spot_img
Monday, March 27, 2023
spot_img

ဖရူဆိုအနောက်ဘက်ခြမ်းစစ်ရှောင်တစ်နေရာမှာ အိမ်တွင်းအကြမ်းဖက်မှုနဲ့ ပတ်သက်တဲ့ အသိပညာပေးဖို့ လိုအပ်

spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်း စစ်ရှောင်စခန်းတစ်နေရာမှာ အိမ်တွင်းအကြမ်းဖက်မှု နဲ့ပတ်သက်တဲ့ အသိပညာ ပို့ချပေးဖို့ လိုအပ်နေတယ်လို့ အဲဒီစစ်ရှောင်စခန်းမှာ စာသင်ကြားပေးနေတဲ့ ဆရာမ တစ်ဦးက ပြောပါတယ်။

အဲဒီစစ်ရှောင်စခန်းမှာ မိသားစုစား၀တ်နေရေး မပြေလည်မှု နဲ့ အရက်သေစာ သောက်စား၊မူးယစ်ခြင်းကြောင့် အိမ်တွင်းအကြမ်းဖက်မှုတွေများနေတယ်လို့ အဲဒီစစ်ရှောင်နေရာမှာ နေတဲ့သူတွေက ဆိုပါတယ်။ ဒါ့အပြင် အိမ်ထောင်ရေး ဖောက်ပြန်သူ တချို့ကြောင့်လည်း အိမ်တွင်းအကြမ်းဖက်မှုတွေဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

” အသိပညာပေးတဲ့အစီအစဥ်ရှိမှသာ ဒီအကြမ်းဖက်မှုက ပပျောက်လိမ့်မယ်။ အသိပညာရှိတယ်ဆိုပေမယ့် သင်တန်းလာတက်နေကျလူ အဲလို အသိပညာလာတက်နေကျလူပဲ ပေးလို့လည်းမရပြန်ဘူး။ အကုန်လုံးပေါ့နော။ ဒီစစ်ရှောင်တွေရောဒေသခံတွေရော နောက်ပြီးတော့ သင်တန်းမတက်ဖူးတဲ့ လူတွေကို ရအောင်ဆွဲထည့် ခေါ်ထည့်မှပဲ ဒီအကြမ်းဖက်မှုက ပျောက်မယ်လို့ ကျမမြင်တယ်လေ” လို့ ဒေါ်သန်းသန်းဌေးကပြောပါတယ်။

အိမ်တွင်းအကြမ်းဖက်မှုမှာ အမျိုးသမီးတွေသာ ထိခိုက်နစ်နာနေကြရပြီး ကျေးရွာရှိတာ၀န်ရှိသူတွေက ဖြေရှင်းပေးပေမယ့် မထူးခြားလာဘူးလို့ လည်းဆိုပါတယ်။

အကြမ်းဖက်ခံရသူ အမျိုးသမီး အများစုဟာ မိမိတို့အကြမ်းဖက်ခံရကြောင်းကို ရင်ဖွင့်ဖို့ ရှက်နေတတ်ကြတဲ့အတွက် ကြိတ်မှိတ်ပြီး ခံနေတတ်ကြတယ်လို့လည်း ဆရာမက ဆိုပါတယ်။

အဲဒီစစ်ရှောင်နေရာမှာဆိုရင် အိမ်တွင်းအကြမ်းဖက်မှုကို ဖြေရှင်းပေးတဲ့ အဖွဲ့အစည်း မရှိသေးဘူးလို့သိရပါတယ်။

အကြမ်းဖက်ခံရသူတွေက တိုင်ကြားချက်လုပ်လိုပေမယ့် ရန်ငြိုးဖွဲ့ပြီး နောင်တစ်ချိန်မှာ ပြန်လည်တိုက်ခိုက်လာမှာကိုလည်း စိုးရိမ်ကြတဲ့အတွက် တိုင်ကြားမှု မလုပ်ရဲကြဘူးလို့ သိရပါတယ်။

” ရန်ငြိုးတအားကြီးလို့။ ရန်ငြိုးတစ်အားကြီးလို့ဆိုတာထက် သူ့ကိုပြုပြင်ချင်သေးတယ်ပေါ့နော။ ပြုပြင်ချင်တဲ့စိတ်ကတော့ တကယ် အခုထိမပျောက်သေးဘူးပေါ့။ သူက လူငယ်လူလတ်ပိုင်းပဲရှိသေးတာမို့လို့ ” လို့ အိမ်တွင်းအကြမ်းဖက်ခံရတဲ့ အမျိုးသမီးတစ်ဦးကပြောပါတယ်။

တစ်ဆက်တည်းမှာပဲ အကြမ်းဖက်ခံရသူ အမျိုးသမီးတွေဟာ စိတ်ပိုင်းဆိုင်ရာကုစားမှုပြုလုပ်ပေးဖို့ လည်း လိုအပ်နေတယ်လို့ မသန်းသန်းဌေးကပြောပါတယ်။ အကြမ်းဖက်ခံရတဲ့ နစ်နာသူတွေဟာ အိမ်တွင်း အကြမ်းဖက်မှုဆိုင်ရာ အသိပညာပေး သင်တန်းတွေကိုလည်း တောင်းဆိုလာတာရှိပါတယ်။

ကရင်နီပြည်အခြေစိုက် ကရင်နီအမျိုးသမီးအစည်းအရုံး (KNOW)အနေနဲ့ စစ်ရှောင်အမျိုးသမီးတွေကို ကူညီထောက်ပံ့တာ၊ အသိပညာပေးတာတွေကို လုပ်ဆောင်တာရှိပေမယ့် တပြည်နယ်လုံးကို လွမ်းခြုံပြီး မလုပ်ဆောင်နိုင်သေးတဲ့ အနေအထားမှာရှိနေတယ်လို့ အတွင်းရေးမှူး(၂) ဖြစ်တဲ့ မော်ဖရေမြာက ကန္တာရဝတီတိုင်းကို ဖြေကြားခဲ့ဖူးပါတယ်။

“တကယ့် စိတ်ပိုင်းဆိုင်ရာ ပြန်လည်ကုစားမှု ပြုလုပ်နိုင်ဖို့အတွက် ပြန်လည်ထူထောင်နိုင်ဖို့အတွက် ဆိုလို့ရှိရင်တော့ တော်တော်လေးနဲ့ လုပ်ဖို့အရေးကြီးတယ်။ အခုတော့ ခုနကလိုမျိုး အမျိုးသမီးအဖွဲ့အစည်းတွေက လိုက်ပြီးတော့ လက်ရှိဖြေရှင်းနေရတဲ့ အနေအထားမျိုးဘဲ ရှိတယ်ပေါ့နော။ ဆိုတော့ စီမံကိန်းလိုမျိုး တကယ့်အစိုးရတစ်ရပ် လုပ်ဆောင်ချက်လိုမျိုး စနစ်တကျရေးဆွဲပြီးတော့မှ ဘယ်လိုပြန်ပြီးတော့မှ ထိရောက်တဲ့ ကုစားမှုပေါ့နော လုပ်သင့်လဲ ခုနကပြောသလိုမျိုး ပြန်လည်ထူထောင်မှုထိအပိုင်းဆိုရင် ဒါ တော်တော်လေးလေးအစကနေ ပြန်လည် စရလိမ့်မယ်။ ” လို့ (KNWO) အတွင်းရေးမှူး (၂) မော်ဖရေမြာက ပြောပါတယ်။

အကြမ်းဖက်မှုမှာ ကျူးလွန်သူတွေက ထိခိုက်နစ်နာသူတွေကို နှုတ်ဖြင့် မခံမရပ်နိုင်အောင်ပြောတာ၊ တစ်နည်းနည်းနဲ့ ခံစားပြီးစိတ်ဆင်းရဲစေတဲ့ခြိမ်းခြောက်မှုပြုတာ ၊ လက်ဖြင့်ကိုယ်ထိလက်ရောက် ရိုက်နှက်တာ၊ လက်နက်ကိုင်ခြိမ်းခြောက်တာ စတဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပုံစံတွေ ကို ပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။

ဖရူဆိုမြို့နယ်မှာတော့ ကေကောအုပ်စုနဲ့ ရော်ဒေါ်ခေါအုပ်စု မှာ အိမ်တွင်းအကြမ်းဖက်မှုတွေ အဖြစ်များနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို စစ်ကောင်စီတပ်မှ လက်နက်ကြီးတွေ အမြောက်အများ ပစ်ခတ်နေ

ကန္တာရဝတီ တိုင်း(မ်) ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို ဒီးမော့ဆို အခြေစိုက် ခလရ ၁၀၂ တပ်မှ (၁)မိနစ် (၁) လုံးနုန်းနဲ့ လက်နက်ကြီးတွေ အမြောက်အများ ပစ်ခတ်နေတယ်လို့ သိရပါတယ်။ ယနေ့ ( မတ်လ ၂၆ ) ရက်နေ့ မနက် ၉ နာရီလောက်ကစပြီး...

စစ်ရှောင်ပြည်သူတွေကို ရိက္ခာဝေမယ်လို့ပြောဆိုပြီး ဓါတ်ပုံရိုက်ပြီးနောက် ဝေထားတဲ့ရိက္ခာတွေကို ပြန်သိမ်းယူသွား

ကန္တာရဝတီတိုင်း(မ်) လွိုင်ကော်မြို့ နမ့်ဘော်ဝမ် ရပ်ကွက်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူတွေကို စစ်ကောင်စီ က ရိက္ခာဝေပေးမယ်လို့ပြောဆိုကာ ဒီကနေ့ (မတ်လ ၂၅ ရက်နေ့ ) မှာ စုရုံးခေါ်ဆောင်ပြီး ဓါတ်ပုံမှတ်တမ်းရယူခဲ့ပေမဲ့ ဝေငှထားတဲ့ ရိက္ခာထုပ်တွေကို ပြန်လည်တောင်းယူခဲ့တယ်လို့ စစ်ရှောင်တွေဆီကနေ သိရပါတယ်။ နမ့်ဘော်ဝမ်ရပ်ကွက်အတွင်းမှာ ရှိတဲ့ဘုရားကျောင်းမှာ စစ်ဘေးရှောင်တွေကို ခေါ်ယူစုရုံးပြီး ကုလားပဲထုပ်...

ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ လက်နက်ကြီးကျပြီး ဒေသခံထိခိုက်မှုရှိခဲ့၊ ဖရဲသီးစိုက်ခင်းလည်းပျက်စီး

ကန္တာရဝတီတိုင်း( မ် ) ယမန်နေ့ မတ်လ ၂၄ရက်နေ့ မနက် ၁၀နာရီကျော်အချိန်မှာ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံတချို့ ထိခိုက်ခဲ့သလို ဖရဲသီးစိုက်ခင်းလည်း ပျက်စီးခဲ့တယ်လို့ ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။ "အိမ်ကတော့ လူနေအိမ်ပဲ မိန်းက‌လေးထိတယ်ပြောတယ်။ မိန်းကလေးနှစ်ယောက်။ ဒီကျတာက ဖရဲသီးခြံစိုက်ခင်းထဲမှာက...

ဒီမော့ဆို အရှေ့ဘက်ခြမ်းမှ ဆွေမျိုးများထံ ယာယီ ပြောင်းရွေ့လာတဲ့ စစ်ရှောင်ကလေးအချို့ ဝမ်းပျက်ဝမ်းလျောဖြစ်နေ

CJ (ကန္တာရဝတီတိုင်း(မ်)) ကရင်နီပြည် ဒီမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ မတ်လ ၁၀ ရက်နေ့ ကတည်းက ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် အနောက်ဘက်ခြမ်းက ဆွေမျိုးတွေဆီကို ယာယီ ပြောင်းရွေ့လာတဲ့ စစ်ရှောင်တွေအထဲက ကလေးတွေဟာ ဝမ်းပျက်ဝမ်းလျောဖြစ်နေတယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။ "အကြောင်းရင်းက ဘာလဲ မသိဘူး၊ ရေရှားတဲ့ နေရာလဲ မဟုတ်ဘူး၊...