spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဖားဆောင်းမြို့မှာ အသက် (၁၂)နှစ် ဝန်းကျင်အရွယ် ကလေးတစ်ဦး မိုင်းနင်းမိပြီး ညာခြေတစ်ဖက်ဆုံးရှုံး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ယမန်နေ့ ဇူလိုင်လ (၁၅)ရက်နေ့ မွန်းလွဲ(၂)နာရီဝန်းကျင် အချိန် ဖားဆောင်းမြို့နယ်မှာ အသက်(၁၂)ဝန်းကျင်အရွယ် ဒေသခံကလေးငယ်တစ်ဦး မိုင်း‌နင်းမိပြီး ညာခြေတစ်ဖက်ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရှိရပါတယ်။

ကလေးဟာ နွားကျောင်းရင်း မိုင်းနင်းမိတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက အခုလိုပြောပါတယ်။

” သူက ညနေပိုင်းလောက် သူ့အဖေကနွားကျောင်းလွတ်တယ်လေ ။အဲ့ဒါနဲ့သူက ပုံမှန်ပဲနွားကျောင်းရင်းနဲ့ နွားလိုက်ဆွဲတာထင်တယ် အဲ့ဒါမိုင်းနင်းမိသွားတာကလေးက ” လို့ သူက ပြောပါတယ်။

မိုင်းနင်းမိတဲ့ကလေးကတော့ အသက်အန္တရာယ်စိုးရိမ်စရာမရှိတော့ဘူးလို့ သိရပါတယ်။

မိုင်းနင်းမိတဲ့နေရာမှာ ဖားဆောင်းမြို့အထွက် အမှိုက်ကျင်းရှိရာဖက် ဖြစ်ပြီး ပြီးခဲ့တဲ့ ဇွန်လအတွင်းက ဖားဆောင်းမြို့နယ်မှာ တိုက်ပွဲ ဖြစ်ပွားစဥ်က စစ်ကောင်စီတပ်သားတွေ သွားလာဖူးခဲ့တဲ့ နေရာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

spot_img
spot_img

Recent posts