spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ယမန်နေ့ ထိုင်း-ကရင်နီနယ်စပ်တစ်နေရာမှာ စစ်ကောင်စီနဲ့ ပူးပေါင်းတပ်တို့ ထိတွေ့မှုဖြစ်ခဲ့

ကန္တာရဝတီတိုင်း( မ် )

ထိုင်း-ကရင်နီနယ်စပ်မှာ ယမန်နေ့ ( ဇူလိုင်လ ၈ ရက်နေ့ ) က စစ်ကောင်စီနဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ထိပ်တိုက်တွေ့ပြီး ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ကရင်နီတပ်မတော် (  KA ) စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောပါတယ်။

“တိုက်ပွဲဖြစ်တဲ့နေရာပေါ့နော။ ကလော်လဲဆိုပေါ့။ ကျနော်တို့ ကရင်နီအခေါ် အဲ့တောင်အခြေမှာဖြစ်တယ်လေ။ ဖြစ်တဲ့အကြောင်းအရင်းကတော့ ကျနော်တို့ ရဲဘော်တွေက သွားလာလှုပ်ရှားတယ်လေ။ သွားလာလှုပ်ရှားတော့ အဲဒါနဲ့ သွားတိုးပြီးတော့မှ ဖြစ်တယ်။ တိုက်ပွဲဖြစ်တော့ နာရီတော်တော်ကြာတယ်လေ။ အဲဒီမှာဖြစ်တော့ သူတို့ အကျအဆုံးများတာ ဖြစ်မှာပေါ့။ အကျအဆုံးများတော့လည်း လေယာဉ်အကူအညီတောင်းတာလည်း ဖြစ်နိုင်တယ်။ ခါတိုင်းလည်း အဲဒီလိုဖြစ်တယ်လေ။ အဲဒီလိုပဲ သုံးသပ်ပြီးတော့မှ သေဒဏ်ရာများတာလည်း ဖြစ်နိုင်တယ်လေနော။ အများအားဖြင့် သူတို့ လေယာဉ်မှာ တာက သူတို့ လုပ်ထုံးလုပ်နည်းပဲ။ အဲဒါပါပဲ။” လို့ သူက ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အကျအဆုံးများနိုင်ပြီး နေ့လည် ၁ နာရီဝန်းကျင်မှာလည်း စစ်ကောင်စီရဲ့ လေတပ်ကနေ လာပစ်ခတ်တာမျိုးတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့မှာလည်း ထိုင်း-ကရင်နီနယ်စပ်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက် လေယာဉ်နဲ့ လာရောက်ဗုံးကြဲမှု ပြုလုပ်ခဲ့ပါတယ်။

နယ်စပ်ဒေသတွေမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတာနဲ့ ပတ်သက်ပြီး ဗိုလ်မှူးကြီး ဘုန်းနိုင်က အခုလိုပြောပါတယ်။

“ပိုစိတ်လာတယ်လို့လည်း ပြောလို့ရတယ်။ ပိုပြီးတော့ ပြင်းလာတယ်လို့လည်း ပြောရင်လည်း ပြောနိုင်တယ်ပေါ့နော။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့က ကိုယ့်နယ်မြေကို ပြန်ပြီးတော့ ရယူဖို့အတွက် အဓိက ထားတယ်ပေါ့လေ။ အဲဒါက ကျနော်တို့ က တိုက်ပွဲတော့ ဖော်ရမှာ တိုက်ပွဲဖော်တယ်ဆိုတာက ကျနော်တို့က ကိုယ့်နယ်မြေဒေသနဲ့ နေတာပေါ့လေ။ သူတို့ လာရင်တော့ တိုက်ရမှာပဲ အဲဒါပဲ။ ဦးတည်ချက် ရည်မှန်းချက်ကတော့ အဲဒါပဲ။” လို့ သူကပြောပါတယ်။

နယ်မြေကို ပြန်ရနိုင်ဖို့အတွက် တိုက်ခိုက်ရမှာဖြစ်ပြီး ပြည်သူလူထုအနေနဲ့ ဆက်လက်တောင့်ခံထားကြဖို့ ဗိုလ်မှူးကြီး ဘုန်းနိုင်က ဆက်ပြောပါတယ်။

spot_img
spot_img