spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဗိုလ်ချုပ်ကြေးရုပ် ထားရှိမည့်ကိစ္စ လူထုအသံနားထောင်ပါ

Author

Date

Category

အယ်ဒီတာအာဘော်

မြန်မာနိုင်ငံတစ်ဝန်း၌ ကြေးရုပ်ထားရှိသော အလေ့အထသည် ကယား(ကရင်နီ)ပြည်နယ်သို့ ကူးစက်လာကာ ဗိုလ်ချုပ်ကြေးရုပ်ကို လွိုင်ကော်မြို့ ာဂေန္ဓာဟေဝန်ပန်းခြံတွင်ထားရှိရန် ပြည်နယ်အစိုးရက ကမကထလုပ်ခဲ့သည်။

တိုင်းဒေသကြီးများတွင် အလွယ်တကူထားရှိလို့ရသည့် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်သည် ကယားပြည်နယ်၌မူ လူထုအကြား သဘောထားကွဲလွဲနေကြသည်ကို တွေ့ရသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာ့လွတ်လပ်ရေးဖခင်ဖြစ်၍ ကြိုက်နှစ်သက်သူရှိသလို ကယား(ကရင်နီ)ပြည်နယ်နှင့် ဗိုလ်ချုပ်သည် လုံးဝမသက်ဆိုင်ဟုယူဆကာ မနှစ်သက်သူများလည်း ရှိကြသည်။

သမိုင်းသို့ ပြန်လည်ကြည့်သောအခါ မြန်မာနိုင်ငံ၌ ကယားပြည်နယ်သည် နယ်ချဲ့လက်အောက်သို့ မကျရောက်ခဲ့သော တစ်ခုတည်းသော ပြည်နယ်ဖြစ်ပါသည်။

၁၉၄ရ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းမှ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိအောင် ပြန်လည်စွမ်းဆောင်နိုင်ခဲ့ပေသည်။ ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းကို မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဖခင်အဖြစ်နှင့် ချစ်ခင်လေးစားခဲ့ကြပေသည်။

သို့သော် ကယား(ကရင်နီ)ပြည်နယ်၌ ရှေးယခင်တည်းက ၎င်းတို့မြတ်နိုးရသည့် ရိုးရာ၊ ယဉ်ကျေးမှုများနှင့် ၎င်းတို့လေးစားတန်ဖိုးထားရသည့် အမျိုးသားခေါင်းဆောင်များရှိသည်။

နယ်ချဲ့လက်အောက်ခံမကျရောက်စေရန် ကာကွယ်ခဲ့သည့် တိုင်းရင်းသားနိုင်ငံရေး ခေါင်းဆောင်ကြီးများ ရှိပေသည်။ ထို့အတူ ၎င်းတိုင်းရင်းသားနိုင်ငံရေး ခေါင်းဆောင်ကြီးများကို တန်ဖိုးထားသည့် ခေါင်းဆောင်ကြီးအချို့လည်း သက်ရှိထင်ရှားရှိနေသေးသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် ကယား(ကရင်နီ)ပြည်နယ် နယ်ချဲ့လက်အောက်မကျရောက်ရန် ကာကွယ်ပေးခဲ့သည့် ပုဂ္ဂိုလ်မဟုတ်သော်လည်း မြန်မာနိုင်ငံလွတ်လပ်ရေးရရန်အတွက် စွမ်းဆောင်ပေးခဲ့သည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်ပေသည်။

ပြည်နယ်အတွင်းရှိ အရပ်ဖက်အဖွဲ့အစည်းများ၊ ဒေသခံများ၊ တိုင်းရင်းသားခေါင်းဆောင်များအချို့တို့သည် ကြေးရုပ်တည်ရန် လက်ခံသဘောတူခြင်းမရှိသေးပေ။ ဗိုလ်ချုပ်အောင်ဆန်းသည် ကယား(ကရင်နီ)ပြည်နှင့် မသက်ဆိုင်ကြောင်း လက်ခံထားခဲ့ကြသည်။

သို့ကြောင့် ကယားပြည်နယ်၌ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ထားရှိခြင်းသည် အရေးတကြီးလုပ်ရမည့် ကိစ္စမဟုတ်ပေ။ အများပြည်သူများ၏ဆန္ဒကိုခံယူပြီး ဆက်လုပ်သင့်/မလုပ်သင့်ကို ဆုံးဖြတ်ရန်ဖြစ်သည်။

ဗိုလ်ချုပ်ကြေးရုပ်ထားရှိရေး လက်ခံသူများနှင့် လက်သင့်မခံသူများ အားပြိုင်မှု ပိုပြင်းထန်လာသည်။ ၎င်းက ပြည်နယ်အတွင်းရှိ တိုင်းရင်းသားများ၏ အမျိုးသားညီညွှတ်ရေးကို ပိုမိုပျက်ပြားလာစေနိုင်သည်။
 
တစ်ဦးနှင့် တစ်ဦး၊ အစုအဖွဲ့တစ်ခုနှင့်တစ်ခု အမုန်းပွားစေရန်အတွက် ထိရှလွယ်ကူနေချိန်တွင် ပြည်နယ်အစိုးရအနေဖြင့် အချိန်အတိုင်းအတာတစ်ခုထိသော်လည်းကောင်း၊ လူထုဆန္ဒခံယူခြင်းဖြင့်သော်လည်းကောင်း ပြုလုပ်ကာ ဆောင်ရွက်သင့်ပါကြောင်း တိုက်တွန်းအပ်သည်။
spot_img
spot_img

Recent posts