spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဖွဲ့စည်းတည်ထောင်ပြီး ၁နှစ်အတွင်း မြို့နယ် ၈ မြို့နယ်မှာ အုပ်ချုပ်ရေးယန္တရား လည်ပတ်နေပြီလို့ IEC ဥက္ကဌပြော

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ဟာ ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ ၁နှစ်အတွင်း ကရင်နီပြည်က မြို့နယ် ၈ ခု မှာ အုပ်ချုပ်ရေးယန္တရားတွေ လည်ပတ်နေပြီဖြစ်တယ်လို့ IEC ရဲ့ ဥက္ကဌ ခူဦးရယ်က ၁နှစ်ပြည့် မိန့်ခွန်းမှာ ပြောပါတယ်။

ဒီကနေ့ ဇွန်လ (၆)ရက်နေ့ဟာ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)ဖွဲ့စည်း တည်ထောင်တာ တစ်နှစ်ပြည့်နေ့ဖြစ်ပြီး မိန့်ခွန်းအမှာစကားပြောဆိုရာမှာ ထည့်သွင်းပြောဆိုလိုက်တာ ဖြစ်ပါတယ်။

“တစ်နှစ်တာအတွင်း မြို့နယ် (၈)မြို့နယ်မှာ ပါဝင်သင့် ပါဝင်ထိုက်သော ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ အင်အားစုတွေ အားလုံး ပါဝင်တဲ့ ပြည်သူ့အခြေပြု အုပ်ချုပ်ရေး ယန္တရားကို ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ ” လို့ ဥက္ကဌ ခူဦးရယ်ကပြောပါတယ်။

IEC ကဖွဲ့စည်းလိုက်တဲ့ မြို့နယ် အုပ်ချုပ်ရေးကောင်စီတွေမှာ အဖွဲ့ဝင် ၇ ဦးကနေ ၉ ဦးအထိပါဝင်ပြီး ၊ သက်ဆိုင်ရာမြို့နယ်က ပြည်သူတွေ ရွေးကောက်တင်မြောက်ထားတဲ့ ကိုယ်စားလှယ် ၄ဦးကနေ ၆ ဦး အပြင် ဒေသအခြေစိုက်တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ မှ ကိုယ်စားလှယ် ၃ ဦးတို့ ပါဝင်ပြီး အုပ်ချုပ်ရေးယန္တရားကို လည်ပတ်နေကြတယ်လို့လည်း ခူဦးရယ်ကဆိုထားပါတယ်။

ယခင် အစိုးရအဆက်ဆက် မြေပုံအရ ကရင်နီပြည်မှာ မြို့နယ် ၇ မြို့နယ်သာ ရှိနေပေမဲ့ IEC ရဲ့ အုပ်ချုပ်ရေးယန္တရားအောက်မှာ မြို့နယ် ၁၆ မြို့နယ်အထိ ယန္တရားလည်ပတ်ဖို့ လျာထားချက်ရှိပြီး လက်ရှိမှာတော့ မြို့နယ် ၈ ခုအတွင်းမှာ အုပ်ချုပ်ရေးယန္တရားကိုလည်ပတ်နေတယ်လို့ IEC ရဲ့ အတွင်းရေးမှူး ၂ ဦးဗညားက ပြောပါတယ်။

” ကိုယ့်ဒေသကို ပိုပြီးတော့ အားကောင်းမောင်းသန်အုပ်ချုပ်နိုင်ဖို့က မြို့နယ်သေးသေးလေးဖြစ်အောင် ခွဲလိုက်တယ်ပေါ့ အဲ့လိုပုံစံနဲ့ လုပ်လိုက်တဲ့ပုံစံမျိုးဖြစ်တယ်ပေါ့နော။ ဒါကလည်း ကြားကာလမြို့နယ်ပဲဖြစ်တယ်။ နောက်ပြီးတော့ အသွင်ကူးပြောင်းရေးကာလရောက်ကျရင် သင့်လျော်တဲ့ အဆင်ပြေတဲ့မြို့နယ်တွေကို စုဖွဲ့မှာဖြစ်ပါတယ်ပေါ့။ bottom-up federalism, bottom-up Governance approach ကို သွားခြင်းဖြစ်ပါတယ်။” လို့ ဦးဗညားက ပြောပါတယ်။

IEC အနေနဲ့ ကိုယ့်ကြမ္မာကိုဖန်တီးခွင့်၊ တန်းတူညီမျှခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် စတာတွေကို အခြေခံတဲ့ ဖယ်ဒရယ်ဒီမိုကရေစီလမ်းကြောင်းကို လက်တွေ့ကျင့်သုံးနေတာဖြစ်ပြီး ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် အခြေခံကျတဲ့ အုပ်ချုပ်ရေး စနစ်တစ်ခုကို အုတ်မြစ်ချနေတာဖြစ်တယ်လို့လည်း ခူဦးရယ်က မိန့်ခွန်းမှာ ပြောဆိုထားပါတယ်။

ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) မှာ ဌာနပေါင်း (၈) ခုဖွဲ့စည်းထားပြီး ကဏ္ဍအလိုက် ဝန်ဆောင်မှု လုပ်ငန်းတွေကို ဆောင်ရွက်နေလျက် ရှိပါတယ်။

spot_img
spot_img

Recent posts