ဗုိုလ်ချုပ်ကြေးရုပ်၊ ဒေသတွင်းတည်ငြိမ်အေးချမ်းမှု၊ လုံခြုံမှုနှင့် တိုင်းရင်းသားစည်လုံးညီညွတ်ရေး

ထူးချစ်ရေးသားသည်။

ကရင်နီ(ကယား) ပြည်နယ်၊ လွိုင်ကော်မြို့ ကန္ဒာဟေဝန်ပန်းခြံတွင် ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူရန်၊ အမျိုးသားဒီမိုုကရေစီအဖွဲ့ချုပ်၊ ပြည်နယ်အစုိုးရမှ ၂၀၁၈-ခုနှစ် နှစ်ဦးပိုင်းကစပြီး ပြင်ဆင်ဆောင်ရွက်ချက်များပြုလုပ်ခဲ့သည်။

အဆိုပါလုပ်ငန်း အကောင်အထည်ဖော်မည်ဟုကြားသည့် အချိန်မှစတင်ပြီး၊ အမျိုးသားဒီမိုကရေးစီအဖွဲ့ချုပ်( NLD) ပါတီကို နိုင်ငံရေးအရ ဝိုင်းရံခဲ့ဖူးသည့် တိုးတက်သောအမြင်ရှိသည့် ကရင်နီလူငယ်များဦးဆောင်ပြီး ကန့်ကွက်မှုများ ပြုလုပ်ခဲ့ကြပါသည်။ ကရင်နီလူငယ်များအနေနှင့်၊ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်စိုက်ထူခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဒေသတွင်းပြဿနာများ၊ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပုံရိပ်ထိခိုက်လာနိုင်မှုများကို လူငယ်များအနေနှင့် ကြိုတင်တွက်ချက်ထားပုံရ၏။

ကရင်နီလူငယ်များအနေနှင့် ကရင်နီ( ကယား) ပြည်နယ် ကန္ဒာဟေဝန်ပန်းခြံတွင် ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူမည့်ကိစ္စနှင့်ပတ်သက်ပြီး ကရင်နီသမိုင်းကြောင်းနှင့်အတူ ဒေသခံလူထုများအကြား ကန့်ကွက်စာများဖြန့်ဝေခဲ့၏။ ငြိမ်းချမ်းစွာ လက်ကမ်းစာစောင်များ ဖြန့်ဝေမှုနှင့် အဆိုပါလူငယ်များ အဖမ်းခံ၊ တရားစွဲခံခဲ့ကြရ၏။

(၁၀၊ ၈၊ ၂၀၁၈) ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရသည့် လူငယ်ဦးရေမှာ (၂၃) ဦးအထိရှိခဲ့၏။ ဒေသတွင်းမတည်ငြိမ်မှုများ တစ်စုံတစ်ရာဖြစ်ပေါ်ခဲ့၏။ လူငယ်များအနေနှင့်လည်း တစ်စိုက်မတ်မတ် ဗိုလ်ချုပ်ကြေးရုပ်မတည်ဆောက်ရေးကိစ္စကို ဒေသခံပြည်သူများနှင့် ပူးပေါင်းပြီး ငြိမ်းချမ်းစွာတောင်းဆိုခဲ့ကြ၏။ တစ်ချိန်ထဲမှာပင် အစုိုးရအနေနှင့် ကျောထောက်နောက်ခံ ပြုပေးထားသည့် ဗိုလ်ချုပ်ကြေးရုပ် ထားရှိရေးအား ထောက်ခံသည့်အဖွဲ့များမှ ဆန္ဒထုတ်ဖော်ပွဲများပြုလုပ်ခဲ့ကြ၏။

ထောင်သောင်းချီသည့် ဒေသခံဌာနေတုိုင်းရင်းသားများအနေနှင့် ကန့်ကွက်မှုကြားကပင် ၂၀၁၉ ဖေဖော်ဝါရီလ ၂ရက်နေ့မှာ ပြည်နယ်အစုိုးရမှ ကြီးမှူးပြီးကြေးရုပ်ကုို တရားဝင်ဖွင့်လှစ်ပေးခဲ့၏။

“ကျနော်တို့ကအိမ်ကောင်းကောင်း၊ ရေမီးအပြည့်အစုံနဲ့ မြိုပေါ်(လွိုင်ကော်) မှာနေနေရတယ်။ ဌာနေတိုင်းရင်းတွေက တောထဲနဲ့ မဖွံ့ဖြိုးသေးတဲ့ ဒေသတွေမှာ ဆင်းဆင်းရဲရဲနဲ့ အခုထိနေရတုန်းပဲ အဲ့ဒီအတွက် ကျနော်တုို့စိတ်မကောင်းဘူး˝ ဟု လွိုင်ကော်မြို့ပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောခဲ့ဖူး၏။

 ̏ ကျနော်တို့ ဗမာရပ်ကွက်တွေကို ကြေးရုပ်ထောက်ခံပွဲချီတက်ဖို့ လူတောင်းဖူးတယ်။ ကျနော်တို့ကတော့ အကြောင်းအမျိုးမျိုးပြပြီး မပါဝင်ခဲ့ဘူး˝ ဟု ကရင်နီ(ကယား) ပြည်နယ်မှာမွေးဖွားကြီးပြင်းခဲ့သည့် မကွေးတုိုင်းဒေသကြီး၊ နတ်မောက်သား၊ ဗမာအမျိုးသားတစ်ဦးမှ ရှင်းပြခဲ့သည်။

̏ ကျနော်တို့ မျက်နှာပူရတယ်။ ကျနော်တုို့ ဗမာလူမျိုးတွေနဲ့ ဒေသခံဌာနေတုိုင်းရင်းသားတွေ တစ်ခါမှပြဿနာမဖြစ်ခဲ့ဖူးဘူး။ အခုုတော့ အချင်းချင်း သွေးခွဲသလိုုဖြစ်နေတယ်။ ကျနော်တုို့ ဘဝတွေမလုုံခြုံတော့ သလိုခံစားခဲ့ရတယ်˝ ဟု ၎င်းမှဆက်လက်ပြောကြားခဲ့၏။

ကရင်နီ(ကယား) ပြည်နယ်မှာ ကြီးပြင်းပြီး ဒေသခံလိုဖြစ်နေသည့် ဗမာနှင့် အခြားတုိုင်းရင်းသားများမှ ဒေသခံဌာနေတုိုင်းရင်းသားများ၏ ဘဝကုိုစာနာ နားလည်ကြ၏။ ဗိုုလ်ချုပ်ကြေးရုုပ ်စုိုက်ထူခြင်းနှင့်ပတ်သက်ပြီး ဒေသတွင်းအေးချမ်းတည်ငြိမ်မှုကုို ထိခိုက်မည်ကုို သူတို့အနေနှင့် စိုးရိမ်နေကြ၏။

ကရင်နီ(ကယား) ပြည်နယ်တွင်း အကြီးဆုံး လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး၊ ၂၀၁၂-ခုုနှစ်တွင် ယခင်အစုိုးရနှင့် ပြည်နယ်အဆင့် ငြိမ်းချမ်းရေးလက်မှတ် ရေးထိုးထားသည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)မှ ကြားဝင်စေ့စပ်ပေးရသည့် အခြေအနေသို့ပင် ဆိုက်ရောက်လာပါသည်။ ဗိုုလ်ချုပ်ကြေးရုုပ်ကိစ္စနှင့် ပတ်သက်ပြီး ဒေသတွင်း ဆူပူမှုများ ဖြစ်ပေါ်မည်ကိုစိုးရိမ်ပြီး ပြည်နယ်အတွင်း အေးချမ်းစွာအတူတကွ နေထိုင်လိုကြသည့် ပြည်နယ်သားများ အချင်းချင်း စိတ်ဝမ်းကွဲများမှုများ မဖြစ်ပေါ်စေရန်အတွက်

KNPP က (၈၊ ၂၊ ၂၀၁၉) ရက်နေ့ ရက်စွဲဖြင့် နိုင်ငံတော်သမ္မတနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌထံလိပ်မူကာ အိတ်ဖွင့်ပေးစာတစ်စောင်ပေးပို့ခဲ့၏။

အဆိုပါအိတ်ဖွင့်ပေးစာတွင်  ဗိုလ်ချုပ်အောင်ဆန်းအနေနှင့် ဗမာပြည်လွတ်လပ်ရေးရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်သော ကာလများအတွင်း ထိုသို့သောသမိုင်းမှန်များကို သိရှိပြီး အပြန်အလှန်အသိအမှတ်ပြု လေးစားသောအားဖြင့် ၁၉၄၆-ခုုနှစ်၊ ဧပြီလ(၃၀) ရက်နေ့တွင် ဗမာပြည်နှင့် ကရင်နီပြည်ချစ်ကြည်ရေးအဖြစ် အတူတကွဓာတ်ပုံရိုက်ခြင်းနှင့် ၁၉၄၆-ခုနှစ်၊ ဒီဇင်ဘာလ(၂၄)ရက်နေ့တွင် နှစ်ပြည်ထောင်ချစ်ကြည်ရေးကို ထောက်ရှုပြီး လွိုင်ကော်မြို့သို့ လာရောက်ကာ ကရင်နီခေါင်းဆောင်များ လူထုကိုယ်စားလှယ်များနှင့်တွေ့ဆုံပြီး ပြောဆိုခဲ့သည့်များကို ဖော်ပြခဲ့ပါသည်။ ယခုကဲ့သို့ ကရင်နီ(ကယား) ပြည်နယ်အတွင်း ပြဿနာများ ဖြစ်ပေါ်နေခြင်းနှင့် တည်ငြိမ်အေးချမ်းမှုများ မတည်ဆောက်နိုင်ခြင်းသည် ကရင်နီအမျိုးသားတိုးတက်ရေးပါတီမှ လက်ရှိလျှောက်လှမ်းနေသည့် ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးဖြစ်စဉ်အပေါ် အဟန့်အတားဖြစ်ပေါ်စေခြင်းနှင့် အခက်အခဲများ ဖြစ်ပေါ်စေခဲ့သည် ဟု အဆိုပါ အိတ်ဖွင့်ပေးစာတွင် အတိအလင်းဖော်ပြခဲ့ပါသည်။

သို့သော်လည်း ပြည်နယ်အစိုးရဝန်ကြီးချုပ်မှ အပြုသဘောဆောင် တုန့်ပြန်အဖြေရှာခြင်းမပြုခဲ့သည့်အပြင် တပ်မတော်အားလိုအပ်လျှင် လိုအပ်သလို ညွှန်ကြားသွားမည်ဟုပင် တိကျရှင်းလင်းစွာ ခြိမ်းခြောက်ပြောဆို တုန့်ပြန်ခဲ့ပါသည်။

(၁၂၊ ၂၊ ၂၀၁၉ ) ရက်နေ့တွင် ဗိုလ်ချုပ်ကြေးရုပ်ဖယ်ရှားရေး။ အဆိုပါ ကြေးရုပ်တည်ဆောက်မှုတွင် အဓိကတာဝန်ရှိသည့် ပြည်နယ်ဝန်ကြီးချုပ်နှင့် စီမံဘဏ္ဍာဝန်ကြီး နုတ်ထွက်ပေးရေးတိုကို တောင်းဆိုသည့် ထောင်သောင်းချီသည် ဌာနေတိုင်းရင်းသားတို့နှင့် လူငယ်များ၏ ငြိမ်းချမ်းစွာတောင်းဆိုဆန္ဒထုတ်ဖော်မှုကို ရဲတပ်ဖွဲ့က ရာဘာကျည် သေနတ်ဖြင့်ပစ်ခတ်ခဲ့၏။ ရိုက်နှက်ဖြိုခွဲခဲ့၏။ အဆိုပါ ဆန္ဒထုတ်ဖော်ပွဲတွင် လူငယ်(၂၁) ဦးဒါဏ်ရာရခဲ့ပါသည်။ ကမာ္ဘ့သမိုင်းဝင်ခဲ့သည့် (၈၈၈၈) လူထုအရေးတော်ပုံအတွင်း ဆန္ဒပြခဲ့သည့် ဒီမိုကရေစီတိုက်ပွဲဝင်ကျောင်းသားများကိုပင် ယုတ်မာရက်စက်သည်ဆိုသည့် စစ်အစိုးရလက်ထက်တွင်ပင် ကယားပြည်နယ်တွင် သွေးမစွန်းခဲ့ဖူးပါ။

ပြည်နယ်အစိုးရမှ ဗိုလ်ချုပ်ကြေးရုပ်နှင့် ပတ်သက်ပြီးလူငယ်များနှင့် အကြိမ်ကြိမ် ဆွေးနွေးအဖြေရှာခဲ့၏။ ဗိုလ်ချုပ်ကြေးရုပ်ဖယ်ရှားရေး ပြုလုပ်မည်အထိ သတင်းများ ထွက်ခဲ့၏။ သို့သော်လည်း နောက်ဆုံးတွင် ဗိုလ်ချုပ်ကြေးရုပ် မဖယ်ရှားရေးမူကို ခိုင်ခိုင်မာမာဆုပ်ကိုင်ထားပုံရ၏။ ဗိုလ်ချုပ်ကြေးရုပ်နှင့်ပတ်သက်ပြီး ဦးဆောင်ခဲ့သည့် ကရင်နီလူငယ်(၆)ဦးကို ဖမ်းဝရမ်းထုတ်ပြီး ဖမ်းဆီးမှုများအထိ ပြုလုပ်ခဲ့၏။

“ကယားပြည်နယ်အစိုးရရဲ့  ပြည်နယ်အတွင်းဖြစ်ပွားနေတဲ့ ပြဿနာတွေကို ကိုင်တွယ်ပုံ အထူးသဖြင့် လူထုဆန္ဒကိုဖီဆန်သည့် ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ ကိုင်တွယ်ပုံက KNPP ရဲ့  ငြိမ်းရေးဖြစ်စဉ်ကို အဟန့်အတားဖြစ်စေပါတယ်။ ငြိမ်းချမ်းရေးလမ်းစဉ်ရဲ့ယုံကြည်မှုကို ကျဆင်းစေပါတယ်။ ခြေလှမ်းတွေ နောက်ဆုတ်သွားအောင် တွန်းပို့နေသလိုဖြစ်တယ်။ KNPP အနေနဲ့တော့ ဒီကြေးရုပ်ပြသာနာကို ဖြေရှင်းနိုင်ဖို့ စာနဲ့ရော လူချင်းတွေ့ပြီးတော့ရော၊ အလွတ်သဘောနဲ့ရော၊ တရားဝင်နည်းလမ်းပေါင်းစုံနဲ့ အစိုးရကိုပြောပါတယ် ဗဟိုအဆင့်ထိပေါ့။ ဒါပေမယ့် အခုအချိန်အထိ ဖြေရှင်းနိုင်တာမရှိပါဘူး˝ ဟု KNPP ၏ပြောရေးဆိုခွင့်ရှိသူ နဲနယ်ပလိုးက ပြောပါတယ်။

၂၀၁၉ -ခုနှစ်၊ ဇူလိုင်လ(၁၇-၁၈) ရက်တွေမှာ အစိုးရက ဖွဲ့စည်းထားတဲ့ NRPC၊ တပ်မတော်နှင့် KNPP တို့တွေ့ဆုံဆွေးနွေးပွဲတွင် ဗိုလ်ချုပ်ကြေးရုပ်ကိစ္စနှင့်ပတ်သက်ပြီး ထည့်သွင်းဆွေးနွေးခဲ့သည်ဟု ပြောပါသည်။

ကြေးရုပ်ကိစ္စနှင့်ပတ်သက်ပြီး ဖမ်းဝရမ်းထုတ်ခံထားရသည့် ကရင်နီလူငယ်များအနေဖြင့် (၂၁၊ ၆၊ ၂၀၁၉) ရက်နေ့တွင် ကျရောက်သည့်  ၁၄၄ကြိ်မ်မြောက် ကရင်နီအမျိုးသားနေ့သို့ တက်ရောက်လာပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါသည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ၂၀၂၀-ခုနှစ် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကိုမဲမပေးကြဖို့နှင့် ပူးပေါင်းဆောင်ရွက်မှုမလုပ်ကြရန် ကရင်နီလူငယ်များက အခမ်းအနားသို့ တက်ရောက်လာသည့် ဒေသအသီးသီးမှ ကိုယ်စားလှယ်များနှင့် ဒေသခံပြည်သူများကို အတိအလင်းတိုက်တွန်းခဲ့ပါသည်။ တချိန်ထဲမှာပင် အဆိုပါ လူငယ်များ အဖမ်းခံခဲ့ပါသည်။ ဌာနေတိုင်းရင်းများ၏ ရင်ဘတ်အတွင်းသို့ ဆူးအကြီးကြီးဝင်ခဲ့ပါပြီ။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပြိုကွဲခဲ့ပါပြီ။ ပြည်နယ်တွင်း စိတ်ဝမ်းကွဲများမှုများ တိုးပွားလျှက်ရှိနေပြီ ဖြစ်ပါသည်။

“ကျနော်တို့ငယ်ငယ်ထဲက၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ တိုင်းချစ်၊ ပြည်ချစ်စိတ်၊ မဟုတ်မခံစိတ်၊ ရဲစွမ်းသတ္တိ၊ လုပ်ရဲကိုင်ရဲစိတ်နဲ့ရိုးသားဖြောင့်မတ်မှုကို လေးစားပြီး သူ့လိုကျင့်ကြံလာခဲ့ကြတာပါ၊ သူ့ကိုကျနော်တို့အနေနဲ့ ကလေးစားထားပြီးသား၊ အခုလိုသူ့ ရဲ့ရုပ်ထုတွေ၊ တိုင်းရင်းသားဒေသတွေမှာ (မလိုအပ်ဘဲ)လိုက်ပြီးစိုက်ထူနေတာဟာ အမျိူးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဆိုးကျိုးတွေကိုဘဲ ရင်ဆိုင်ရမယ်လို့ မြင်ပါတယ်“ ဟု ကရင်နီအမျိုးသားခုခံတော်လှန်ရေးတပ်မတော်၊ ဒုတိယစစ်ဦးချုပ် ဗိုလ်ချုပ်အောင်မြတ်ကပြောပါတယ်။

အမျိုးသားဒီမိုကရေစီ ခေါင်းဆောင်များအနေနှင့် အမျိုးသားရင်ကြားစေ့ရေးဟု အကြောင်းပြကာ ပြည်သူများလွန်စွာရွံရှာမုန်းတီးခဲ့သည့် စစ်အာဏာရှင် စစ်ဗိုလ်ချုပ်ကြီးများကို လူသိရှင်ကြား ရိုသေလေးစားမှုများ၊ နားလည်ခွင့်လွတ်နိုင်မှုများကို အစဉ်တစိုက်ပြသနေ၏။ ပါတီခေါင်းဆောင် ဝန်ကြီးချုပ်တစ်ဦးမှဆိုလျှင် လူထုအနေနှင့် လွန်စွာစက်ဆုတ်ရွံရှာခဲ့သည့်(တိုင်းပြည်ပျက်စီးရန် အဓိကဆောင်ရွက်ခဲ့သည့်)  ထောက်လှမ်းရေးအကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီးကို လူသိရှင်ကြား လူမြင်ကွင်းတွင် ခြေသုတ်ပုဆိုးမြွေစွယ်ကျိုးကဲ့သို့ အရုိုအသေပေး လေးစားကြည်ညိုမှုကို ပြသခဲ့၏။ ပါတီခေါင်းဆောင်ကြီးမှလည်း စစ်အာဏာရှင်ဟောင်းကြီးအား “Uncle ရှင့်“ ဟုလိပ်မူပြီးရိုသေလေးစားမှု၊ ခွင့်လွတ်မှု၊ ပူးပေါင်းဆောင်ရွက်လိုမှုများ အဓိပ္ပါယ်သက်ရောက်သည့် ပုဂ္ဂိုလ်ရေးစာတစ်စောင်ကို ရေးသားပေးပို့ခဲ့ဖူး၏။

အမျိုးသားရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားအရေးကို ဆောင်ရွက်လုပ်ကိုင်နေသည်ဆိုသည့် နိုင်ငံရေးပါတီတစ်ခုအနေနှင့် မိမိတို့ပါတီကို အစဉ်ထောက်ခံခဲ့သည့် ရိုးသားတက်ကြွသည့် ဌာနေတုိုင်းရင်းလူငယ်ခေါင်းဆောင်များအား  “ သားတို့ရေ“ လို့ ခေါ်ပြီး မည်သည့်အတွက်ကြောင့် ညှိနှိုင်းဆောင်ရွက်မှုများ မလုပ်နိုင်ခဲ့သည်ကိုတော့ ပင်ပန်းခက်ခဲစွာ နားလည်ခဲ့မိ၏။ အဆိုပါလူငယ်များ၊  ဒေသခံများအနေဖြင့် မိမိတို့မိသားစုဘဝနှင့် တန်ဖိုးရှိသည့် ငယ်ရွယ်နုပျိုသည့် အချိန်များကို အဆိုပါ ပါတီအတွက်ပေးဆပ်ခဲ့ဖူးကြ၏။

၎င်းတို့သည် တိုးတက်သောအမြင်ရှိကြ၏။ ပြည်တွင်းငြိ်မ်းချမ်းရေးကိုလိုလားကြ၏။ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို နှစ်နှစ်ကာကာ ယုံကြည်သူများဖြစ်ကြ၏။ ပြည်နယ်အတွင်း ဗိုလ်ချုပ်ကြေးရုပ်တည်ဆောက်ခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများကို သူတို့ခန့်မှန်းနိုင်ကြ၏။ ပြည်နယ်တွင်း မတည်ငြိမ်မှု၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပြိုကွဲနိုင်မှု၊ ဒေသတွင်း ရွှေ့ပြောင်းလာရောက် လုပ်ကိုင်စားသောက်နေကြသည့် ဗမာလူမျိုးများ၏ ဘဝမလုံခြုံမှုများနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ပါတီပုံရိပ်ကျဆင်းနိုင်မှုများကို သူတို့သုံးသပ်နိုင်ခဲ့ကြ၏။

ကရင်နီပြည်နယ်သူ/သားများအနေနဲ့ ဗိုလ်ချုပ်ကြေးရုပ် ကန့်ကွက်ဆန္ဒပြခဲ့ခြင်းဟာ ဒေသခံဌာနတိုင်းရင်းသားများအရေး၊ ဒီမိုကရေးစီအရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ဒေသတွင်းတည်ငြိမ်းအေးချမ်းရေးတို့  ထိခိုက်မည်စိုးရိမ်သည့်အတွက် ဆန္ဒပြခဲ့ကြခြင်းဖြစ်၏။ မလိုအပ်ဘဲ ပြဿနာသေးသေးလေးကို ပုံကြီးချဲ့နေကြခြင်းမဟုတ်၊ ပြဿနာကို မီးခွက်ထွန်း ရှာနေကြခြင်းလည်းမဟုတ်။ စာရေးဆရာတစ်ဦးပြောသလို

“ဆင်အဝှာ အနာလုပ်နေတာတော့ဟုတ်မယ်မထင်“ လူငယ်များအနေနှင့် ဒေသတွင်းငြိမ်းချမ်းရေးနှင့် ဌာနေတိုင်းရင်းသားအခွင့်အရေးကို ကြိုးစားကာကွယ် နေကြသူများသာဖြစ်ပါကြောင်း။

Comments

comments

Next Post

ဘဝကို အရှုံးမပေးဘဲ နိုင်ငံတကာတက္ကသိုလ်ကျောင်းတက်ခွင့်ရဖို့ ကြိုးစားခဲ့သူ

Thu Aug 8 , 2019
ကရင်နီသူရေးသားသည်။ လွိုင်ကော်မြို့နယ်၊ နိုးကိုးစံပြကျေးရွာက အဖေဦးညေးရယ်နဲ့ အမေဒေါ်နန်းစေးတို့ကနေ မွေးဖွားလာတဲ့ မောင်နှမငါးယောက်အနက် အငယ်ဆုံးဖြစ်သူ ခူးဆော်ရယ်ဟာ ဩဂုတ်လ ၁ ရက်နေ့ ၂၀၁၉ခုနှစ်ကနေစပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာရှိတဲ့ နိုင်ငံခြားတက္ကသိုလ်တစ်ခုမှာ Child Dream က ထောက်ပံ့ပေးတဲ့ စကောလားရှစ်ကို ယူပြီး လေးနှစ်တိုင် တက်ရောက်ကာ ပညာသင်ယူခွင့်ရပြီဖြစ်ပါတယ်။  ခူးဆော်ရယ်ဟာ သာမန်တောင်သူမိသားစုကနေ မွေးဖွားလာပြီး ငယ်စဉ်ကတည်းက မွေးမိခင်ရဲ့စောင့်ရှောက်မှုကို မခံခဲ့ရဘဲ အဖိုးအဖွား၊ အစ်ကို အစ်မတွေရဲ့ ဖေးမစောင့်ရှောက်မှုတွေနဲ့ ပညာသင်ကြီးပြင်းလာခဲ့ရသူ ဖြစ်ပါတယ်။  မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းတွေကို ကိုယ့်မွေးရပ်မြေမှာပဲ တက်ရောက်ပညာသင်ခဲ့ပြီး၊ အထက်တန်းပညာကို ဆက်လက်မသင်ယူတော့ဘဲ ဒီးမော့ဆိုမြို့မှာဖွင့်လှစ်တဲ့ ဆယ်သဲသင်ယူလေ့လာရေးဆုံရပ်ကိုပဲ ဆက်လက်တက်ရောက် ခဲ့ပါတယ်။  ဆယ်သဲသင်ယူလေ့လာရေး ဆုံရပ်ဆိုတာ လူငယ်တွေအတွက် ပညာရပ်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ဖို့၊ လူထုအဖွဲ့အစည်းတွေမှာ ဝင်ဆံ့နိုင်အောင် သင်ကြားပေးတဲ့ ကျောင်းတစ်ကျောင်းပဲ ဖြစ်ပါတယ်။ ၂၀၁၃ခုနှစ်က စတင်ဖွင့်လှစ်ခဲ့တာ အခုဆိုရင် ရ နှစ်အတွင်း ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ကျောင်းသူကျောင်းသားပေါင်း ၃၀ဝနီးပါးခန့်ကို မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။  ဒီလိုပဲ ခူးဆော်ရယ်ဟာလည်း ဆယ်သဲသင်ယူလေ့လာရေးဆုံရပ်ကျောင်းမှာ ၂၀၁၄မှာပြီးသွားတဲ့ ကျောင်းသားတစ်ယောက် ဖြစ်ပါတယ်။ သင်ကြားပေးမယ့် ဘာသာရပ်တွေကြောင့်လည်းပါသလို၊ ကိုယ်ကိုယ်၌ကလည်း နောင်တစ်ချိန် ခေါင်းဆောင်တစ်ဦးဖြစ်ချင်တာတွေကြောင့် ဆယ်သဲသင်ယူလေ့လာရေး ဆုံရပ်ကို ရွေးချယ်လိုက်တယ်လို့ ဆိုပါတယ်။  သူဟာဆိုရင် ၂၀၀၉-၁၀ ပညာသင်နှစ်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲမအောင်လို့ စိတ်ဓာတ်တွေကျကာ ကျောင်းထွက်ပြီးတော့ အပြင်မှာ သုံးနှစ်လောက်အလုပ်လုပ်ခဲ့ပါတယ်။  ̏ ကျွန်တော် ဆယ်တန်းဖြေပြီး ဆယ်တန်းကျတဲ့အချိန် အိမ်ကလူတွေက၊ ကျွန်တော့်ရဲ့မိသားစုတွေကပေါ့ နောက်တစ်နှစ်ပြန်ကြိုးစားပါဦးပေါ့။ ဆိုတော့ ကျွန်တော်က ပညာရေးဆို လုံးဝအရှုံးပေးပြီပေါ့နော၊ ကျောင်းတက်ရမယ့် ကိစ္စလုံးဝမပြောတော့နဲ့ ဆိုတဲ့အဆင့်ထိ ကျွန်တော်ဆုံးဖြတ်ခဲ့တယ်။” လို့ ဆော်ရယ်က ပြောပါတယ်။ အဲဒီနောက်မှာမှ ဆယ်သဲသင်ယူလေ့လာရေးဆုံရပ်ကျောင်းကို ကြားသိခဲ့ရပြီး ကျောင်းပြန်တက်ချင်စိတ်တွေ ရှိလာခဲ့တယ်လို့ ဆိုပါတယ်။  “ဆယ်သဲရောက်ရှိလာတဲ့ အချိန်မှာ ကျွန်တော့်အနေနဲ့ ကျွန်တော် ပြန်တွေးကြည့်မိတာကတော့ ကိုယ့်ကံက ဒီဘက်ပဲပါတယ်လို့ ကျွန်တော်ထင်တယ်ပေါ့နော။˝ လို့ ပညာရေးကို အရှုံးပေးချင်စိတ် ဖြစ်ခဲ့ဖူးတဲ့အကြောင်း ပြောပြသွားပါတယ်။ ဆော်ရယ်လိုပဲ ဆယ်သဲသင်ယူလေ့လာရေးဆုံရပ်ကျောင်းကနေပညာသင်ကြားခဲ့ကြတဲ့သူတွေဟာ ပြည်နယ်အတွင်းမှာရှိတဲ့ လူမှုအဖွဲ့အစည်းတွေထဲမှာ ဝင်ရောက်တာဝန်ထမ်းဆောင်နေကြသလို၊ တချို့ကလည်း အစိုးရဝန်ထမ်း၊ တချို့ကလည်း ကိုယ်ပိုင်အလုပ်၊ တချို့ကလည်း ပညာဆက်လက်သင်ယူနေကြဆဲ စသည်ဖြင့် နေရာအသီးသီးမှာ ကိုဒူးကိုယ်ချွန် ဖြစ်နေကြပါတယ်။  ဆော်ရယ်ကတော့ ဆယ်သဲကျောင်းပြီးသွားတော့ ပညာဆက်လက်လေ့လာဆည်းပူးမှုတွေ ကြိုးစားသင်ယူခဲ့ပါတယ်။ ဆယ်သဲကနေ ၂၀၁၄ခုနှစ်ကျောင်းပြီးတော့ ထိုင်းနိုင်ငံမှာရှိတဲ့ ကရင်နီဒုက္ခသည်စခန်းက ကရင်နီအမျိုးသားကောလိပ်(KnNC)မှာ ဇွဲလုံ့လမလျှော့သေးဘဲနဲ့ ပညာဆက်လက် သင်ယူခဲ့ပြန်ပါတယ်။ KnNC ကျောင်းကို ထပ်တက်ဖို့ သူရွေးခြယ်ခဲ့ရခြင်းက နိုင်ငံတကာကျောင်းတစ်ခုခုမှာ ကျောင်းဆက်လက်တက်လှမ်းနိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်ပဲလို့ သိရပါတယ်။ ဒီကျောင်းကို ဆက်တက်ခွင့်ရဖို့လည်း အများကြီးကြိုးစားခဲတယ်လို့ ဆိုပါတယ်။  “KnNCတက်နိုင်ဖို့က ကျောင်းက သတ်မှတ်ထားတဲ့ ဝင်ခွင့်စာမေးပွဲကို ကျွန်တော်အောင်ခဲ့လို့ ကျောင်းတက်ခွင့်ရခဲ့တာပါ။ ပြီးတော့ ကိုယ့်ရဲ့ ကြိုတင်ပြင်ဆင်မှုတွေ အများကြီးလုပ်ရပါတယ်။ ဥပမာ- ဖြေရမယ့် ဘာသာရပ်တွေ စာကြိုကြည့်ရတယ်။” လို့ ခူးဆော်ရယ်က ရှင်းပြပါတယ်။  အဲ့ဒီကောလိပ်ကို သုံးနှစ်တိတိကြိုးစားသင်ယူခဲ့ပြီးတော့ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာရှိတဲ့ မင်းမဟော်(Minmahaw Higher Education Program)ကို တစ်နှစ်ပညာသင်ယူခွင့်ရရှိခဲ့ပါတယ်။ KnNC ကနေ မင်းမဟော်ကျောင်းကိုတက်ခွင့်ရဖို့ လျှောက်လွှာတွေတင်ပြီးတော့ ဝင်ခွင့်ဖြေဆိုရပါတယ်။ အဲဒီနောက် အင်တာဗျူးတွေဖြေပြီးအောင်မှ အဲဒီမင်းမဟော်ကျောင်းကိုတက်ရပါတယ်။  အဲဒီကျောင်းမှာတော့ အဓိက အင်္ဂလိပ်စာကို ထပ်မံသင်ယူခွင့်ရခဲ့တာဖြစ်ပါတယ်။ အင်္ဂလိပ်စာကို တစ်နှစ်သင်ယူပြီးနောက်မှာ General Education Development (GED)ဆိုတဲ့ အမေရိကန်က မေးခွန်းတွေ ဖြေခဲ့တယ်လို့ ဆိုပါတယ်။ မေးခွန်းအဆင့်ဆင့်တွေ ဖြေဆိုအောင်မြင်ခဲ့ပြီးတော့ အခုဆိုရင်သူက ဘန်ကောက်တက္ကသိုလ်မှာ ပညာဆက်လက်တက်ရောက်သင်ယူဖို့ စကောလားရှစ် ရယူနိုင်ခဲ့ပါပြီ။  ဒါကြောင့် ဩဂုတ်လ ၁ရက်နေ့မှာပဲ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ Asia-Pacific International University (AIU) ကိုတက်ရောက်ခွင့်ရတော့မယ်လို့သိရပါတယ်။ သူယူထာတဲ့ အထူးပြုဘာသာရပ်ကတော့ (Education)ပညာရေး အထူးပြုဘာသာရပ်ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ကရင်နီပြည်က လူငယ်တွေ ထိုင်းနိုင်ငံ(ဘန်ကောက်)၊ အိန္ဒိယ အစရှိတဲ့ နိုင်ငံတို့မှာ တက္ကသိုလ်တက်ခွင့်ရသွားတဲ့ လူငယ်တွေ မနည်းပါဘူး။ […]