ဖရူဆိုမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသဦးစီးဌာနမှူး ဒေါက်တာကောင်းမြတ် နှင့် ကန္တာရဝတီတိုင်း(မ်)မှ တွေ့ဆုံမေးမြန်းချက်

ကညားမော်

“ဆေးခန်းပြရကောင်းမှန်းမသိဘူးဆိုတော့ ဟုတ်တယ်။ ။သူတို့မသိတဲ့အတွက် မသွားတာ။ ဒီဆေးရုံဆေးခန်းကို အားကိုးရမယ်ဆိုတာ လူထုတွေက နည်းနည်း Familiar မဖြစ်သေးဘူး။”လို့ ဆိုတဲ့ ဖရူဆိုမြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသဦးစီးဌာနမှူး ဒေါက်တာကောင်းမြတ် နှင့် ကန္တာရဝတီတိုင်း(မ်)မှ တွေ့ဆုံမေးမြန်းချက်အချို့ထဲက ပြန်လည်ကောက်နုတ် ဖေါ်ပြပေးလိုက်ပါတယ်။

မေး ။ ။ ဖရူဆိုမြို့နယ် ကျန်းမာရေးဌာနရဲ့ အခုတလော လှုပ်ရှားမှုတွေကို ပြောပြပေးပါ။
ဖြေ ။ ။ ဆေးဖျန်းတယ် တစ်ခုတည်းတော့မဟုတ်ဘူး။ ဆရာတို့ ထီးတရဲရပ်ကွက်က လူနာတစ်ယောက်ကဆေးရုံလာတက်တော့ပေါ့နော။ အသက်(၃၂) အမျိုးသမီး လာတက်တော့ လက္ခဏာကသွေးလွန်တုပ်ကွေးလက္ခဏာရှိတယ်။ ဓာတ်ခွဲစစ်ဆေးလိုက်တဲ့ အဖြေကြီးကသွေးလွန်တုပ်ကွေးဖြစ်နေတယ်။ အဲ့ဒီအတွက်ကြောင်းမို့လို့ သွေးလွန်တုပ်ကွေး ကာကွယ်ရေးနှိမ်နင်းလုပ်ငန်းဆိုပြီးတော့မှ ထီးတရဲရပ်ကွယ်မှာသွားပြီးတော့ ဆောင်ရွက်တယ်ပေါ့။ 

မေး။ ။ သွေးလွန်တုပ်ကွေးလူနာဆေးရုံတက်တယ်လို့ သိရတယ်။ အဲ့ဒါရှင်းပြပေးပါ။
ဖြေ ။ ။ တစ်ယောက်တွေ့တယ်။ တစ်ယောက်တွေ့တယ်ဆိုတာက သူကအမှန်ကတော့ တကယ့် ဒီစစ်စစ်ဆေးဆေးရာဇာဝင်ယူလိုက်တော့ သူကထီးတရဲမှာနေသော်လည်း ထီးတရဲမှာကူးစက်ခဲ့တာမဟုတ်ဘူး။ လွိုင်ကော်မှာကူးစက်ခဲ့တာပေါ့နော။ အဲ့ဒီအမျိုးသမီးက လွန်ခဲ့တဲ့ တစ်ပတ်ကျော်နှစ်ပတ်က တစ်ပတ်ကျော်ကျော်လောက်ကပေါ့နော။ ဒီလွိုင်ကော်ဆေးရုံကြီးမှာ အမေနေမကောင်းလို့ လူနာစောင့်သွားလုပ်တာ။ လူနာစောင့်သွားလုပ်တော့ သွားစောင့်တော့ အဲ့မှာ ခြင်းကိုက်ခံရတယ်ပေါ့နော။ 

မေး ။ ။ မြို့နယ်အတွင်းက သေဆုံးမှုအခြေအနေကကော ဘယ်လိုရှိလဲ။ 
ဖြေ ။ ။ ၂၀၁၅ တုန်းက တစ်ယောက်အသက်ပြန်ဆုံးရှုံးရတယ်။ အကုန်လုံးပြန်နေကောင်းကြတယ်။ အခုအမျိုးသမီးတစ်ယောက်လည်းပြန်နေကောင်းသွားတယ်။ 

 

ဖရူဆိုမြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသဦးစီးဌာနမှူး ဒေါက်တာကောင်းမြတ်

မေး။ ။ လူဦးရေးအချိုးနဲ့ ဆေးရုံအနေအထားနဲ့ လုံလောက်မှုကော ရှိနေရဲ့လာ။ 
ဖြေ ။ ။ ဆေးရုံလာတက်တဲ့လူနာတွေကတော့ ဆေးရုံတစ်ခုလုံးပြောမယ်ဆိုရင် တစ်မြို့နယ်လုံးတော့ မလွမ်းခြုံနိုင်ဘူးပေါ့နော။ မြို့နယ်အနေနဲ့ကျတော်တစ်ချက်ပြောချင်ပါတယ်။ ဘာလို့လဲဆိုတော့ ဆရာတို့နှစ်ခုပေါင်းလိုက်တယ်။ ဆေးရုံရဲ့ဒယ်တာပေါ့နော။ ဒီကျေးလက်ဒေသမှာရှိတဲ့လူတွေဖြစ်နေတဲ့ ရောဂါတွင်ကိုတောင်းလိုက်တဲ့အချိန်မှာ အဖြစ်များဆုံးက ၁။ ဝမ်းပျက်ဝမ်းလျော့ ၂။ ၂၀၁၆ အချိန်က နှစ်က BIN လို့ခေါ်တဲ့ဟာ အဖြစ်များဆုံး။ ဒါပေမဲ့ ၂၀၁ရ မှာတော့ နည်းနည်းပိုဖြစ်လာတာက accident လို့ခေါ်တယ်။ မတော်တဆထိခိုက်ဒဏ်ရာက ဒုတိယပြန်လိုက်လာတယ်။ သူက ပိုတက်သွားတယ်။ ဥပမာ-အမြင့်ပေါ်ကနေလိ်မ်းကျတာ၊ သစ်ခွဲရင်နဲ့ထိမိတာတို့၊ ထော်လာဂျီထဲလက်ဝင်သွားတာတို့၊ ထော်လာဂျီမှောက်တာ ကြိတ်တာ၊ တိုက်တာ ဒါမျိုးတွေကလည်း accident လို့ခေါ်တယ် သူကတော့နည်းနည်းထောင်တက်လာတယ်ပေါ့။

မေး။ ။ ဖရူဆိုမြို့နယ်မှာ အဖြစ်များဆုံး ရောဂါက ဘာတွေလဲ။ 
ဖြေ ။ ။ ဝမ်းပျက်ဝမ်းလျောကအဖြစ်များတယ်။ ဝမ်းပျက်ဝမ်းလျှောသည် နေ့တိုင်းနေ့တိုင်း ဖရူဆိုမှာ အဖြစ်များတယ်။ ဝမ်းပျက်ဝမ်းလျှော ဘာလို့အဖြစ်များလည်းဆိုတော့ ဆရာတို့ ဟိုမှာရေးထားတယ်။ ဝမ်းပျက်ဝမ်းလျောက ဘယ်လမှာဖြစ်များလည်းဆိုတော့ ရေရှားပါးတဲ့ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီ ထောင်တက်လာတာကို မိုးကုန်ရင်။ ဆောင်းအကုန်နွေအကူး ဖေဖော်ဝါရီဆို ရေပြတ်သွားတာပေါ့နော။ မိုးကုန်ရင်လည်း ရေမပြတ်သေးဘူး။ ရေထွက်စည်းလေးတွေ ရှိနေသေးတယ်။ 

မေး ။ ။ ကျေးလက်ကလူတွေက တစ်ကိုယ်ရည် သန့်ရှင်းမှုမရှိဘူး။ မိခင်နဲ့ကလေးတွေကို ဝမ်းပျက်ဝမ်းလျှောကအစပေါ့နော အခြားရောဂါတွေ မဖြစ်အောင် သူတို့အနေနဲ့ တစ်ချို့ကျေးလက်တွေဆို ဆေးခန်းပြရမှန်း မသိဘူးပေါ့ အဲလိုအခြေအနေမှာ ဆရာ့အနေနဲ့ ဘယ်လိုအကြံပြုချင်သလဲ။
ဖြေ ။ ။ ဆေးခန်းပြရကောင်းမှန်းမသိဘူးဆိုတော့ ဟုတ်တယ်။ ။သူတို့မသိတဲ့အတွက် မသွားတာ။ ဒီဆေးရုံဆေးခန်းကို အားကိုးရမယ်ဆိုတာ လူထုတွေက နည်းနည်း Familyer မဖြစ်သေးဘူး။ ဘာလို့လဲဆိုတော့ အခုဒီ၂၀၁၃ နောက်ပိုင်းမှာ ဆရာတို့ ဆေးခန်းအသစ်တွေ ဆေးရုံဆိုလည်း အသစ်တွေ Update လုပ်ထားတယ်။နောက် ဒီ၂၀၁၅နောက်ပိုင်းမှာ ဆေးရုံ ဘတ်ဂျက်တွေ တအားကျလာတာပေါ့။ကျလာတဲ့အပိုင်းမှာ ဒီအသစ်တွေအသစ်တွေ လုပ်ပေးတယ်။ ဆိုတော့ အဲမှာ ကျန်းမာရေး ဟောပြောပွဲလုပ်ပီးတော့ ယင်လုံအိမ်သာသုံးစွဲရေးတွေ တစ်ကိုယ်ရေ သန့်ရှင်းရေးတွေ လက်ဆေးနည်းတွေ ဓတ်ဆားဖျော်နည်းတွေ အကုန်လုံးပြောခဲ့ပီးတော့ ပြန်လာတယ်ပေါ့နော။ ဆပ်ပြာတွေ ဝေခဲ့တာပေါ့နော။ ဆပ်ပြာမှုန့်လည်း ဝေတယ်။ ဆပ်ပြာခဲလည်း ဝေခဲ့တာပေါ့ အဲဒါမျိုးတွေ ဝေခဲ့တာပေါ့။ 

မေး။ ။ အခု သိတဲ့အချက်ကတော့နော ဒီဖရူဆိုမြို့နယ်က သေဆုံးတာဟာ ကယားပြည်နယ်မှာ အမြင့်ဆုံးပဲလာ။ 
ဖြေ ။ ။ ကယားပြည်နယ်မှာ အမြင့်ဆုံးမဟုတ်ဘူးပေါ့။အရင်နှစ် ၂၀၁၅ မှာတော့ ဟုတ်တယ် ၂၀၁၆ မှာတော့ အမြင့်ဆုံးမဟုတ်တော့ဘူး။ ၂၀၁၆ မှာတော့ တော်တော်လေးတခြားဟာက ကျော်တက်သွားတယ် မပြောတော့ပါဘူး တခြားဘယ်သူကျော်တက်သွားသလဲဆိုတာ။ ဖရူဆိုကတော့ အမြင့်ဆုံးတော့မဟုတ်ဘူး များတာတော့များတယ် ကယားပြည်နယ်အနေနဲ့လည်း များတယ်၊ ဖရူဆိုအနေနဲ့လည်း များတယ်။များတယ်လို့ပဲ ပြောရမှာပေါ့။

မေး။ ။ ဖရူဆိုဆေးရုံက ဘယ်လိုအခြေအနေထိ ကုသမှုပေးနိုင်မလဲပေါ့။
ဖြေ။ ။ ခွဲစိတ်ကုသတယ်ဆိုတာ မြို့နယ်ဆေးရုံတော်တော်များများ အခု(၇) မြို့နယ်ရှိတယ်ဆိုတော့ (၇) မြို့နယ်ကတော့ ခွဲစိတ်ကုသနိုင်မယ် မြို့နယ်(၇)မြို့နယ်နဲ့ လွိုင်ကော်ဆေးရုံကြီးတွေဆိုတော့ ကုသနိုင်တယ်။ 

မေး။ ။ငါးနှစ်အောက်ကလေး သေနှုန်းကော ဘယ်လိုရှိလဲ။ 
ဖြေ။ ။ ဒါက ဒီလိုရှိတယ်။ ဆရာတို့ဒီဘက်မှာက ၂၀၁၄၊ ၂၀၁၅၊ ၂၀၁၆ တုန်းကများတယ်။ များတဲ့အပိုင်းမှာ လူတစ်ထောင်ကို ကလေးအရှင်တစ်ထောင်မွေးတိုင်း မွေးကင်းစကလေးတွေက တစ်နှစ်မပြည့်ခင်မှာ ၃၄.၇၉ ကသေသွားတယ်။ နောက်ပြီးဒါက ကလေးအရှင်တစ်ထောင်မွေးတိုင်း ၂၀၁၆ မှာ ၅ နှစ်မပြည့်ခင် ကလေး ၄၃ ယောက်သေသွားတယ်။မိခင်သေနှုန်းက အရင်၂၀၁၆ ခုနှစ်မှာ သေတာတစ်ယောက်မှ မရှိခဲ့ဘူး ၂၀၁၅မှာက တစ်ယောက်သေတယ်။ ၂၀၁ရ အရင်လက တစ်ယောက်သေတယ်။ ထီးသဲကူးရွာက ၃ မွှာပူး ကလေးလေး အဲအမေဆုံးသွားတယ်။ ၂၀၁ရ မှာ တစ်ယောက်ရှိသွားတယ်။ ဒါကတော့ အဲဒီမှာကိုယ်ဝန်အဆိပ်တက်ပြီး ဆုံးတာ။

မေး ။ ။ ခုနကလည်း ဆရာပြောသွားတယ်ပေါ့ ဆရာတို့ ကျေးလက်တွေမှာ သွားရောက်ပီးတော့ ကုသမှုလုပ်နေတဲ့အချိန် လမ်းပန်းဆက်သွယ်ရေးက ခက်ခဲနေသေးတယ်လေ ဆိုတော့ ဒီအပေါ်မှာ လမ်းပန်းဆက်သွယ်ရေးက ဘယ်သူ့အပေါ်မှာ တာဝန်ရှိသလဲဆိုတာ ဆရာ့အနေနဲ့ ဘယ်လိုမျိုး သုံးသပ်ပြောဆိုချင်ပါသလဲ။
ဖြေ ။ ။ အဓိကတော့ ဒီဖရူဆိုမြို့က လမ်းပန်းဆက်သွယ်ရေးခက်ခဲတာက တောင်တွေထူထပ်နေတာလည်း သူ့ရဲ့ လမ်းပန်းဆက်သွယ်ရေးထက် သဘာဝတရားက ခက်ခဲမှုတစ်ရပ်ဖြစ်နေတယ်။ သဘာဝတရားက ပြင်လို့မရဘူးပေါ့။ သဘာဝတရားက ပြင်လို့မရတော့ နည်းပညာနဲ့ပြင်လို့ရလားဆိုတော့ ရတယ်။ တောင်စောင်းတွေကို ဖြတ်ပီးသွားနေရတာ တော်တော် အန္တရာယ်များတယ်။လမ်းကကျဉ်းပါတယ်ဆိုမှ ကားတစ်ကားက အလယ်မှာ လာကြပ်နေရော ခက်တာပေါ့နော။ ဆရာ/မတွေ အကုန်ဆင်း၊ ဆရာတို့ကားကလည်း ချောက်ကမ်းဘေးကနေသွားလိုက်ရတယ်ပေါ့။ အပြန်လည်း အဲလိုပဲ။ ဆရာ/မတွေဆို လစဉ်တစ်ခေါက် ခဏခဏသွားရတယ်ပေါ့ အဲလိုအခက်အခဲကြားထဲမှာ။ဘယ်သူ့မှာ တာဝန်ရှိလဲလို့မေးတော့ ဆရာမဖြေချင်ဘူး။ ဘာလို့လဲဆိုတော့ အကုန်လုံးမှာ တာဝန်ရှိတယ်လို့ပဲ ပြောရမှာပေါ့။ 

မေး။ ။ ကျန်းမာရေးနဲ့ ပတ်သက်လို့ တခြားအဖွဲ့နဲ့ ပူးပေါင်းလုပ်ဆောင်တာတွေ ရှိနေလား။ 
ဖြေ။ ။ ဆရာတို့ ကျန်းမာရေးနဲ့ ပူးပေါင်းလုပ်နေတာ တစ်ခုရှိတယ် CHDN။CHDN အဖွဲ့က တအားခက်ခဲတဲ့နေရာတွေ သွားပေးတယ်။လွှမ်းခြုံမှုအနေနဲ့ပြောမယ်ဆိုရင် ၁၀ဝ လို့ပြောလို့ရတယ်ပေါ့။ ဆရာဝန်တွေ သွားလိုက်တာနဲ့ အမျိုးသမီးကျန်းမာရေးဆရာမ သွားတာ မတူဘူး။ အဲလိုပဲ ဆရာတို့ကျန်းမာရေးဝန်ထမ်းသွားတာနဲ့ ကျန်းမာရေးဝန်ထမ်းမဟုတ်တဲ့သူ သွားတာမတူဘူး။ ဒါမဲ့ Quality ကွာပုံနဲ့ လွှမ်းခြုံမှုတော့ ပေးနိုင်တာပေါ့။

မေး။ ။ Quality ကဘယ်လောက်ရာခိုင်နှုန်းလောက် ရမယ်လို့ ခန့်မှန်းထားတာလဲ။
ဖြေ။ ။ အဲဒါတော့ ရာခိုင်နှုန်းနဲ့ဆရာ ပြောလို့မရဘူးလေ။ သွားလို့ခက်ခဲတာ ဒီသိုထီးဖိုးအုပ်စု တစ်ခုပဲရှိတာ။ (၈) ရွာပဲရှိတာ။ တစ်မြို့နယ်မှာ ၁၂၆ရွာလောက်ထိုးလိုက်တာ အဲ့ ၁၂၆ ရွာမှာ ၂၁ ရွာပဲ ပွင့်လင်းရာသီမှာ ဆရာတို့ ထိုးလိုက်တာ အဲ၂၁ ရွာလေးပဲ ဆယ့်နှစ်ရာသီကို မရောက်နိုင်တော့ဘူးပေါ့။ ကျန်တဲ့ ရွာတွေကတော့ ဆယ့်နှစ်ရာသီရောက်တယ်ပေါ့။ အဲလိုရွာနဲ့ပဲ ပြောလို့ရမှာ။ ရာခိုင်နှုန်းနဲ့က လူဦးရေပါ ထည့်တွက်ရတော့ ဆရာတို့စဉ်းစားရခက်တယ်။

 

Comments

comments

Next Post

ဖရူဆိုမြို့နယ်အတွင်း သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေး အစီအစဉ်ပြုလုပ်

Wed Jul 19 , 2017
ဦးမြာ ဖရူဆိုမြို့နယ်အတွင်း သွေလွန်တုပ်ကွေး ရောဂါတိုက်ဖျက်ရေးအတွက် မြို့နယ်ကျန်းမာရေးဦးစီးဌာမှ ဦးဆောင်ပြီး လူနေရပ်ကွက်နှင့် စာသင်ကျောင်းများတွင် ခြင်ကာကွယ်ဆေးဖြန်းခြင်းများကို လိုက်လံ ဆောင်ရွက်နေကြောင်း သိရသည်။ ဖရူဆိုမြို့နယ်တွင် ယခုနှစ် မိုးဦးကာလအတွင်း လူတစ်ဦး၌ သွေးလွန်တုပ်ကွေးလက္ခဏာတွေ့ရှိရပြီးနောက် ကြိုတင်ကာကွယ်ရေးအစီအစဉ်များကို ပြုလုပ်နေခြင်းဖြစ်ကြောင်း ဖရူဆိုမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာကောင်းမြတ်က ပြောသည်။ “ဆရာတို့ ထီးတရဲရပ်ကွက်က လူနာတစ်ယောက်ကဆေးရုံလာတက်တော့ပေါ့နော။ အသက် ၃၂ အမျိုးသမီး လာတက်တော့ လက္ခဏာကသွေးလွန်တုပ်ကွေးလက္ခဏာရှိတယ်။ ဓာတ်ခွဲစစ်ဆေးလိုက်တဲ့ အဖြေကြီးကသွေးလွန်တုပ်ကွေးဖြစ်နေတယ်။ အဲ့ဒီအတွက်ကြောင်းမို့လို့ သွေးလွန်တုပ်ကွေး ကာကွယ်ရေးနှိမ်နင်းလုပ်ငန်းဆိုပြီးတော့မှ ထီးတရဲရပ်ကွယ်မှာသွားပြီးတော့ ဆောင်ရွက်တယ်ပေါ့။”ဟု ဒေါက်တာကောင်းမြတ်က ပြောသည်။ ခြင်းကာကွယ်ရေးဖြန်းဆေးများကို ဖရူဆိုမြို့ပေါ်ရပ်ကွက်များတွင် အဓိကထား လုပ်ဆောင်နေပြီး ကျောင်းသူ/သားများ ရောဂါကူးစက်ခံရမှု မရှိစေရေးအတွက် စာသင်ခန်းကျောင်းများတွင်လည်း ခြင်ဆေးဖြန်းခြင်းအစီအစဉ်များကို […]