spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဖရူဆိုအနောက်ဘက်ခြမ်းက စစ်ရှောင်တွေအတွက် “စိတ်လူမှုဆက်ဆံရေး ကူညီပံ့ပိုးခြင်း” သင်တန်း နှစ်ရက်တာ ပြုလုပ်

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည် ဖရူဆိုမြို့ အနောက်ဘက်ခြမ်းတစ်နေရာမှာ စစ်ဘေးရှောင်တွေအတွက် စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်တဲ့ “စိတ်လူမှုဆက်ဆံရေး ကူညီပံ့ပိုးခြင်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ နှစ်ရက်တာ သင်တန်းကို ပြုလုပ်ခဲ့ပါတယ်။

“စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေကို ဖြေရှင်းနိုင်တဲ့နည်းလမ်းတွေကို သိရှိပြီးတော့မှလေ။ အဲ့ဒါတွေကို ကျင့်သုံးပြီးတော့မှ ကိုယ့်ကို မျှော်လင့်ချက်နဲ့ ဆက်ပြီးတော့ ရှင်သန်နိုင်ဖို့အတွက်ပေါ့နော။ ကျမတို့ရဲ့ ရည်ရွယ်ချက်က။” လို့ သင်တန်းပေးခဲ့တဲ့ စစ္စတာရ်တစ်ပါးက ပြောပါတယ်။

ဇူလိုင်လ ၂၅ရက်နဲ့ ၂၆ရက် နှစ်ရက်တာ သင်တန်းဖြစ်ပြီး လူအယောက် ၃၀ကျော် တက်ရောက်ခဲ့ပါတယ်။ အသက် ၁၄နှစ်နဲ့ အထက်တွေကို သင်တန်းပေးတာဖြစ်ပါတယ်။

စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး အဓိက သင်ကြားသွားတာဖြစ်ပြီး လူမှုရေးဆိုင်ရာ၊ စိတ်ဓာတ်ကျခြင်းနဲ့ ဝမ်းနည်းပူဆွေးခြင်း၊ စိတ်ဒဏ်ရာစတာတွေကို ဘယ်လိုဖြေရှင်းနိုင်လဲဆိုတာ သင်ကြားပေးတယ်လို့ သိရပါတယ်။ အသက် ၁၄နှစ်အောက်ကလေးငယ်တွေကိုလည်း ဆက်လက်သင်ကြားပေးသွားဖို့ရှိတယ်လို့ ဆိုပါတယ်။

ကရင်နီပြည်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ဘေးရှောင်နှစ်သိန်းနီးပါးရှိနေပြီး ဖရူဆိုမြို့နယ်မှာ လေးထောင်ကျော်ရှိတယ်လို့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ယက် ( KCSN ) က ဇူလိုင်လ ၂၂ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အဲ့ဒီအထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်အများစုဖြစ်ပြီး စစ်ဘေးဒဏ်ကြားမှာ ဒုက္ခအခက်အခဲမျိုးစုံကို ရင်ဆိုင်ကြုံတွေ့နေရတဲ့အတွက် စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး ဝေဒနာတွေ ခံစားနေကြရပါတယ်။

ဓာတ်ပုံ- ဖရူဆိုမြို့ အနောက်ဘက်ခြမ်းတစ်နေရာမှာ စိတ်လူမှုဆက်ဆံရေး ကူညီပံ့ပိုးခြင်း သင်တန်းပြုလုပ်စဉ်
spot_img
spot_img

Recent posts