spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဘတ်ဂျက်ငွေစာရင်းတွေ ပြုလုပ်ရမှာဖြစ်တဲ့အတွက် လွှတ်တော်အစည်းအဝေး တက်ရောက်ရန်ရှိ

Author

Date

Category

စိုးထိုက်အောင်

နိုင်ငံတော် ဘတ်ဂျက်ငွေစာရင်းတွေ မဖြစ်မနေပြုလုပ်ဖို့ ရှိတဲ့အတွက် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ၂၀၂၀ခုနှစ် မေလ ၁၈ရက်နေ့ နေပြည်တော်ရှိ သို့ အမျိုးသားလွှတ်တော်အစည်းအဝေး တက်ရောက်ရမှာဖြစ်တယ်လို့ ကယားပြည်နယ် မဲဆန္ဒနယ် အမှတ်(၇) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်စိုးက ပြောပါတယ်။

၎င်းက “အခုဟာက RE ဘတ်ဂျက်ရိုတယ်လေ ဒီနောက်တိုးဘတ်ဂျတ်ခေါ်တာပေါ့ အရပ်အခေါ်တော့ ဘတ်ဂျတ်နှစ်ကုန်ခါနီးနောက်ဆုံးကျန်တဲ့ ဘတ်ဂျတ်ငွေစာရင်းလေ မဖြစ်မနေဒါလုပ်ရမဲ့လုပ်ငန်းကိစ္စ အဲ့ဘတ်ဂျက်ကို စီစစ်တာရှိမယ်လေ ကျတော်က ပူးပေါင်းအဖွဲ့(၁၆) ထဲမှာပါတာလေ ဘတ်ဂျတ်စစ်တဲ့အထဲမှာပူးပေါင်းအဖွဲ့ (၁၆) ထဲမှာကျတော်ပါတယ်၊ လွှတ်တော် ၃ရပ်နဲ့ကော်မရှင်နဲ့ရာထူးဝန် ပေါ့အဲ့ဒီဌာနတွေစစ်ရမှာလေ အဲ့ဒါ မဖြစ်မနေတော့ သွားရမယ်ဗျ သူ့ဟာ stay home ကာလက ၁၅ရက်နေ့အထိဘဲကြေညာထားတာကော” လို့ပြောပါတယ်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ၂၀၂၀ခုနှစ် မေလ ၁၈ရက်နေ့ နေပြည်တော်ရှိ အမျိုးသားလွှတ်တော်အစည်းအဝေးခန်းမှာ ပြုလုပ်သွားမှာဖြစ်လို့ အမျိုးသားလွှတ်တော် ဥက္ကဌကနေ တက်ရောက်ဖို့ ဖိတ်စာတွေ ပေးပို့ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ Covid-19 ရောဂါ ကမ္ဘာတစ်ဝှမ်းမှာ ဖြစ်ပွားနေတဲ့အချိန် လွှတ်တော်ကိုယ်စားလှယ်တာဝန်ကို ယူထားရတဲ့အတွက်ကြောင့် မေလ (၁၈)ရက်နေ့မှာ ကျင်းပပြုလုပ်မည့် လွှတ်တော်အစည်းအဝေးကို တက်ရောက်မှာဖြစ်တယ်လို့ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၁) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖြေရယ်(ခ) ဦးမြင့်သန်းထွန်း ကပြောပါတယ်။

ဦးဖြေရယ်(ခ) ဦးမြင့်သန်းထွန်း က “ကျတော်တို့တော့သွားရမှာပေါ့နော် ဒီကိုယ်စားလှယ်တာဝန်ယူထားတော့လေ။ ဘယ်လိုရောဂါဘဲဖြစ်ဖြစ်သွားတော့ သွားရမှာ။” လို့ပြောပါတယ်။

ကယားပြည်နယ် မဲဆန္ဒနယ် အမှတ် (၁၁) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နော်မြစေးက “ သွားမှာပေါ့။ လွှတ်တော်က ခေါ်တယ်ဆိုတော့ သွားမှာပေါ့။”လို့ပြောပါတယ်။

အစည်းအဝေးအတွက်လိုအပ်တဲ့ပြင်ဆင်မှုများပြုလုပ်ရန်အတွက် မေလ ၁၆ရက်ထက် မစော၊ ၁၇ရက်နေ့ထက်ေနောက်မကျဘဲ နေပြည်တော်၊ အမျိုးသားလွှတ်တော်ရေးရာဆောင်(I-19) သို့သွားရောက်ရမယ်လို့ ထုတ်ပြန်ကြေငြာထားပါတယ်။

ပုံမှန်အစည်းအဝေး ကျင်းပဖို့အတွက် ဖိတ်စာတွေကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေထံပေးပို့ထားပေမဲ့လဲ Covid-19 ကာကွယ်ထိန်းချုပ်ဖို့အတွက်ကို ဘယ်လိုတွေဆောင်ရွက်ထားလဲ၊ ဆိုတာတော့ အပေါ်က ညွှန်ကြားချက်ထွက်မလာသေးဘူးလို့ ဦးအောင်ကျော်စိုးက ဆက်ပြောပါတယ်။

၎င်းက “ ကျတော်တို့ဒီကနေလာရင်ကျတော်တို့ Q ဝင်ရမှာလား ဒါမှမဟုတ် ဘယ်လိုမျိုးလုပ်ရမလဲဆိုတာ ကျတော်တို့အပေါ် ညွှန်ကြားချက်တော့ မလာသေးဘူး အခုလောလောဆယ်အစည်းအဝေးခေါ်တယ်ဆိုတဲ့ စာဘဲထွတ်သေးတာ ဒါတောင်လိုင်းပေါ်မှာဘဲလေး ဖိတ်စာတွေတော့ ပို့တော့ပိုပြီပေါ့။” လို့ ပြောပါတယ်။

ပြည်သူ့လွှတ်တော်အစည်းအဝေးကိုလည်း အမျိုးသားလွှတ်တော်အစည်းအဝေးကဲ့သို့ မေလ ၁၈ ရက်နေ့မှာ ကျင်းပမှာဖြစ်တဲ့အကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၊ ပြည်သူ့လွှတ်တော် ကြေညာချက်အမှတ်(၂/ ၂၀၂၀) အရသိရပါတယ်

spot_img
spot_img

Recent posts