spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဖရူဆိုအနောက်ခြမ်းမှာ ဆယ်ကျော်သက်လူငယ်တွေကို စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းပြုလုပ်ပေး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

Women For Women Foundation (WWF) ကနေပြီး ဖရူဆိုအနောက်ဖက်ခြမ်းရှိ စာသင်ကျောင်း ၃ကျောင်းက ဆယ်ကျော်သက်အရွယ်ကျောင်းသားစုစုပေါင်း ၃၀၀ကျော်ကို ကျောင်းပညာရေးနှင့် ဆယ်ကျော်သက်စွမ်းဆောင်ရည်မြှင့်တင်ခြင်း အစီအစဉ် ဆောင်ရွက်ပေးလျက်ရှိနေပါတယ်။

အလယ်တန်းလွန်ကျောင်းနဲ့ အထက်တန်ကျောင်းရှိ Gread-7ကနေ Gread -11 အထိ ကျောင်းသူ၊ ကျောင်းသား စုစုပေါင်း ၃၀၀ကျော်ကို စက်တင်ဘာလ ကတည်းက ပို့ချပေးနေတယ်လို့ သိရပါတယ်။

ဆယ်ကျော်သက်စွမ်းဆောင်ရည်မြှင့်တင်ခြင်းအစီအစဉ်မှာ ဆယ်ကျော်သက် ခေါင်းဆောင်မှု (Adolescence leadership) ၊ ကျန်းမာရေး၊ လိင်ပိုင်းဆိုင်ရာနဲ့ ကျား၊မ တန်းတူပိုင်း၊ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်းဆိုင်ရာ အကြောင်းအရာတွေကို ပို့ချပေးနေတာ ဖြစ်ပါတယ်။

“ အဲ့ဒီဟာတွေ လုပ်ပေးခြင်းအားဖြင့်ပေါ့။ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာအရမ်းမလုံခြုံတာတွေလည်း သက်သာသွားသလို ခဏပြောတဲ့ ပတ်ဝန်းကျင်ပေါ့ သူတို့ရောက်တဲ့အရပ်ဒေသတွေမှာဆိုလို့ရှိရင် Host Community တွေနဲ့ သဟဇာတဖြစ်အောင်နေနိုင်တယ်။ ခဏပြောတဲ့ ခွဲခြားဆက်ဆံမှု မရှိတော့ အကြမ်းဖက်မှု လျော့ကျသွားမယ်။ လျော့ကျအောင် လုပ်နိုင်တယ်ပေါ့နော။ အဲ့တော့ခဏပြောတဲ့ ခေါင်းဆောင်မှုမှာဆိုရင်လည်း အမျိုးသမီး အမျိုးသားတန်းတူ ဘယ်လိုမျိုးခေါင်းဆောင်နိုင်တဲ့ အခွင့်လမ်းတွေပေးထားမယ်။ ပေးလို့ရတယ်ဆိုတဲ့ဟာကို သူတို့သိသွားတာပေါ။ အဲ့ဒီဟာတွေသိသွားပြီးဆိုရင် ဘယ်လိုဖြစ်ဖြစ်ပေါနော။ ပဋိပက္ခ ကြားမှာဖြစ်ဖြစ် စိတ်အရမ်းဖိစီးတဲ့ကြားမှာဖြစ်ဖြစ် တခြားလူတွေနဲ့ သဟဇာတဖြစ်အောင်နေနိုင်သွားမယ် အနည်းဆုံးလျော့ချနိုင်တယ်ပေါ။ တခြား ပဋိပက္ခတွေ သူတို့လျော့ချနိုင်တယ်။ ပိုပြီးတော့မှ သူတို့နကိုယ် သူတို့ လုံခြုံစိတ်ချရတဲ့ ယုံကြည်မှုတွေ ရှိလာတယ်ပေါ့ ” လို့ WWFဒါရိုက်တာ ရိုစီကျော်က ပြောပါတယ်။

ဓါတ်ပုံ -Women For Women Foundation

လက်ရှိ နိုင်ငံရေး အခြေအနေအရ ကျောင်းမတက်လိုက်ရတာတွေ၊ စိတ်ပိုင်းဆိုင်ရာ မွန်းကြပ်တာတွေ၊ အိုးအိမ်စွန့်ခွာ ရတာတွေကြောင့် အခုလို စိတ်ဓါတ်မြင့်တင်ပေးတာတွေ လုပ်ဆောင်ရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

စိတ်ပိုင်းဆိုင်ရာ အားပေးမှုတွေ မှာဆိုရင်လည်း ဆယ်ကျော်သက်တွေ အပြင် စစ်ရှောင်စခန်း အမျိုးသမီးတွေကို သွားရောက်ပို့ချပေးတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

“ အဲ့လိုမျိုး အစီအစဉ်တွေကတော့ ဆယ်ကျော်သက် အတွက်ဆိုလို့ရှိရင် အများကြီး လုပ်ဆောင်ဖို့လိုတယ်ပေါ့နော။ သူတို့လက်ရှိကြုံတွေ့ရတဲ့ စိတ်ပိုင်း ရုပ်ပိုင်းပေါ့။ အပြောင်းအလဲ အရမ်းဖြစ်နေတဲ့အရွယ်လည်း ဖြစ်တယ်။ နိုင်ငံရေး အခြေအနေအကုန်လုံးကို အပြောင်းလဲကြီး သူတို့ ခံစားနေရတဲ့အတွက်ပေါ့နော။ သူတို့ စိတ်ပိုင်းဆိုင်ရာ မြင့်တင်ပေးဖို့ လိုတယ်ပေါ့နော။ သူတို့ကိုယ်တိုင် လုပ်နိုင်စွမ်းရည်နဲ့ ကိုယ့်ကိုယ်ယုံကြည်မှုရှိအောင် လုပ်ပေးဖို့ အစီအစဉ်တွေက တခြား အဖွဲ့ လည်း အများကြီး လုပ်ဖို့လိုတယ်။ ကျမတို့လည်း အများကြီး လုပ်ဆောင်ဖို့လိုတယ်ပေါ့နော “ လို့ WWFဒါရိုက်တာ ရိုစီကျော် က ဆိုပါတယ်။

အတန်းတစ်တန်းချင်းစီကို သင်ကြားပေးနေတာဖြစ်ပြီး ခေါင်းစဉ်တစ်ခုကို တစ်ရက် အချိန်ယူ ပို့ချပေးနေတယ်လို့ သိရပါတယ်။ အတန်းတစ်ခုကို အနည်းဆုံး ၄ရက်လောက် အချိန်ယူပြီး ပို့ချပေးနေတာဖြစ်ပါတယ်။ ဖရူဆို အနောက်ဖက်ခြမ်း အပြင် တခြားနေရာတွေမှာ ပို့ချဖို့ကြိုးစားနေပေမယ့် ငွေကြေးလိုအပ်မှုစတဲ့ အခက်အခဲတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts