spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဖာလာဈေးနှုန်းတွေ ယခင်နှစ်တွေနဲ့ယှဉ်ရင် ဈေးထိုးကျသွားတာကြောင့် ဖာလာစိုက်တောင်သူတွေ အခက်အခဲကြုံ

Author

Date

Category

ဖာလာဈေးနှုန်းတွေ ယခင်နှစ်တွေနဲ့ယှဉ်ရင် ဈေးထိုးကျသွားတာကြောင့် ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ် ကယန်းဒေသက ဖာလာစိုက်တောင်သူတွေ အခက်အခဲကြုံနေကြရပါတယ်။

ဒီနှစ်မှာ ရာသီဥတုအခြေအနေကြောင့် ဖာလာသီးအထွက်နှုန်းကျဆင်းသွားတယ်လို့ တောင်သူတွေက ဆိုပါတယ်။ မိုးရွာသွန်းမှုနည်းပါးတဲ့အတွက် လယ်စပါးမစိုက်ပျိုးရတာတွေ အများအပြားရှိနေပြီး ဖာလာကို မီခိုအားထားဖို့ ရည်ရွယ်ထားကြပေမဲ့ အခုလို ဈေးမကောင်းတာကြောင့် တောင်သူတွေ အခက်ကြုံနေရတာပါ။ လတ်တလော စားဝတ်နေရေးကို ဖြေရှင်းနိုင်ဖို့အတွက် ဆန်တစ်အိတ်ကို ဖာလာသီးအစိမ်းအညှာပါ သုံးပုံးအိတ်ငါးအိတ်နဲ့ လဲလှယ် စားသောက်ရသူတွေလည်း ရှိနေတယ်လို့ ပြောပါတယ်။

spot_img
spot_img

Recent posts