spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဗဟိုမှစိစစ်ရေး အကြောင်းမပြန်သည့်အတွက် သိမ်းဆည်းခံတောင်သူများအခက်တွေ့

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

သိမ်းဆည်းခံလယ်ယာမြေများပြန်ရရှိရန် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများပြန်လည်စိစစ်ရေး ဗဟိုကော်မတီသို့ တိုင်ထားသော်လည်း အကြောင်းပြန်ကြားပေးခြင်း မရှိသည့်အတွက် တောင်သူလယ်သမားများအခက်အခဲကြုံတွေ့နေကြရသည်ဟုသိရှိရသည်။

ဗဟိုမှ မည်သည့်အကြောင်းအရာမှ ပြန်လည် ဖြေကြားခြင်းမရှိသည့်အတွက် လွှတ်တော်တွင် ကြယ်ပွင့်မပြမေးခွန်းများမေးမြန်းခဲ့ရသည်ဟု လွိုင်ကော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်စည်သူကပြောပါသည်။

“ကျမတို့ level ကနေပို့လိုက်ပြီးပြီ အပေါ်ကနေပြန်မကျလာသေးဘူးဆိုတဲ့ဟာကိုတော့ ကျမတို့လည်းမသိတဲ့အတွက် ဘယ်လိုဖြေရမလဲပေါ့။ တပ်သိမ်းလိုက်တယ် သိမ်းလိုက်တဲ့အတွက် လူထုတွေအခက်အခဲရှိတယ် ဘာမှမသိဘဲနှင့် ကြားထဲမှာ စီမံကိန်းတွေလာလုပ်တယ် နောက်ပြီးတော့မှ ဝိုင်းတွေလာခတ်တယ်၊ ခြံစည်းတွေလာခတ်တယ်။ ဒါက သိမ်းသွားပြီးတော့မှပဲ မေးနေတုန်း ဗဟိုကိုအဆင့်ဆင့်မေးတယ် မကျလာသေးဘူး။” ဟု ဒေါက်တာခင်စည်သူကပြောသည်။

တပ်သိမ်းထားသည့်တောင်သူများ၏လယ်ယာမြေကို ပြန်လည်စွန့်လွှတ်ပေးရန် လယ်လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခြင်းခံရမှုများပြန်လည်စိစစ်ရေးဗဟိုကော်မတီသို့ တိုင်ထားဆဲအချိန်တွင် မြင်ပြင်ပေါ် တခြားသောစီမံကိန်းများဝင်လာခြင်း ၊ ခြံစည်းရိုးများခတ်လာခြင်းစသည့်လုပ်ရပ်များကြုံတွေ့လာရသည့်အတွက် တောင်သူများအခက်အခဲတွေ့နေကြရခြင်းဖြစ်သည်။

ထိုသို့ ကြယ်ပွင့်မပြမေးခွန်းမေးပြီးနောက် သက်ဆိုင်ရာမှ မြေမစွန့်လွှတ်နိုင်ကြောင်း အကြောင်းကြားလာခဲ့သည်ဟုဆိုသည်။

သိမ်းဆည်းခံလယ်ယာမြေနှင့် ပတ်သက်ပြီး ပြန်လည်စွန့်လွှတ်ရမည့် ကိစ္စရပ်များကို ဆောင်ရွက်ရာတွင် ဗဟိုမှ အကြောင်းမပြန်ကြားနိုင်သည့်အတွက် အောက်ခြေအဆင့်တွင် ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများမှာလည်း နှောင့်နှေးကြန့်ကြာမှုများရှိနေကြောင်း ပြည်နယ်ဝန်ကြီးချုပ်ဦးအယ်ဖောင်းရှိုလ်က ဒီဇင်ဘာလ ၉ ရက်နေ့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ပြောကြားခဲ့ခြင်းဖြစ်သည်ဟု ပြည်နယ်အစိုးရ၏ လူမှုစာမျက်နှာသတင်းတွေရေးသားဖော်ပြထားပါသည်။

တိုင်ကြားထားသည့်အမှုများတွင် တပ်သိမ်းမြေအများဆုံးဖြစ်သည်ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းအောင်(ခ) စဲရယ်က ပြောသည်။

“ဟိုးမြောက်တပ်ကော ၅၃ဝတို့ဘာတို့ကောသိမ်ထားတာရှိတယ်လေး။ ၁၀၂ တပ်ကသိမ်းတဲဟာဆိုရင် လယ်လည်းသိမ်းတယ်၊ ရွာလည်းသိမ်းတယ်ယာလည်းသိမ်းတယ်နောက်ပြီးတောမှ ဌာနဆိုင်ရာဆိုရင် စက်မှုလယ်ယာ စက်မှုလယ်ယာဝိုင်းထဲ မှာဧက ၁၅ ယူထားတယ် အမှန်ဆို ၅ ဧကဘဲယူရမှာ။ သိမ်းထားတာတောခပ်များများဘဲပေါ။” ဟု ဦးသိန်းအောင်(ခ) စဲရယ်က ပြောသည်။

လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ ၂၀၁ရခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် သတင်းထုတ်ပြန်ကြေညာချက်အရ ကယားပြည်နယ်တွင် ပေးပို့ထားသောတိုင်စာ ၉ ခု၊ ဆောင်ရွက်ပြီးတိုင်စာ ၃ ခု၊ ဆောင်ရွက်ဆဲ တိုင်စာ ၆ ခုဟု ဖော်ပြထားပါသည်။

spot_img
spot_img

Recent posts