spot_imgspot_imgspot_imgspot_img
Tuesday, January 14, 2025
spot_imgspot_imgspot_imgspot_img

ဖားဆောင်းမြို့အထွက်မှာ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ယမန်နေ့ (ဇူလိုင်လ ၂၇ရက်) မနက်မှာ ဖားဆောင်းမြို့အထွက် တစ်နေရာမှာရှိတဲ့ စစ်ကောင်စီတပ် နေထိုင်တဲ့နေရာကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ သွားရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိတယ်လို့ ကရင်နီတပ်မတော် (KA) ရဲ့ စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ဒီကနေ့ (ဇူလိုင်လ ၂၈ရက်) မှာ ကန္တာရဝတီတိုင်း (မ်)ကို ဖြေကြားပါတယ်။

“ တိုက်ပွဲက မနေ့ကမနက် ဖားဆောင်းအထွက် ဖားဆောင်းရဲ့ မြောက်ဖက်ကိုထွက်တာ။ လွိုင်ကော်ဖက်ကို သွားတဲ့မြောက်ဖက် ဖားဆောင်းအထွက်မှာပေါ့။ ရန်သူက အိမ်အကြီးထဲမှာရှိတာကို ကျနော်တို့ကလေးတွေက သွားတိုက်တာ မနေ့ကမနက်။ နှစ်ဖက် ထိခိုက်ဒဏ်ရာရမှုတော့ သူတို့ တော်တော်များများ ဒဏ်ရာရမယ်ထင်တယ်။ ကျနော်တို့ ဖက်ကတော့ ဘာမှ သတင်းအတိကျ မရဘူးနော။ လက်နက်ပစ္စည်းတချို့ သိမ်းရတယ် ရန်သူရဲ့ လက်နက်ခဲယမ်း သိမ်းရတယ်။“ လို့ ဗိုလ်မှူးကြီးဘုန်းနိုင် က ပြောပါတယ်။

တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်မှုနဲ့ပတ်သက်ပြီး အတိကျ မသိရှိရသေးပေမယ့် စစ်ကောင်စီတပ်ရဲ့ ထိခိုက်ကျဆုံးမှုကိုတော့ လက်နက်ခဲယမ်းသိမ်းဆည်းရမိတဲ့အပေါ် အယောက်နှစ်ဆယ်ဝန်းကျင် ရှိနိုင်တယ်လို့ ဗိုလ်မှုးကြီးဘုန်းနိုင် က ခန့်မှန်းပြောဆိုထားပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီးကျည်၊ လက်နက်ငယ်ကျည် တချို့နဲ့ တခြားသော ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။

“အတိအကျတော့ မသိလိုက်ရဘူးလေ။ လေယာဉ်လည်း လာတယ်ကော။ ပစ္စည်းဒီလောက် ရရင်တော့ တစ်ဆယ်၊ နှစ်ဆယ်တော့ ရှိပြီးသားဘဲ။ ပစ္စည်းတွေကြည့်ပြီးတော့ ခန့်မှန်းရတာပေါ့။ လေယာဉ်ကြဲတာတော့ ဘယ်နကြိမ်လဲတောင် မသိတော့ဘူးလေ။ ခနခန ကြဲတာကော။” လို့ ဗိုလ်မှုးကြီး ဘုန်းနိုင်က ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်နေ့ကစပြီး ဒီကနေ့အချိန်ထိ ဖားဆောင်းမြို့နယ် သံလွင်တံတားအရှေ့ဘက်ခြမ်းကို အင်အား ၃၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေလည်း ရှိနေပါတယ်။

လတ်တလော တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်ပြီး ကာကွယ်ရေးတပ်ဖွဲ့ အသီးသီးက ထုတ်ပြန်ထားတာ မရှိသေးဘူး။

လက်ရှိမှာ ကရင်နီပြည်ရဲ့ နေရာအနှံ့အပြားမှာ စစ်ကောင်စီနဲ့ ကာကွယ်ရေးပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီဖက်ကနေ လက်နက်ကြီးပစ်ခတ်တာတွေ၊ လေကြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ ရှိနေတဲ့အတွက် ပြည်သူတွေအနေနဲ့ သတိနဲ့ နေထိုင်ကြဖို့ ကာကွယ်ရေးတပ်ဖွဲ့တွေက အသိပေးထားပါတယ်။

spot_img
spot_img
spot_img

Recent posts