spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းဒေသသို့ သွားရန်လမ်းများမြေပြို

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ယခုမိုးရာသီကာလအတွင်း ကယားပြည်နယ် ဖရူဆိုမြို့နယ်၏ အနောက်ဘက်ခြမ်းဒေသသို့ ခရီးသွားလိုပါက လမ်းများမြေပြိုနေသည့်အတွက် ရှမ်းနှင့် ကရင်ပြည်နယ် နယ်စပ်ဘက်မှ ပတ်သွားနေကြရသည်ဟု သိရသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပုံမှန်ခရီးသွားလာနေကြ ဖရူဆိုမြို့မှ ဟိုယာ-ကေကောကားလမ်းများ မြေပြိုကျနေသည့်အပိုင်းများရှိနေသည်ဟု ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းသို့ ဖွံ့ဖြိုးရေးလုပ်ငန်းကိစ္စများဖြင့် သွားရောက်လုပ်ကိုင်နေသည့် လူထုဗဟိုပြုအဖွဲ့မှ ဦးဟိန်းမင်းလတ်က ပြောပါသည်။

ဩဂုတ်လ ပထမအတွင်း ယာဒို-ရော်ဒေါ်ခေါ-ကေကောလမ်းမ တစ်နေရာတွင် မြေပြိုမှုဖြစ်ပွားခဲ့စဉ်။ ဓါတ်ပုံ – ဆရာမရှားမိုး (Facebook)

̏ ထူးချောင်းတောက်လျှောက်ပြိုတယ်။ ဟိုယာမရောက်ခင်လည်းပြိုတယ်။ တော်တော်ဝေးတယ်။ ဟိုဘက်သွားရတော့ လမ်းခရီး ၂ ဆလောက်ဖြစ်သွားတယ်။ ဘွယ်ဒိုးတာ ဗွက်လမ်

းတွေဖြစ်ကုန်တာ။ လမ်းဆို တစ်ပေလောက်မြုပ်တာလေး˝ဟု ဝန်ထမ်းတစ်ဦးဖြစ်သူ ဦးဟိန်းမင်းလတ်က ပြောသည်။

ယခုကဲ့သို့မြေများပြိုနေသည့်အတွက် ရှမ်း၊ကရင်ပြည်နယ်ဘက်ရှိ ယာဒို-ကေကောလမ်းဘက် အသုံးပြုနေရခြင်းကြောင့် လမ်းခရီးနှစ်ဆ ကြာမြှင့်သွားခြင်းဖြစ်သည်ဟု ဆိုပါသည်။ ၎င်းလမ်းသည်လည်း တချို့နေရာများတွင် မြေပြိုပြီးလမ်းပိတ်နေသည့်အတွက်၊ မြေများ၊ ဗွက်များကို ရွာသားများက ဖယ်ရှားပြီးသွားလာနေကြရသည်။

ယခင်နှစ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဖရူဆို-ဟိုယာလမ်းပိုင်း၊ ထေခိုမရောက်မီတွင် ကတ္တရာလမ်းပိုင်းပြိုကျခဲ့ကာ ဖရူဆိုမြို့နယ် မီးသတ်တပ်ဖွဲ့များ သွားရောက်ကူညီကယ်ဆယ်ရေးများ ပြုလုပ်ခဲ့ဖူးသည်။

̏ ဖြစ်နိုင်ရင် ဟိုယာဘက်ဘက်ကိုပိုသွားချင်တာပေါ့ လမ်းကြောလည်းပိုတည့်တယ်။ ကုန်လည်းရှိတယ် ရော်ဒေါ်ခေါဘက်သွားရင် ပိုဝေးတယ်။˝ ဟု ဒီးမော့ဆို-ကေကော လိုင်းကားနောက်လိုက်နေသူတစ်ဦးက ဆိုပါသည်။

ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းဖြစ်ကြသည့် ကေကောကျေးရွာအုပ်စု၊ သိုသီးဖိုကျေးရွာအုပ်စု၊ ရော်ဒေါ်ခေါကျေးရွာအုပ်စုဘက်ရှိကျေးရွာများသို့ သွားရောက်ရန် လက်ရှိမိုးတွင်း ကာလသည်လမ်းအခြေအနေအခက်အခဲများကြုံတွေ့နေကြရခြင်းဖြစ်သည်။

၎င်းဒေသဘက်သို့သွားရန် ဖရူဆို-ဟိုယာ-ခါးဘယ်-ကေကောလမ်းသည် ဟိုယာ-ကေကောလမ်းမှာ ရီခီးဘူးထိသာ ကတ္တရာလမ်းရောက်ရှိပြီး ကျန်လမ်းပိုင်းမှာ မြေသားလမ်းနှင့် ကျောက်ခင်းလမ်းသာဖြစ်သည်။ ယခုမိုးတွင်းကာလတွင် ရှမ်း၊ကရင်နယ်စပ်ကိုဖြတ်သွားရသည့် ဒီးမော့ဆို-ဆီးဘူး-ယာဒို-ကေကောလမ်းကိုသွားလာရသည်ဟုသိရသည်။

ဟိုယာ-ကေကောလမ်းသည် ကားနှင့် ၈နာရီခန့်ရှိပြီး ယာဒို-ကေကောလမ်းမှာ ၁၁နာရီခန့် ရှိသည်။

၎င်းလမ်းကို နေ့စဉ်အသုံးပြုနေသည့်သူများက ဟိုယာ-ကေကောလမ်းကို သွားလျှင်ပို၍လမ်းကြောတည့်ကြောင်းနှင့် အချိန်ပိုမြန်ကြောင်း ဟိုယာလမ်းကိုသာ အသုံးပြုလိုကြောင်း ေ

ပြာသည်။ ယာဒိုဘက်သို့ သွားရသည့်လမ်းသည် ရှမ်းပြည်နယ်၊ ကရင်ပြည်တို့ကိုဖြတ်ကာ ကယားပြည်နယ်သို့ပြန်လည် ဝင်ရောက်ရသည့်အတွက် လမ်းခရီးသည် ပို၍ကျန့်ကြာနေခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင်လည်း ယာဒို-ရော်ဒေါ်ခေါ-ကေကောလမ်းပြိုမှုကြောင့် ခရီးသွားလာသူများ အခက်အခဲမဖြစ်ရန် ရွာသူရွာသားများက လမ်းရှင်းလင်းခြင်းများကိုယ်ထူကိုယ်ထလုပ်ဆောင်ခဲ့ကြသည်။

ယခုလိုလမ်းပန်းဆက်သွယ်ရေးခက်ခဲသည့်အတွက် အဝေးမှတာဝန်ကျ ပညာရေး ကျောင်းဆရာ/မများ၊ ကျန်းမာရေးဝန်ထမ်းများ အခက်အခဲကြုံတွေ့နေကြရသည်။

spot_img
spot_img

Recent posts