spot_imgspot_imgspot_imgspot_img
Thursday, January 16, 2025
spot_imgspot_imgspot_imgspot_img

ဖါးဆောင်းမြို့သစ်စီမံကိန်း ပွင့်လင်းမြင်သာမှုရှိရန် ဒေသခံများ အလိုရှိ

Author

Date

Category

ဖဲဘူး

ဖားဆောင်းမြို့သစ် စီမံကိန်းအတွက် လျာထားသော မြေနေရာများအနက် ဒေသခံများကို အချိုးကျ ပြန်ပေးမည့် မြေဧရိယာကို အစိုးရဘက်မှ တိကျသည့် အာမခံချက်ပေးရန် ဒေသခံများက လိုလားနေကြသည်။

ကယားပြည်နယ် ဖားဆောင်းမြို့၏ မြို့ပြစီမံကိန်းအတွက် ဒေသခံများ၏ စိုက်ပျိုးယာမြေ ၁၀၃၉ ဧကကို စီမံကိန်းဖေါ်ဆောင်ရန် အစိုးရဘက်မှ လျာထားနေခြင်း ဖြစ်သည်။

မြေနေရာများကို စီမံကိန်းအတွက် အကောင်အထည်ဖော်လိုက်မည်ဆိုပါက ဒေသခံအတွက် ပြန်လည်ရှိနိုင်မည့် မြေဧကအတွက် တိကျသည့် အာမခံချက်အား အစိုးရမှ တာဝန်ယူပေးရန် ဒေသခံများက ဆန္ဒရှိနေကြခြင်းလည်း ဖြစ်သည်။

ဖားဆောင်းမြို့မြောက်ပိုင်းရပ်ကွက်မှ ဒေါ်နန်းမြအေးက “အနည်းဆုံးတော့ ၃ ပုံ ၂ ပုံလောက် ပြန်ပေးစေချင်တယ်။ တစ်ပုံကတော့ သူတို့သိမ်းသွားပါ။ ဒါပေမယ့် ကျမတို့ကို လျော်ကြေး တစ်ပြားတစ်ချပ်မှ ပေးမှာမဟုတ်ဘူး။ သူတို့ လျော်ကြေးမပေးဘူး ပြောထားတယ်လေ။ အဲဒါကျမမေးပြီးပြီ။ နစ်နာကြေး လျော်ကြေးတွေကောရလားလို့။ နစ်နာကြေး လျော်ကြေးတော့ မပေးဘူးတဲ့။ အဲဒါ ကျမတို့ကလည်း ၃ ပုံ ၂ပုံကို ပိုင်ရှင်တွေကို ပြန်ပေး ဒီတောင်သူတွေကို ပြန်ပေး။ ကျန်တာတွေကိုတော့ သူတို့သိမ်းမလား ရတယ်။ အဲဒါဆို ကျမတို့ လက်ခံတယ်။ သူတို့အကုန်လုံးသိမ်းမယ်။ တစ်ကွက်ပဲ ပြန်ပေးမယ်ဆိုရင်တော့ ကျမတို့ လုံးဝ လက်မခံနိုင်ဘူး”ဟု ဒေါ်နန်းမြအေးက ပြောသည်။

မြို့ပြစီမံကိန်းနှင့် ပတ်သက်၍ ဌာနဆိုင်ရာများက ပြီးခဲ့သော ဇူလှိုင်လ ၂၂ ရက်နေ့တွင် ဒေသခံများနှင့် တွေ့ဆုံခဲ့သည်။ မြို့ပြစီမံကိန်းအကြောင်း ရှင်းလင်းချပြခဲ့သော်လည်း အစိုးရဌာနဆိုင်ရာဘက်မှ ဒေသခံများ ပြန်ရမည့် မြေဧက ရာခိုင်နှုန်းကို အတိအကျ ပြောဆိုခဲ့ခြင်း မရှိကြောင်း သိရသည်။

ကျော်ပဲညိုကျေးရွာမှ ဦးစောလှသိန်းက “ခွဲဝေမယ်ဆိုတော့ တစ်အိမ်ထောင်ကို အိမ်ထောင်ဦးစီးပဲ ပေးမှာလား။ ဒါမှမဟုတ် သူ့မိသားစုအလိုက် ပေးမလားဆိုတာကို ကျနော်တို့ ပွင့်ပွင့်လင်းလင်းတော့ သိချင်တာပေါ့ဗျာ။ တစ်အိမ်ထောင်ကို ဥပမာ မြေကွက်စိပ်၊ ကွက်ကျဲဆိုတာရှိတယ်။ ကွက်စိပ်မှာဆိုရင် ပေ ၆၀×၈ဝ ပဲပေးမယ်။ ကွက်ကျဲ အကျယ်ကြီးရှိတဲ့လူကျတော့ စက်မှုဇုန်တွင်းက ပေ ၁၀ဝ ပတ်လည်ပေါ့။ ပေ ၁၀ဝ ပတ်လည်ဆိုတာက ဒါတောင်မှ ကျနော်တို့ ပိုင်ဆိုင်မှုကို ပြမှ ကျနော်တို့ရမှာကိုး။ အခုအစိုးရဌာနဆိုင်ရာ ဘက်ကတော့ လက်ရှိ မြို့ပြစီမံကိန်းအတွက် မြေယာစရင်းနဲ့ အဲဒီမြေမှာ လုပ်ကိုင်နေတဲ့ တောင်သူတွေစရင်းကို ပြုစုဆဲအနေအထားဖြစ်တဲ့အတွက် တောင်သူတွေကို ပြန်ပေးဖို့ ပမာဏ အတိအကျမပြောနိုင်သေးဘူး”ဟု ၎င်းက ပြောသည်။

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ကယားပြည်နယ်အတွင်းရှိ မြို့၈ မြို့အတွက် မြို့ပြစီမံကိန်းဖေါ်ဆောင်ရန် ကျပ်သန်း ၅၀ဝ လျာထားကာ ဖားဆောင်းမြို့နယ်အတွက် ကျပ် ၆၅.၇၉၃ သန်း ထားရှိ လျာထားကြောင်း သိရသည်။

spot_img
spot_img
spot_img

Recent posts