spot_imgspot_imgspot_imgspot_img
Sunday, July 13, 2025
spot_imgspot_imgspot_imgspot_img

ဖရူဆိုရှိ စစ်ရှောင် ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတစ်ခုမှာ ‌ကျောင်းဆောင်အတွက် အမိုးအကာ အကူညီလိုအပ်နေ

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ သဲဖြူကုန်း စစ်ဘေးရှောင်စခန်းမှာ ကိုယ်ထူကိုယ်ထ အထက်တန်းကျောင်း ဖွင့်လှစ်ထားပြီး ယခုနှစ်မှာ ကျောင်းသူ၊ ကျောင်းသား ဦးရေ ပိုတိုးလာတဲ့အတွက် စာသင်ဆောင် တိုးချဲ့ဖို့ အမိုးအကာ အရေးပေါ် အကူညီ လိုအပ်နေတယ်လို့ သိရပါတယ်။

“အခု ကျောင်းဆောင် လိုအပ်ချက်တွေ ရှိနေတယ်။ အခုထိ ဘာမှ မရှိသေးဘူး၊ မြေညှိတာပဲ ရှိဦးမယ်။ သစ်တော့ ဆွဲခိုင်းတယ်၊ ဘား မရှိတော့ မလုပ်နိုင်ဘူးပေါ့။ ကျောင်းဖွင့်တော့မယ်။ မမှီလောက်တော့ဘူး။ ရှိတဲ့ အခန်းကနေ အခန်းဖွဲ့ပြီး ယာယီ စာခွဲသင်လိုက်မယ်။ ” လို့ ‌ဆရာမ တစ်ဦးက ပြောပြပါတယ်။

စစ်ဘေးရှောင်ကာလ သုံးနှစ်ကျော် ကြာမြင့်လာသလို စစ်ဘေးရှောင်လူထု ပိုမိုများပြားလာတာကြောင့် ကိုယ်ထူကိုယ်ထ ကျောင်းအနေနဲ့ စာရေးကိရိယာလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။ စာသင်ကျောင်းဆောင် အတွက် အမိုးအကာတွေကတော့ ဇွန်လ မတိုင်ခင် ကျောင်းဆောင် ပြုလုပ်နိုင်ဖို့ မဖြစ်မနေ အကူအညီ လိုအပ် နေတယ်လို့ ဆိုပါတယ်။

သဲဖြူကုန်း စစ်ဘေးရှောင် ကိုယ်ထူကိုယ်ထ အထက်တန်း ကျောင်းမှာတော့ ကျောင်းသူ ၊ ကျောင်းသား ၂၀၀ ကျော်ရှိပြီး ဆရာ၊ ဆရာမ ၂၁ ဦးနဲ့ စာသင်ကြားပေးနေတာဖြစ်ပါတယ်။

သဲဖြူကုန်း စစ်ဘေးရှောင်စခန်းဟာ အိမ်ခြေ (၁၂၅) အိမ်ရှိပြီး လူဦးရေ ၄၀၀ ကျော်ရှိနေပါတယ်။

spot_img