတ်အတွင်း မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဒေသခံတွေရဲ့ နေအိမ်တချို့နဲ့ သိုလှောင်ထားတဲ့ ဆန်စပါးလည်း ပျက်စီးခဲ့ကြောင်း မေလ ၁၇ရက်နေ့မှာ သိရပါတယ်။

အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ ကေးလျားကျေးရွာမှာ စစ်ဘေးရှောင် လူဦးရေ ၇၀၀ ကျော်နေထိုင်တာဖြစ်ပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်တချို့ အမိုးလှန်ပြီး ပျက်စီးသွားတဲ့ထဲ ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အိမ်က ခေါင်မိုးလှန်ပြီး ပျက်စီးတယ်။ တစ်ရွာလုံး အတိုင်းအတာနဲ့ စစ်ရှောင်အပါအဝင် ပြောရရင် ၄၀ ရာခိုင်နှုန်းအထိ ပျက်စီးတာပေါ့။ စပါးက ရေစိုတော့ အထားမခံတော့ဘူးပေါ့ ပျက်ကုန်တယ်။ တစ်ချို့အိမ်ဆို ပြန်ပြင်ထားပြီ သစ်ပင်တွေ ဝါးတွေလည်း အအုံလိုက်လှဲတာရှိတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ နေအိမ်တွေကို ပြန်လည်ပြုပြင်တာလုပ်ဆောင်နေပေမယ့် အမိုးအကာလိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“စစ်ဘေးရှောင်ဟာတွေက ပိုဆိုးတယ်၊ တဲတွေနဲ့ပဲ ဆောက်ထားတော့ ဆိုးတယ်၊ မုန်တိုင်းရဲ့ ဒဏ်မခံနိုင်ဘူးလေး” ဒေသခံတစ်ဦးက ပြောပါတယ်။

ကေးလျားကျေးရွာအတွင်း ဒေသခံနေအိမ် ၃လုံး၊ စစ်ရှောင်တဲအိမ် (၁၀)လုံးကျော် နဲ့ ဒေသခံတွေ သိုလှောင်ထားတဲ့ စပါးတွေပျက်စီးခဲ့သလို စာသင်ကျောင်းတစ်ကျောင်းလည်း အမိုးလှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

Recent posts