spot_img
Sunday, October 1, 2023
spot_imgspot_imgspot_imgspot_img

ဖားဆောင်းမြို့တွင်းမှာ လက်နက်၊ ရိက္ခာအပြည့်အစုံနဲ့ စစ်ကောင်စီက တပ်သားတွေ စုနေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့ (ဇွန်လ ၁၅ ရက်) ညနေ (၂) နာရီဝန်းကျင်မှာ ဘောလခဲမြို့ကနေ ဖား‌ဆောင်းမြို့ဖက်ကို ချီတက်လာတဲ့ အင်အား ၂၀၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ်သားတွေ ဖားဆောင်းမြို့တွင်းမှာ လာရောက် စုနေကြ တယ်လို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။

ဘောလခဲမြို့ကနေ ဒန်ဘာကား ၅ စီးနဲ့  လက်နက်၊ ရိက္ခာအပြည့်အစုံသယ်ဆောင်ပြီး ဖားဆောင်းမြို့ကို ချီတက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“လူအင်အားကတော့ ဒီနေ့တွေ့တာကတော့ ဒန်ဘာနဲ့ (၅)ခေါက်လောက်ရှိတယ်။ တစ်စီးတစ်စီးဆိုအပြည့်ပဲလေ။ ရိက္ခာတွေကော လက်နက်တွေကောအပြည့်အစုံပဲဆိုတော့ (၂၀၀) လောက်ရှိမယ်ထင်တာပဲ” လို့ မျက်မြင်ဒေသခံတစ်ဦးက ပြောပါတယ်။

ဒန်ဘာကား ၅စီးအပြင် ခြေလျင်နဲ့သွားသူ (၁၀)ယောက်ဝန်းကျင်ကိုလည်း တွေ့ ရှိရတယ်လို့ အဆိုပါ ဒေသခံတစ်ဦး က ဆက်ပြောပါတယ်။

မနေ့က ဇွန်လ (၁၄) ရက်နေ့ညနေပိုင်းမှာ စစ်ကောင်စီတပ်က ဖားဆောင်းမြို့အနီး သံလွင်အရှေ့ ဖက်ခြမ်းကို လက်နက်ကြီးတွေ အဆက်မပြတ် ပစ်ခတ်ခဲ့သလို လေယာဥ်နဲ့ ဗုံးကျဲတိုက်ခိုက်တာလည်း ရှိခဲ့ပါတယ်။

အဆိုပါ လက်နက်ကြီးပစ်ခတ်မှု၊ လေယာဥ်ဗုံးကျဲမှုတွေကြောင့် ဒေသခံတွေ စိုးရိမ်ထိတ်လန့်နေကြပြီး  ဘေးကင်းတယ်လို့ယူဆရတဲ့ နေရာတွေဆီကို တိမ်းရှောင်နေကြသူတွေလည်း ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့ မနက်ပိုင်းက  မယ်စဲ့မြို့မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဆိုပါ ဖြစ်ပွားခဲ့တဲ့နောက်မှာ စစ်ကောင်စီက သူတို့ရဲ့ တပ်သားအင်အားကို အခုလို စုတာ မြင်တွေ့ရတယ်လို့  ဒေသခံတွေက ပြောဆိုကြပါတယ်။

Recent posts