spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဖရူဆိုအနောက်ခြမ်းက စစ်ရှောင်အမျိုးသမီးတွေပြုလုပ်ထားတဲ့ ဒေသထုတ်ကုန်မြေအိုးကို ဝယ်ယူအားပေးနိုင်

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဖရူဆိုအနောက်ခြမ်းရှိ စစ်ရှောင်အမျိုးသမီးတွေရဲ့ စိတ်ပိုင်းဆိုင်ရာဖိစီးမှု ဖြေလျော့သွားအောင် ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဒေသထုတ်ကုန်တစ်ခုဖြစ်တဲ့ မြေအိုးပြုလုပ်နည်းသင်တန်းကို Women For Women Foundation (WWF)မှ ၃ပတ်ကြာ ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။

WWF ဒါရိုက်တာ မရိုစီက “ အဓိကကတော့ ဒီမြေအိုးလုပ်ငန်းလုပ်ရတာကတော့ ခုနကပြောသလိုမျိုး စစ်ဘေးရှောင်တွေကလည်း ဒီအတိုင်းပေါ့နော စိတ်ပိုင်းဆိုင်ရာဖိစီးမှုအရမ်းများတယ်။ အမြဲတမ်းစိုးရိမ်ကြောင့်ကြတဲ့စိတ်လည်းရှိတဲ့အတွက် တစ်စုံတစ်ရာစိတ်လည်း ဖြေဖျောက်သွားအောင်ဆိုပြီးတော့မှ မြေအိုးလုပ်ငန်းကိုစဉ်းစားတယ်။ နောက်တစ်ခုက သူတို့နည်းပညာပေါ့နော အခုလည်းလုပ်လို့ရအောင် နောင်လည်းလုပ်လို့ရအောင်ပေါ့နော။ နောက်တစ်ခုက အရင်းအနှီးမကုန်တဲ့ဟာပေါ့နော အရင်းအနှီးလည်းမကုန်ဘူး ဒေသထုတ်ကုန်တွေလည်း Promotion လုပ်လို့ရတယ်။ သူတို့ကိုယ်တိုင်လည်းအချိန်မရွေးလုပ်လို့ရတယ် အိမ်မှာနေရင်းနဲ့လုပ်လို့ရတယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့လုပ်ဖြစ်တယ်ပေါ့နော။ အဲ့တော့ သူတို့ လုပ်လို့ ထွက်ရှိလာတဲ့ ထုတ်ကုန်ပစ္စည်းတွေကိုပေါ့နော ပိုပြီးတော့မှ ဒီထက် အရည်သွေးပြည့်အောင်လုပ်ဖို့တော့ လိုအပ်မယ်ပေါ့နော။ ကျမတို့ရှိတဲ့ ဒေသခံရဲ့နည်းပညာနဲ့ပဲ လုပ်ဆောင်သွားတာရှိတယ်ပေါ့နော။”လို့ ပြောပါတယ်။

ကုန်ကြမ်းအဖြစ် မြေရွေးတာတွေ၊ မြေယူတာတွေ၊ မြေနှပ်တာတွေပြုလုပ်ပြီး ဒေသသုံး ခေါင်အိုး၊ ဟင်းအိုး၊ ဟင်းခွက်ပန်းကန်ခွက်၊ လက်ဖက်ရည်ခွက် လုပ်နည်းကို တစ်နိုင်တစ်ပိုင်လုပ်ငန်းအဖြစ် တစ်ဖက်တစ်လှမ်းက ဝင်ငွေရအောင် ပြုလုပ်နေကြပါတယ်။ စစ်ရှောင်အမျိုးသမီးတွေ ကိုယ်တိုင် ပြုလုပ်ထားတဲ့ ဒေသထုတ်ကုန် မြေအိုးလုပ်ငန်းဟာ အရည်အသွေးမပြည့်ရင်တောင်မှ ဝယ်ယူအားပေးပြီး စစ်ရှောင်တွေကို တစ်ဖက်တစ်လှမ်းက လှူဒါန်းနိုင်တယ်လို့ ဆိုပါတယ်။

လိုချင်တဲ့မြေအိုးပုံစံတွေကို WWF Page https://bit.ly/3Cjtcfm ကနေ ဝယ်ယူအားပေးကြဖို့လည်း WWF ဒါရိုက်တာ မရိုစီက တိုက်တွန်းပြောဆိုပါတယ်။ မြေအိုးအသေးအကြီးပေါ်မူတည်ပြီး ပေးရတဲ့ဈေးနှုန်းကွာခြားနိုင်တယ်လို့ ဆိုပါတယ်။

“အိုးရဲ့အကြီးအသေးပေါ်ကွာတယ် ဥပမာ- အချင်းဝက်သုံးလက်မဆိုလို့ရှိရင် သူက ၄ထောင်နဲ့ ၅ထောင်ကြားရှိတယ် အဲ့လိုမျိုးရှိတယ်။ ပြီးလို့ရှိရင် ၆လက်မတို့ ကြီးရင်ကြီးသလိုပေါ့နော အိုးအကြီးဆိုရင် တစ်သောင်းခွဲအထိရှိတယ် သူ့အရွယ်အစားအပေါ် မူတည်ပြီး ကွာသွားတာရှိတယ်။ ဥပမာ – အခါးရည်သောက်ခွက်ဆိုရင်တော့ တစ်ထောင် တစ်ထောင့်နှစ်ရာဝန်းကျင်တော့ရှိတယ်ပေါ့။ အဲ့ဒါတွက်ချက်တာကလည်း မြေသွားယူတဲ့အချိန်တွေ မြေနှပ်တဲ့အချိန်တွေ ပြီးလို့ရှိရင် အခြောက်ခံတဲ့အချိန်တို့ မြေအိုးရိုက်တာတို့ မီးအပူပေးတဲ့ဟာပေါ့နော။ ပြန်တွက်ချက်ပြီးတော့မှ ဈေးနှုန်းကအဲ့လိုကွာခြားတယ်ပေါ့။” လို့ မရိုစီက ဆက်ပြောပါတယ်။

သင်တန်းတက်ရောက်ကြတဲ့ အသက် ၃၅နှစ်မှ ၅၅နှစ်ကြား ပထမဆုံးအသုတ် အမျိုးသမီး ၉ ဦးကို ဒေသခံဆရာ ၄ ဦးမှ သင်ကြားပေးနေပါတယ်။ ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်ဖို့အတွက် သင်တန်းဆရာတစ်ဦးမှ သင်တန်းသူနှစ်ဦးကို တာဝန်ယူသင်ကြားနေတယ်လို့ ဆိုပါတယ်။

မြေအိုးပြုလုပ်တဲ့အစအဆုံးမှာ မြေယူရတာ၊ မြေရွေးတာ၊ မြေနှပ်တာ၊ မြေအိုးရဲ့ အယူအဆ၊ အရည်အသွေးကောင်းအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို သင်တန်းတက်တဲ့ကာလအတွင်း သိရှိသွားပြီး နောင်တစ်ချိန် ပြန်အသုံးချနိုင်မယ်လို့ မရိုစီက ပြောပါတယ်။

စစ်ရှောင်စခန်းတွေမှာ အမျိုးသမီးတွေ တစ်နိုင်တစ်ပိုင်လုပ်ငန်းလေးတွေ လုပ်ကိုင်လို့ရအောင် ဆပ်ပြာဖျော်သင်တန်း၊ စိုက်ပျိုးရေးသင်တန်းတွေကို ပို့ချလျက်ရှိပြီး WWF ကနေ လိုအပ်တဲ့ကုန်ကြမ်းတွေကို ပံ့ပိုးပေးတယ်ဆိုပါတယ်။ လာမယ့်စက်တင်ဘာလအတွင်းလည်း ဒေသအထည် ရိုးရာယက်ကန်းသင်တန်းကို စစ်ရှောင်အမျိုးသမီးတွေအတွက် ဖွင့်လှစ်ပေးသွားမှာဖြစ်ပြီး ရံပုံငွေရရှိအောင် ပြန်လည်ရောင်းချဖို့ရှိနေပါတယ်။

ဖရူဆိုမြို့အနောက်ခြမ်းမှာ စစ်ရှောင်ဦးရေ ၆ထောင်ကျော်ရှိပြီး ထက်ဝက်ကျော်ဟာ အမျိုးသမီးတွေဖြစ်တယ်လို့ သိရပါတယ်။ စစ်ရှောင်ကာလကြာမြှင့်လာတာနဲ့အမျှ အလှူရှင်ရောက်ရှိမှုနည်းပါးလာတာကြောင့် စားနပ်ရိက္ခာအတွက် စိုးရိမ်နေရတယ်လို့ စစ်ရှောင်ဒေသခံတွေက ပြောပါတယ်။ အဲ့ဒါကြောင့် တစ်နိုင်တစ်ပိုင် ဝင်ငွေလေးရရှိအောင် ဒေသထုတ်ကုန်တွေကို ပြုလုပ်ပြီး ရောင်းချနေရတယ်လို့ ဆိုပါတယ်။

စစ်ရှောင်အမျိုးသမီးများ မြေအိုးပြုလုပ်နေကြပုံ
စစ်ရှောင်အမျိုးသမီးများ မြေအိုးပြုလုပ်နေကြပုံ
စစ်ရှောင်အမျိုးသမီးများ မြေအိုးပြုလုပ်နေကြပုံ
စစ်ရှောင်အမျိုးသမီးများ မြေအိုးပြုလုပ်နေကြပုံ
စစ်ရှောင်အမျိုးသမီးများ မြေအိုးပြုလုပ်နေကြပုံ
စစ်ရှောင်အမျိုးသမီးများ မြေအိုးပြုလုပ်နေကြပုံ
စစ်ရှောင်အမျိုးသမီးများ မြေအိုးပြုလုပ်နေကြပုံ
စစ်ရှောင်အမျိုးသမီးများ မြေအိုးပြုလုပ်နေကြပုံ
စစ်ရှောင်အမျိုးသမီးများ မြေအိုးပြုလုပ်နေကြပုံ
စစ်ရှောင်အမျိုးသမီးများ မြေအိုးပြုလုပ်နေကြပုံ
spot_img
spot_img