spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဖားဆောင်းမြို့တွင်းရှိ မာစတာစားသောက်ဆိုင် မီးလောင်ပျက်စီး

ကန္တာရဝတီတိုင်း(မ်)

ဇူလိုင်လ (၂၀) ရက်နေ့ ညနေပိုင်း (၄)နာရီဝန်းကျင်အချိန်မှာ ဖားဆောင်းမြို့ တွင်း နန်းဟူးကုန်းကျေးရွာမှာ ရှိတဲ့ မာစတာစားသောက်ဆိုင် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရှိရပါတယ်။

” ညနေပိုင်းပေါ့နော် အဲ့လိုမျိုး အဲ့ဒီ မီးမလောင်ခင် ညနေပိုင်းမှာ လူနှစ်ယောက်ဝင်သွားတယ်လို့တော့ ပြောတယ်။ လူနှစ်ယောက်ဝင်တော့ ပြန်ထွက်လာတော့ အနောက်မှာ မီးလောင်တယ်ပေါ့” လို့‌ ဒေသခံတစ်ဦးက ပြောပါတယ်။

အဆောက်အအုံတစ်ခုလုံး မီးလောင်ကျွမ်းခဲ့ပြီး တိုင်တွေသာ ကျန်တော့သလို ဆိုင်ကယ်တစ်စီး၊ ကားငယ်တစ်စီးလည်း မီးလောင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒေသခံတွေကတော့ ရှို့မီးဖြစ်တယ်လို့ သုံးသပ်ပြောဆိုကြပေမဲ့ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

အဆိုပါ စားသောက်ဆိုင်ရှိရာဖက်ကို ထွက်သွားတဲ့နှစ်ဦးက အမျိုးသားတွေဖြစ်ကြပြီး မည်သူမည်ဝါဆိုတာကိုတော့ မသိရှိရဘူးလို့ ပြောပါတယ်။ ပြီးခဲ့တဲ့လကစပြီး ဖားဆောင်းမြို့တွင်းနေရာတချို့မှာ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသခံအများစုဟာ တိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

“ဆိုင်ခန်းဆိုလေ ဘာတစ်ခုမှ ရစရာမရှိတော့ဘူး အကုန်လုံးလောင်။ မျက်လုံးနဲ့မြင်တာကတော့ တိုင်ပဲကျန်တယ်။ တိုင်တွေတောင်မှ ဆိုင်ခန်းတိုင်တွေပဲကျန်တယ်။ တိုင်တွေတောင်မှ ခုထိတောင် အခိုးမတိတ်သေးဘူး။ပြီးတော့ ဆိုင်ကယ်တစ်စီးနဲ့ ကားငယ်တစ်စီးလဲပါသွားတယ်”လို့ မျက်မြင်တွေ့ရှိသူ ဒေသခံက ပြောပါတယ်။

မီးလောင်မှုဖြစ်ပွားခဲ့တဲ့မာစတာ ဟာ ဖားဆောင်းမြို့မှာ အကြီးဆုံးစား‌သောက်ဆိုင်ဖြစ်ပြီး KTVနဲ့ တွဲလျက် ဖွင့်ထားတဲ့ဆိုင်ဖြစ်တယ်လို့ သိရပါတယ်။ မာစတာစားသောက်ဆိုင်ဟာ ဖားဆောင်းမြို့ကနေ နန်းဟူးကုန်းကျေးရွာကို သွားတဲ့လမ်းမကြီးဘေးမှာ တည်ရှိပြီး စားသောက်ဆိုင်အနီးတစ်ဝိုက်မှာတော့ တိုက်ပွဲဖြစ်ပွားတာမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

spot_img
spot_img