spot_imgspot_imgspot_imgspot_img
Monday, July 14, 2025
spot_imgspot_imgspot_imgspot_img

ဖားဆောင်း၊‌ ဘောလခဲဖက်မှာ ထပ်မံတိမ်းရှောင်နေတဲ့ ဒေသခံတွေအတွက် အရေးပေါ် မိုးကာနဲ့ ခြင်တောင်လို အပ်နေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဇူလိုင်လ ဒုတိယပတ်အတွင်း ဘောလခဲမြို့နယ်၊ ကျောက်စုအုပ်စုဖက်မှာ တိမ်းရှောင်နေကြတဲ့ စစ်ရှောင်ဦးရေ (၈၀၀)အတွက် အရေးပေါ် မိုးကာ နဲ့ ခြင်ထောင်တွေ လိုအပ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ ဦးဖိုးဇော်က ဆိုပါတယ်။

“ လတ်တလော စားနပ်ရိက္ခာက သူတို့မှာရှိသေးတယ်။ နည်းနည်းပါးပါးပါလာတယ်။ ကျနော်တို့ တနေ့ကလည်း ကိုယ်တိုင်တွေ့တယ်။ တစ်ပတ်စာလောက်ပါတယ်။ အထူးသဖြင့် လက်ရှိက တောတောင်ထဲ နေဖို့က ခြင်က အရမ်းကိုက်တယ်။ မိုးတွင်း ကလည်း ဖြစ်တော့ ကျနော်တို့ ခြင်ဆေး သို့မဟုတ် ခြင်ထောင်တွေ အရမ်းအရေးပေါ်လိုအပ်ပါတယ်။ သူတို့ သစ်ပင်အောက်တွေမှာ အိပ်ကြတော့ မိုးကာအရေးပေါ်လိုအပ်တယ်။ လတ်တလော ကတော့ မိုးကာနဲ့ ခြင်ထောင်နဲ့ အခြေခံကျတဲ့ နှာစီးချောင်းဆိုးပျောက်တဲ့ ဆေးဝါးတွေလိုတယ်။ စားနပ်ရိက္ခာပြတ်လပ်မှုအပိုင်းကတော့ တစ်ပတ်ကျော်ပြီဆိုရင် ကျနော့်အထင် စားနပ်ရိက္ခာပြတ်ပြီလို့ ထင်တယ်။ “ လို့ ဦးဖိုးဇော်က ပြောပြပါတယ်။

လက်ရှိအချိန်အထိ(ဇူလိုင်လ၇ရက်) ဖားဆောင်း၊ ဘောလခဲဖက် ဒေသခံတချို့ တိမ်းရှောင်နေကြဆဲဖြစ်ပြီး
(၃)ရက်အတွင်း စစ်ရှောင် ( ၂ )ထောင်နီးပါးထပ်တိုးလာတာရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကုန်လောက်ကတည်းက မော်ချီးဖက် နဲ့ နယ်စပ်ဖက် တိမ်းရှောင်နေကြတာလည်းရှိပြီး စစ်ရှောင်ဦးရေ ငါးထောင်ကျော်ရှိတယ်လို့ သိရပါတယ်။

ဖားဆောင်းမြို့အနီးတစ်ဝိုက်တွေမှာ ဇွန်လလယ်လောက်ကတည်းက စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုတွေရှိသလို ပူးပေါင်းတပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားတာတွေ ရှိနေတာဖြစ်ပါတယ်။ လက်ရှိအချိန်ထိလည်း စစ်ရေးခြေနေ တင်းမာနေဆဲဖြစ်တယ်လို့ ဖားဆောင်းဒေသခံတစ်ဦးက ပြောပါတယ်။

“ အခုစစ်ရေးခြေနေက တင်းမာတာပေါ့နော။ ဖားဆောင်းတို့ မယ်စဲ့တို့ ၊ ဖားဆောင်းတံတားတို့ အဲပတ်ဝန်းကျင်မှာ။ ရွာသစ်အခြေနေကတော့ စစ်ကောင်စီဖက် စိုးမိုးမှုယူထားတယ်။ “ လို့ ဖားဆောင်း ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိအချိန်ထိ ဒေသခံတွေ နေရပ်ပြန်နေတာတွေ မရှိသေးပါဘူး။ ဇွန်လ (၂၅)ရက်နေ့တုန်းက ဖားဆောင်းမြို့အနီး နန်းကစ်ကျေးရွာ ကို စစ်ကောင်စီလေကြောင်းနဲ့ ဗုံးကြဲခဲ့ပြီး ပြည်သူ ၄ဦးသေဆုံးခဲ့သလို လက်နက်ကြီးကြောင့်လည်း ပြည်သူ ၁ဦး သေဆုံးတာတွေ ရှိခဲ့ပါတယ်။

ဓါတ်ပုံ – Tun Myanmar Donation
spot_img

Recent posts