spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဖားဆောင်းတိုက်ပွဲအတွင်း စစ်ကောင်စီ ၁၀ ဦးထက်မနည်း သေဆုံး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဖားဆောင်းမြို့နယ် သံလွင်အရှေ့ဖက်ကမ်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို ပူးပေါင်းတပ်ဖက်က တန်ပြန်ထိုးစစ်ဆင်မှုတွေ လုပ်ဆောင်နေပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ (၂၁)ရက်နေ့မှာတော့ ဖားဆောင်း ၊ သံလွင်တံတားထိပ်က တောင်ယာခင်းတွေမှာ တပ်စွဲနေတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်(၁၀)ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီကနေ့ (ဇွန်လ ၂၄ရက်)မှာ သတင်းထုတ်ပြန်ပါတယ်။

မနက် (၉)နာရီကနေ မွန်းလွဲ(၃)နာရီအထိ တနေကုန်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီဖက် လက်နက်ကြီးပစ်ကူတာတွေရှိသလို ၊ လေကြောင်းပစ်ကူ (၄) ကြိမ် လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီဖက် ထိခိုက်ဒဏ်ရာများပြားသလို ပူးပေါင်းတပ်ဖက် (၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

တစ်ရက်တည်းမှာပဲ တိုက်ပွဲအတွင်း လက်နက်ကြီး ပစ်ခတ်မှုတွေမှာ ဖားဆောင်းမြို့ပေါ် တောင်ပိုင်းရပ်ကွက် မှာ ကျရောက်တာတွေရှိပြီး သိမ်ကျောင်း ဘုန်းကြီးကျောင်းမှာ ရှိတဲ့ ကျောင်းထိုင်ဆရာတော်ဘုန်းကြီး တစ်ပါးနဲ့ ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ထိတွေ့တိုက်ပွဲမှာ ဖားဆောင်းPDF နဲ့ ဘောလခဲPDFတို့ပါတဲ့ စစ်ကြောင်း နဲ့အတူ လွိုင်ကော်PDF၊ EROအဖွဲ့တစ်ဖွဲ့ တို့ ပူးပေါင်းတိုက်ခဲ့တယ်လို့ ဖားဆောင်းPDFမှာ ဖော်ြပထားပါတယ်။ တိုက်ပွဲအတွင်းမှာ ပူးပေါင်းတပ်ဖက်က ဒရုန်းနဲ့ လည်းတိုက်ခိုက်ခဲ့ပြီး Falcon Win တပ်ဖွဲ့နဲ့ ဘောလခဲခရိုင်ဗျူဟာ Drone တပ်ဖွဲ့တွေ ပါဝင်တိုက်ခိုက်ခဲ့ပါတယ်။

ဇွန်လ ၁၈ ရက်နေ့မှာ ဖားဆောင်းမြို့နယ် သံလွင်အရှေ့ဘက်ခြမ်း ကျောက်ပိန်းညိုကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဖားဆောင်း PDF ၊ ဘောလခဲ PDF ၊ လွိုင်ကော် PDF ၊ EAO နှစ်ဖွဲ့ စတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ အနည်းဆုံး နှစ်ဦးသေဆုံးခဲ့တယ်လို့ ဖားဆောင်း PDF က ထုတ်ပြန်ထားပါတယ်။

spot_img
spot_img

Recent posts