spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်မိတဲ့ ‌မိသားစုဝင်သုံးဦးအနက် ၃နှစ်အရွယ် ကလေးငယ်မှာ အသက်အန္တရာယ် စိုးရိမ်ရ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့ ဇူလိုင်လ ၄ ရက်နေ့ မနက် ၂နာရီဝန်းကျင်မှာ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း စစ်ရှောင်စခန်းတစ်နေရာကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်မိတဲ့ မိသားစုဝင် ၃ဦးအနက် အသက် ၂နှစ် ၁၀လအရွယ်ကလေးတစ်ဦးမှာ စိုးရိမ်ရတဲ့ အခြေအနေမှာရှိတယ်လို့ အနီးအနားက စစ်ရှောင်တစ်ဦးက ပြောပါတယ်။

“မိသားစု(၃ )ယောက်စလုံးပေါ့၊ ကလေးတစ်ယောက်ရယ်၊ သူ့အဖေရယ်၊ သူ့အမေရယ်၊ သုံးယောက်၊ ကျား၂ ဦး မ ၁ဦး၊ စိုးရိမ်ရတဲ့ အခြေအနေတော့ရှိတယ်။ မိခင်က ခွဲခန်းအထိ ဝင်ရမယ်၊ ဖခင်တော့ ဓာတ်မှန် ရိုက်ရမှာပေါ့။ ကလေးကလည်း ရောဂါအခံရှိတယ်၊ သူငိုလိုက်ရင် ခနခဏတက်တယ် အဲ့လိုဖြစ်တယ်၊ ခေါင်းမာထိတယ်ဆိုတော့ ပိုပြီးတော့ စိုးရိမ်ရတယ်ပေါ့နော။”လို့ စစ်ရှောင်တစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီက လေယာဉ်နဲ့ လေးကြိမ်ခန့် ပစ်ခတ်ခဲ့ပြီး စစ်ရှောင်စာသင်ကျောင်းနဲ့ စစ်ရှောင်တဲတချို့လည်း ပျက်စီးခဲ့ရပါတယ်။ လက်ရှိမှာတော့ အဆိုပါ စာသင်ကျောင်းကို ယာယီပိတ်ထားလိုက်တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ စစ်ရှောင်၊ ဒေသခံတွေရှိရာနေရာကို စစ်ကောင်စီက အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်နေတာကြောင့် စစ်ရှောင်တွေဟာ စိုးရိမ်ထိတ်လန့်နေကြရပြီး တောတောင်ထဲမှာ ရွေ့ပြောင်းနေထိုင်ကြသူလည်းရှိတယ်လို့ ပြောပါတယ်။

” ဗုံးနဲ့လာကြဲတဲ့ချိန်မှာ မိသားစုက သုံးယောက်ရှိတာ သုံးယောက်စလုံး သေပြီလို့ ထင်တာ။ လေယာဥ်နောက်တစ်ခေါက် ပြန်ဝဲတဲ့ချိန်မှာ မိသားစု ရှိသေးတယ်ဆိုပြီးတော့ ကာဘာ (cover) ကျင်းကိုပြေးသွားပြီး ဘုရားတွေဘာတွေ ရွတ်ပြီး တကယ်တမ်း ဘုရားတော်တော်ကယ်တယ်။ ခေါင်းရင်းမှာ အပေါက်ဖြစ်သွားတယ်။ ကျမ ခေါင်းရင်းမှာ သိပ်မပေါက်ဘူး ဒါပေမယ့် ယမ်းစတွေက ဘီဒိုထဲ အကုန်လုံးဝင် မှန်အကုန်လုံးကွဲ တော်တော်တော့ ဝမ်းနည်းသွားတယ်။” လို့ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ကရင်နီပြည်နယ်အတွင်းမှာ စစ်ကောင်စီက အရပ်သားရှိရာနေရာကို မကြာခဏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုလည်း ရှိနေပါတယ်။

spot_img
spot_img

Recent posts