spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဖားဆောင်းမြို့နယ်တွင် ပွန်ချောင်းတံတားတည်ဆောက်ရန် လျာထား

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကယား(ကရင်နီ)ပြည်နယ် ဖားဆောင်းမြို့နယ်တွင် ပွန်ချောင်းတံတားတည်ဆောက်ရန်လာမည့် ၂၀၂၀-၂၀၂၁ ဘတ်ဂျက်နှစ်တွင်လျာထားသည်ဟု ဖာဆောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းထွေးသူက ပြောပါသည်။

“အဲဒီတံတားက တကယ်တန်းကျရင် လူနည်းစုတိုင်းရင်းသားတွေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်တဲ့ အနေနဲ့ကော သူတို့ရဲ့ လူနေမှုအဆင့်အတန်းမြင့်မားအောင်ပေါ့ နောက်ပြီး လမ်းပန်းဆက်သွယ်ရေးအဓိကပေါ့အဲဒီထဲက ရွာ ၃ရွာကို အကျိုးပြုနိုင်မယ်။” ဟု ဒေါ်နန်းထွေးသူက ပြောပါသည်။

ယခုတည်ဆောက်မည့် ပွန်ချောင်းတံတားသည် ဒေသခံများအတွက်လည်း အကျိုးရှိစေသည်ဟု ဝမ်အောင်းကျေးရွာမှ ဒေသခံတောင်သူ တစ်ဦးကလည်းပြောပါသည်။

“လောလောဆယ် တံတားမရှိတော့ စက်လှေနဲ့ပတ်သွားကြတာပေါ့၊ စက်လှေအားရင် စက်လှေသမားကနေ လူရှိရင် ရှိသလို သွားလာရတာပေါ့။ နည်းနည်းတော့ အချိန်ကြာတယ်။ အကယ်၍ တံတားရှိရင်တော့ ပိုသွားလာဖို့ လွယ်ကူနိုင်ပါတယ်။” ဟု ၎င်းဒေသခံက ပြောပြပါသည်။

၎င်းကိစ္စနှင့်ပတ်သက်ပြီး ပွန်ချောင်းတံတားတစ်စဉ်းတည်ဆောက်ရန် အစီအစဉ်ရှိမရှိ ဒေါ်နန်းထွေးသူက ပြီးခဲ့သည့် စက်တင်ဘာလ ၁၈ ရက်နေ့က ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မေးမြန်းခဲ့သည်။

ထိုသို့မေးမြန်းပြီးနောက် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ပေ၄၀ဝ အရှည်တန် (၂၀) ခံနိုင်ဝန်ရှိသည့် တစ်လမ်းသွား သံကူကွန်ကရစ်တံတားအတွက် ခန့်မှန်းကုန်ကျငွေ ကျပ် ၁၄၆၃ သန်း ဖြင့် တည်ဆောက်သွားရန် လျာထားသည်ဟု ပြန်လည် ဖြေကြားခဲ့သည်။

၎င်းတံတားကို လျားထားခြင်းမပြုမှီ ဦးစွာကြိုးတံတားတည်ဆောက်ရန် ပြည်နယ်ရန်ပုံငွေ ကျပ် ၆၅ဝ သန်းဖြင့် ပေ ၄၀ဝ အရှည် ခံနိုင်ဝန် ၁၃တန်ရှိ ၁၂ ပေ အကျယ် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် လျာထားခဲ့ကြသည်ဟု သိရသည်။

သို့သော်တံတားတည်ဆောက်ရန် ကွင်းဆင်းတိုင်းတာစစ်ဆေးသည့်အခါ ခန့်မှန်းကုန်ကျငွေ ကျပ်၁၈၀ဝ သန်းခန့်ဖြစ်နေသည့်အတွက် အစီအစဉ် ပျက်ခဲ့သည်ဟု သိရသည်။

အစီအစဉ်ပျက်သွားသည့်အတွက် ယခုလို ပြည်ထောင်စုအဆင့်တွင် ပြန်လည်တည်ဆောက်နိုင်ရေး အတည်ဖြစ်သွားရန် ထပ်မံမေးခွန်းမေးမြန်းလိုက်ခြင်းဖြစ်သည်ဟု ဒေါ်နန်းထွေးသူက ပြောပါသည်။

၎င်းတံတားတည်ဆောက်မည့်နေရာသည် ပွန်ချောင်းနှင့် သံလွင်မြစ်ဆုံရာနေရာတွင်ဖြစ်ပြီး ဖားဆောင်းမြို့နယ် ဝမ်အောင်း(ကယား)၊ ချီးကွဲ့၊ ဆောင်းလော့ကျေးရွာများသို့ သွားလာနိုင်ရန်ဖြစ်သည်။

spot_img
spot_img

Recent posts