spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဖရူဆိုအနောက်ဘက်ခြမ်းမှာ စစ်ကောင်စီက ၃ ရက်ဆက်တိုက် လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်နေ၊ ဒေသခံများတိမ်းရှောင်နေရပြီး ဖျားနာနေကြ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

တိုက်ပွဲဖြစ်ပွားခြင်း မရှိတဲ့ ဖရူဆိုအနောက်ဘက်ခြမ်းကို စစ်ကောင်စီတပ်က ၃ ရက်ဆက်တိုက် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ဒီကနေ့ ဇွန်လ (၂၄) ရက်နေ့ မနက် ၄ နာရီခွဲအချိန်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ကျေးရွာတစ်ရွာကို စစ်ကောင်စီက လေယာဉ်နဲ့ ၃ ကြိမ် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရှိရပါတယ်။

“ဒီမနက် ၄နာရီ ၃၈မိနစ်လောက်မှာ လာကြဲသွားတယ် ဖရူဆိုအနောက်ဘက်ခြမ်းမှာပဲ တစ်ရွာကို လာကြဲသွားတယ်။ ၃ လုံး ကြဲတယ် ရွာပြင်မှာတစ်လုံးကျတယ် လူထိခိုက်မှုတော့မရှိဘူး ဒါပေမယ့် အိမ်ရဲ့မီးဖိုတော့ ပျက်စီးသွားတယ်ပေါ့။” လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းကို ဇွန်လ ၂၂ ရက်နေ့ မနက် ၁၂ နာရီခွဲ ဝန်းကျင်မှာ တစ်ကြိမ်၊ ၂၃ ရက်နေ့ မနက် ၄ နာရီခွဲမှာ တစ်ကြိမ်နဲ့ ဒီကနေ့မနက် ဇွန်လ ၂၄ ရက်နေ့ မနက်လေးနာရီခွဲမှာ တစ်ကြိမ် ၃ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ စစ်ကောင်စီက အိပ်စက်ချိန်တွေမှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်နေတဲ့အတွက် ဒေသခံတွေဟာ ရွာထဲမှာ မနေရဲတော့ဘဲ တောတောင်ထဲမှာ တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

ကျေးရွာတွေထဲကို စစ်ကောင်စီက လေယာဉ်နဲ့ တစ်ရက်တစ်ခါ ဗုံးကြဲနေတာကြောင့် အနောက်ဘက်ခြမ်းမှာ နေထိုင်တဲ့ စစ်ဘေးရှောင်တွေအပြင် ဒေသခံတွေက စိုးရိမ်ထိတ်လန့်နေကြရပါတယ်။ လက်ရှိမှာ တောတောင်ထဲ တိမ်းရှောင်နေရပြီး မိုးရွာသွန်းတာကြောင့် ဖျားနာတဲ့သူတွေရှိတယ်လို့ သိရပါတယ်။

“သူတို့ တောင်ယာတွေမှာ သွားအိပ်ကြတယ်။ သူတို့အရမ်းစိုးရိမ်နေတယ် ဘယ်ချိန် ဘယ်ရွာအလှည့်ကျမလဲဆိုတဲ့ဟာပေါ့နော ပြီးလို့ရှိရင် ဘယ်နေရာမှာနေနေ မလုံခြုံဘူးပေါ့။ အဲ့တော့ ပြေးစရာနေရာလည်းမရှိတော့ဘူး အဲ့လိုပေါ့နော စိုးရိမ်နေရတယ်။ တချို့ဆို သက်ကြီးရွယ်အိုရှိတယ် မသန်စွမ်းရှိတယ် ကလေးငယ်တွေ မိခင်တွေ ကိုယ်ဝန်ဆောင်တွေ အ့လိုမျိုးတွေရှိကြတယ်။ ဘယ်သွားလို့သွားရမလဲမသိဘူးပေါ့နော။ တောတောင်ထဲမှာပဲသွားနေကြတယ်ပေါ့ မိုးလည်းအရမ်းရွာနေတော့ ကျန်းမာရေးထိခိုက်တာ ဖျားနာတာတော့ အများကြီးရှိတယ်။” လို့ အဆိုပါ ဒေသခံအမျိုးသမီးတစ်ဦးက ဆက်ပြောပါတယ်။

ဇွန်လ ၂၂ ရက်နေ့ မနက်ကစပြီး ဇွန်လ ၂၄ ရက်နေ့အထိ အကြောင်းမဲ့ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာ ဒေသခံအမျိုးသားတစ်ဦးသေဆုံးခဲ့ရပြီး စာသင်ကျောင်းဆောင်နဲ့ နေအိမ် ၁၀လုံးထက်မနည်း ပျက်စီးခဲ့သလို တိရိစ္ဆာန်သေဆုံးမှုလည်း ရှိနေပါတယ်။

စစ်ကောင်စီလေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တဲ့ကျေးရွာတွေဟာ ရွာငယ်လေးတွေဖြစ်ပြီး ၊ ဒေသခံတွေနဲ့ စစ်ရှောင်တွေ နေထိုင်ကြတဲ့ကျေးရွာတွေသာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

spot_img
spot_img

Recent posts