spot_imgspot_imgspot_imgspot_img
Saturday, May 24, 2025
spot_imgspot_imgspot_imgspot_img

ဖရူဆို အရှေ့ဘက်ခြမ်း စစ်ရှောင်စခန်းတွေမှာ ကိုဗစ်နဲ့ ဆင်တူတဲ့ တုပ်ကွေးတွေအဖြစ်များ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းက စစ်ရှောင်စခန်းတွေ နဲ့ ကျေးရွာ တွေမှာ ကိုဗစ်ရောဂါ လက္ခဏာနဲ့ ဆင်တူတဲ့ ရာသီတုပ်ကွေးတွေ ဖြစ်ပွားနေကြတယ်လို့ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူတွေက ပြောပါတယ်။

“ကိုဗစ် လက္ခဏာနဲ့ တော်တော်ဆင်တာပေါ့နော်။ တချို့ သက်ကြီးရွယ်အို တွေ အောက်စီဂျင်ကျတဲ့ လက္ခဏာ
တွေလည်း ကျနော်တွေ့ရတယ်ပေါ့နော်။ ကျနော်ထင်တာတော ကိုဗစ် ပဲ ပြန်ပွားနေသလားပေါ့။ စစ်ကြည့်တော့လည်း မပေါ်ဘူး” လို့ အဆိုပါဒေသမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူ တစ်ဦးကပြောပါတယ်။

အဆိုပါတုပ်ကွေးရောဂါဟာ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းက ရွာတိုင်းနီးပါးလိုလိုမှာ ဖြစ်ပွားနေပြီး ကလးငယ်တွေမှာ အများဆုံး တွေ့ရတယ်လို့ ဆိုပါတယ်။

“အခုကတော့ ရွာတိုင်းနီးပါးလို ဖြစ်နေတာပေါ့။ အဓိကတော့ ကလေးငယ်တွေ အဖြစ်များတယ်။ လူကြီးပိုင်းတွေလည်း ဖြစ်ကြတယ်။ ကျနော်ထင်သလောက်တော့ ကိုဗစ် ပြန်ပြန့်နေတဲ့ ပုံစံမျိုး။ ကူးစက်နှုန်းကလည်း တအားမြန်တယ်ပေါ့။ ကျောင်းတွေမှာဆို ကလေးတွေက အုပ်စုလိုက်ကို ဖျားနေကြတယ်။ ချောင်းဆိုး၊နှာစေးတွေ ဖြစ်ကြတယ်ပေါ့နော်”လို့ ကျန်းမာရေး ကူညီစောင့်ရှောက်ပေးနေသူ တစ်ဦးက ပြောပြပါတယ်။

အဆိုပါဒေသမှာ စာသင်ကျောင်းတွေဖွင့်လှစ်ထားပြီး ကလေးတွေက တစုတစည်းတည်း စာသင်ကြရတာဖြစ်လို့ ကူးစက်နှုန်းမြန်နေတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ စာသင်ကျောင်းပေါင်း ၁၀ ကျော် ရှိပြီး လတ်တလောမှာတော့ စစ်ကောင်စီ တပ်တွေနဲ့ တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် စာသင်ကျောင်း တစ်ဝက်ကျော်လောက်ကို ပိတ်ထားရတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts