spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဖားဆောင်းမြို့တွင်းမှာ လူသားဒိုင်းအဖြစ် ပိတ်မိနေတဲ့ ပြည်သူ (၁၀၀) ကျော်ကို တော်လှန်ရေးတပ်ဖွဲ့ ကယ်ထုတ်၊ ဒေသခံတစ်ဦး မိုင်းနင်းမိ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖားဆောင်းမြို့နယ် မြောက်ပိုင်းရပ်ကွက်မှာရှိတဲ့ ကွက်သစ်ဘုန်းကြီးကျောင်းမှာ ပိတ်မိနေတဲ့ ဒေသခံပြည်သူ (၁၀၀) ကျော်ကို ပြီးခဲ့တဲ့ မတ်လ ၂၃ရက်နေ့မှာ တော်လှန်ရေးတပ်ဖွဲ့တွေက ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၉ရက်နေ့က စတင်ခဲ့တဲ့ ဖားဆောင်းမြို့တွင်းတိုက်ပွဲမှာ ဒေသခံပြည်သူ ၁၆၀ ကျော်ဟာ ပိတ်မိနေခဲ့တာဖြစ်ပြီး ကွက်သစ်ဘုန်းကြီးကျောင်းမှာ ပိတ်မိနေတဲ့ လူဦးရေ ၁၃၀ ကျော် ကို စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် အသုံးပြုခဲ့တယ်လို့ ပြန်လည်လွှတ်မြောက်လာတဲ့ ဒေသခံတွေက ပြောဆိုကြပါတယ်။

” ဒီလူထုတွေကို သူတို့က လူသားဒိုင်းပါ့ ကာဗာ လုပ်ပြီးလာနေတော့ လူတွေက နေရတာ ကျဉ်းကြပ်ကုန်တယ်။ အိမ်လည်း ပေးမပြန်တော့ဘူး။ ရိုင်းရိုင်းပြောရင် ဒီနောက်ပိုင်းဆို အိမ်သာတောင်ပေးမတက်တော့ဘူး။ ရေချောင်းလည်း ပေးမဆင်းတော့ဘူး။ မိုင်းထောင်ထားတယ်ဆိုပြီး ဘယ်သူမှ မသွားရဲတော့ဘူး။ နောက်ပြီးတော့ အမိန့်တွေထုတ်တယ် သဘောက ည ၆ ၊ မနက် ၆ ခြံစည်းရိုးအပြင်မထွက်ရတာတို့ မီးမထိုးရတာတို့ စကားကျယ်ကျယ်မပြောရတာတို့ အဲ့ဒါတွေတော့ ပြောတယ်။ ” လို့ ပြန်လည်လွှတ်မြောက်လာတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပိတ်မိနေတဲ့ ဒေသခံပြည်သူတွေဟာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက် ၂၄ရက်အကြာမှာ ပြန်လည်လွှတ်မြောက်လာခဲ့တာဖြစ်ပါတယ်။ ပိတ်မိနေစဉ်အတွင်း စစ်ကောင်စီတပ်က ကိုယ်ထိလက်ရောက် ညှင်းပန်းနှိပ်စက်တာမရှိပေမဲ့ အသွားအလာကန့်သတ်တာမျိုး ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

“ကိုယ့်လူထုတွေ အယောက်တိုင်း ကြည့်ကြည့်လိုက် အားငယ်စိတ်တွေရှိတယ်။ သေမင်းကြားမှာနေရတာပေါ့။ ဘယ်နေ့သေမလဲဆိုတာ ဒါပဲတွက်ကြတာ။ မနေ့ကလိုမျိုး လာကယ်ထုတ်မှ ငါတို့လွှတ်မြောက်ပြီဆိုပြီးတော့မှ အကုန်လုံးပြုံးပြုံးရွှင်ရွင်နဲ့ ပြန်လာနိုင်တာပေါ့။ သွားလာတာ ဒုက္ခရောက်ပေမဲ့လည်း အရင်လိုမျိုး စိတ်ဒုက္ခမရောက်တော့ဘူးပေါ့။ အရင်တုန်းက စိတ်ဒုက္ခလည်းရောက်တယ် သေနတ်သံလည်း နေ့တိုင်းကြားနေရတယ်။ သေနတ်သံက ဘယ်ကနေပစ်မှန်းမသိ။ ကိုယ်က သူတို့(စစ်ကောင်စီ) ပြောတဲ့အတိုင်းနေရတာပေါ့ ။ မထွက်နဲ့ဆို မထွက်နဲ့ ဝပ်နေဆိုဝပ်နေ။ ထမင်းချက်တန်းလန်းနဲ့ လေယာဉ်လာပြီဆိုရင်လည်း မီးငြိမ်းပေးရတာပေါ့။” လို့ အဆိုပါ ပြန်လည်လွှတ်မြောက်လာတဲ့ ဒေသခံတစ်ဦးက ဆက်ပြောပါတယ်။

ဒေသခံတွေရှိနေတဲ့ အနီးတစ်ဝိုက်မှာလည်း မြေမြှုပ်မိုင်း အများအပြားထောင်ထားခဲ့တာကြောင့် သတိကြီးစွာနဲ့ ကယ်ထုတ်ခဲ့ရတယ်လို့ အမှတ် (၁၀၀၈) ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်မှ တပ်ဖွဲ့ဝင်တစ်ဦးက အခုလိုပြောပါတယ်။

“အခက်ခဲကတော့ စစ်ကောင်စီက ပြည်သူတွေကို လူသားဒိုင်းအဖြစ်သုံးတယ်။ သူတို့ ဒီစခန်းချထားတဲ့တဝိုက် “မိုင်း‌” တွေလဲ ဒီစခန်းချထားတဲ့ တစ်ဝိုက်ပေါ့ မိုင်းတွေလဲ ထောင်ထားတယ်။ အဲ့မှာအခက်ခဲရှိပြီလေ။ မိုင်းကွင်းကိုဖြတ်ပြီးတော့ သွားရတယ်။ ပြည်သူတွေကို လူသားဒိုင်းအဖြစ်သုံးတဲ့အတွက်ကြောင့် ကျနော်တို့က သတိပိုထားရတယ်‌။ ပြည်သူလား စကစတွေလား ဆိုတာ ပိုသတိထားရတယ်ပေါ့”လို့ သူက ပြောပါတယ်။

ဒေသခံပြည်သူတွေကို ကယ်ထုတ်လာစဉ်အတွင်း စစ်ကောင်စီတပ်ထောင်ထားတဲ့ မိုင်း နင်းမိတဲ့ ဒေသခံအမျိုးသမီးမှာ ခြေတစ်ဖက်ဆုံးရှုံးခဲ့ရသလို ဦးဇင်းတစ်ပါးလည်း မိုင်းစထိမှန်ခဲ့တယ်လို့ သိရပါတယ်။ မိုင်းနင်းမိတဲ့အမျိုးသမီးဟာ ဆေးကုသမှုခံယူနေပြီး အသက်အန္တရာယ်စိုးရိမ်စရာမရှိဘူးလို့ သိရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေ ကယ်ထုတ်နိုင်ခဲ့တဲ့ ဒေသခံပြည်သူ ၁၃၀ ကျော်ရှိပြီး မြို့တွင်းပိတ်မိနေတဲ့ ပြည်သူတွေလည်း ရှိနေဆဲလို့ သိရပါတယ်။ လတ်တလော ဖားဆောင်းမြို့မှာ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး ဖားဆောင်းမြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ စေတီကုန်း ၂ ခု၊ ရဲစခန်းတံတား၊ စစ်ဆေးရေးဂိတ် ၂ ခု၊ မြို့နယ်ခန်းမ၊ ထီးတာ၊ မော်ချီးစစ်ဆေးရေးဂိတ်၊ မော်ချီးကုန်းစခန်း တွေကို သိမ်းပိုက်ရရှိထားတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ရဲ့ မတ်လ ၂၃ ရက်နေ့မှာ ထုတ်ပြန်ချက်အရ သိရပါတယ်။

spot_img
spot_img

Recent posts