spot_imgspot_imgspot_imgspot_img
Sunday, July 13, 2025
spot_imgspot_imgspot_imgspot_img

ဖားဆောင်းမြို့နယ်မှာ အိုမီခရွန်ကူးစက်သူ ၁၁ဦးအထိတွေ့ရှိ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဖားဆောင်းမြို့နယ်မှာ ကိုဗစ်မျိုးစိတ်ဖြစ်တဲ့ အိုမီခရွန်ကူးစက်ခံရသူ ၁၁ဦးအထိ တွေ့ရှိတယ်လို့ ဖားဆောင်းမြို့နယ် ကိုဗစ် ၁၉ အရေးပေါ်တုံ့ပြန်ရေးကော်မတီသတင်းက ထုတ်ပြန်ထားပါတယ်။

ဖားဆောင်းမြို့ တောင်ပိုင်းရပ်ကွက်မှာ ၃ယောက်၊ ပါပုကျေးရွာမှာ ၈ယောက်တွေ့ရှိခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဖေဖော်ဝါရီလ ၂၄ရက်နေ့မှာ ပါပုကျေးရွာက ဒေသခံဆီမှာ စတင်တွေ့ရှိခဲ့တာဖြစ်တယ်လို့ မော်ချီးဒေသခ အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်တစ်ဦးက ပြောပါတယ်။

“ လက္ခာဏာပြလို့ သွားအစစ်ခံတဲ့ ပုံစံမျိုးပေါ့နော။ အစက ဒယ်တာလို့ထင်တာ။ အယ်တာလို့ထင်တာ လက်ရှိနောက်ဆုံးဖြစ်နေတာက အိုမီခရွန်ဖြစ်နေတော့ အိုမီခရွန်ခေါင်းစဉ်တပ်ပေးတဲ့ သဘောမျိုးမှာ ရှိတယ်။ သူက တွေ့ရပြီး နောက်ရက်ကျတော့ ဆက်စပ်တဲ့ မိသားစုတွေကို စစ်တဲ့အချိန်မှာ နောက်ထပ် ၃ယောက်ထပ်တွေ့တဲ့ အချိန်မှာ ၈ယောက်ဖြစ်သွားတယ်။ “ လို့ မော်ချီးဒေသခ အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်တစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ ဖားဆောင်းမြို့နယ်က ဆေးရုံမှာ ကုသမှုခံယူနေတာဖြစ်ပြီး မိသားစုဝင်တွေကိုလည်း ၇ရက် အသွားအလာ ကန့်သတ်ထားတယ်လို့ သိရပါတယ်။

spot_img

Recent posts