spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဖားဆောင်း ထပ်ဆင့် စစ်ရှောင် ၆၀၀ ဝန်းကျင်အတွက် အရေးပေါ် စားနပ်ရိက္ခာလိုအပ်

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖားဆောင်းမြို့ပေါ်က တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေကြသူတွေဟာ လုံခြုံရေးအရ ထပ်မံတိမ်းရှောင်ဖို့ လိုအပ်လာတာကြောင့် နေရာသစ်မှာနေထိုင်ဖို့ နေရာထိုင်ခင်းနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ် လိုအပ်နေတယ်လို့ စစ်ရှောင်နဲ့ နီးစပ်သူ အမျိုးသားတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“အဓိကလိုအပ်နေတာက အခုလောလောဆယ် အရေးပေါ် လိုအပ်နေတာကတော့ သူတို့ရဲ့ စားဝတ်နေရေးအတွက် ပေါ့နော်။ ဥပမာ အဓိက ဆန် စားဖို့သောက်ဖို့က ဆန် နောက်ပြီး သူတို့ နေဖို့ထိုင်ဖို့ အတွက်က မိုးကာတို့ အဲ့ဒါတွေတော့ လိုမှာပေါ့”လို့ စစ်ရှောင်နဲ့ နီးစပ်သူ အမျိုးသားတစ်ဦးက ဆိုပါတယ်။

ကနဦးတိမ်းရှောင်နေတဲ့နေရာဟာ တိုက်ပွဲဖြစ်ပွားတဲ့နေရာနဲ့ နီးကပ်မှုရှိနေတာကြောင့် အခုလို ထပ်မံ တိမ်းရှောင်နေကြတာဖြစ်တယ်လို့ စစ်ရှောင်နဲ့ နီးစပ်သူ အမျိုးသားတစ်ဦးက ဆိုပါတယ်။

“အဓိကက လုံခြုံမှုသိပ်မရှိ‌ဘူးပေါ့နော်။ ဘာလို့လဲဆိုတော့ အဲ့ဒီ အနီးအနားမှာပဲ ရှောင်နေရတော့ တိုက်ပွဲတွေကနည်းနည်း ပြင်းထန်လာတယ်လို့ပဲပြောရမှာပေါ့ “လို့ စစ်ရှောင်နဲ့ နီးစပ်သူ အမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။

လက်ရှိမှာ အကူအညီလိုအပ်နေတဲ့ ဖားဆောင်း စစ်ရှောင်ဦးရေ အတိအကျရဲ့ စာရင်းကို မသိရသေးပေမဲ့ ခန့်မှန်းခြေ ၆၀၀ ဝန်းကျင်ရှိနိုင်တယ်လို့ ဆိုပါတယ်။

ဖားဆောင်းမြို့သိမ်းတိုက်ပွဲဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၂၉) ရက်နေ့မှာ စတင်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲကြောင့် မြို့ပေါ် ရပ်ကွက် ဘုန်းကြီးကျောင်းမှာ ပိတ်မိတဲ့ ပြည်သူတွေနဲ့ စစ်ကောင်စီရဲ့ တပ်စခန်း၊ ခလရ ၁၃၄ တပ် တည်ရှိိတဲ့ တောင်ပေါ်ရွာ မှာ ပိတ်မိတဲ့ ပြည်သူတွေရှိခဲ့ပါတယ်။

ပိတ်မိခဲ့တဲ့ပြည်သူတွေကို တော်လှန်ရေးတပ်ဖွဲ့တွေကနေ ကယ်ထုတ်နိုင်ခဲ့ပေမဲ့ စစ်ရှောင်စခန်းတွေမှာ ထပ်ဆင့်စစ်ရှောင်နေကြရဆဲဖြစ်ပါတယ်။

spot_img
spot_img