spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဘတ်ဂျက်နှစ်ကုန်ခါနီးအထိ တိုင်းရင်းသားစာပေအဖွဲ့တွေ ဘတ်ဂျက်မချပေးနိုင်သေးလို့ အခက်တွေ့

Author

Date

Category

စိုးထိုက်အောင်

တိုင်းရင်းသားစာပေအဖွဲ့တွေကို ဘတ်ဂျက်နှစ်ကုန်တော့မယ် ပြည်နယ်အစိုးရကနေ ငွေမချပေးသေးတဲ့အတွက် အခက်အခဲတွေ့နေကြရတယ်လို့ စာပေနှင့်ယာဉ်ကျေးမှုအဖွဲ့တွေဆီကနေကြားသိရပါတယ်။

ကိုရိုနာဗိုင်းရပ်(စ်)ကြောင့် လူစုလူဝေးတွေဖြစ်စေတဲ့လုပ်ငန်းတွေဖြစ်တဲ့ တိုင်းရင်းသားရိုးရာပွဲတော်တွေ၊ အမျိုးသားနေ့တွေ၊ စာပေမွမ်းမံသင်တန်းတွေ စတဲ့လုပ်ငန်းတွေကိုတော့ လုပ်ခွင့်မရတော့တဲ့အတွက်အသုံးပြုဖို့ လျာထားတဲ့ ဘတ်ဂျက်ကိုတော့ မချပေးနိုင်တော့တာဖြစ်ပါတယ်။

တိုင်းရင်းသားစာပေနှင့်ယာဉ်ကျေးမှုအဖွဲ့ဝင်ကိုယ်စားလှယ်တွေက ပြည်နယ်အစိုးရထံ စက်တင်ဘာလ ၁၁ ရက်နေ့က သွားရောက်တင်ပြဆွေးနွေးခဲ့ကြစဉ်။ ဓါတ်ပုံ- စိုးထိုက်အောင်/ကန္တာရဝတီတိုင်း(မ်)

တခြားလူစုလူဝေးမဟုတ်တဲ့ လုပ်ငန်းတွေဖြစ်တဲ့ လုပ်ငန်းတွေကိုတော့ အသုံးပြုဖို့ ခွင့်ပြုထားတယ်လို့သိရပါတယ်။ သို့ပေမယ့်လည်း ဘတ်ဂျက်ကို အခုချိန်ထိ မချပေးသေးတဲ့အတွက် အသုံးပြုလုပ်ရတဲ့ လုပ်ငန်းတွေကို အချိန်မှီ အသုံးမပြုနိုင်ကြတော့ပဲ အခက်တွေ့နေကြရတာပါ။

တိုင်းရင်းသားစာပေစာအုပ်ထုတ်လုပ်တာတွေ၊ ကျောင်းစာအုပ်ထုတ်ဖို့လုပ်ငန်းတွေ တချို့လုပ်ငန်းတွေကို ခေါင်းစဉ်ပြောင်း အသုံးပြုဖို့ တိုင်းရင်းသားအဖွဲ့ ၆ ဖွဲ့က စီစဉ်ထားပေမယ့်လည်း စက်တင်ဘာလ ၁၅ ရက်နေ့အထိ မရသေးဘူးလို့ ကယားပြည်နယ် ကယန်းစာပေနှင့်ယဉ်ကျေးမှုကော်မတီအတွင်းရေးမှူး ဦးခွန်းထက်က ပြောပါတယ်။

“ကိုဗစ်ကာလမို့ လုံးဝမရခဲ့ပါဘူး ကျနောတို့ ကယန်းအမျိုးသားနေ့ဆိုလည်း ချပေးပါတယ် ကျနောတို့ပွဲလုပ်လို့မရပါဘူး ကယန်းစာပေသင်တန်းဖွင့်ဖို့အတွက်လုပ်ထားပါတယ် လူစုလူဝေးမလုပ်ရတဲ့အတွက် ကျနောတို့မလုပ်ခဲ့ပါဘူး ကယန်းစာပေသင်တဲ့ဆရာဘဆရာမတွေကို မွမ်းမံသင်တန်းလုပ်ဖို့ လျာထားတာ ချပေးပါတယ် ဒါပေမယ့် ကျနောတို့ ဘာမှလုပ်လို့မရဘူးဖြစ်နေပါတယ်။ ပြန်ပေးမယ့်အပိုင်းက ကိုယ်ကိုယ်တိုင်စိုက်ထားတာပြန်ပေးပါတယ် နောက်တခါ လူစုလူဝေးမဟုတ်တဲ့ကိစ္စတွေပြန်ပေးပါတယ်။ ဒါပေမယ့်စက်ပိုင်းဆိုင်ရာ level 1စာအုပ်ထုတ်ဖို့ ခြောက်ဖွဲ့လျာထားပါတယ် အဲ့ဒီစာအုပ်ထုတ်ဖို့အတွက် ပစ္စည်းဝယ်ဖို့အတွက် ကတော့ဝယ်လို့မရဘူး ခေါင်းစဉ်ပြောင်းပြီးတင်ထားတာ လုံးဝမပေးပါဘူး။” လို့ ဦးခွန်းထက်က ပြောပါတယ်။

၂၀၁၉-၂၀၂၀အတွက် ဘတ်ဂျက်ကိုတော့ ၃လစာသာ ကြိုတင်ထုတ်ပေးခဲ့ပြီး ၂၀၂၀ ဧပြီလမှ စက်တင်ဘာလအထိခြောက်လစာကို ကြိုတင်မထုတ်ပေးတဲ့အတွက် အရင်းနှီးရှိတဲ့လုပ်ငန်းရှင်တွေဆီ အတိုးမဲ့ချေးယူထားတာဖြစ်ပါတယ်။

ကယားပြည်နယ်တွင် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီတွေ ခွဲဝေသုံးစွဲခွင့်ဘတ်ဂျက်ငွေတွေကို နောက်ကျထုတ်ပေးတဲ့အတွက် ကော်မတီလုပ်ငန်းတွေကို တခြား ငွေချေးပြီးလုပ်ငန်းတွေဆောင်ရွက်ခဲ့ကြရလို့ အခက်အခဲတွေကြုံတွေ့ခဲ့ကြရပါတယ်။

၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်က ယခုလ စက်တင်ဘာလကုန်ဆိုရင် နှစ်ကုန်ပြီဖြစ်တဲ့အတွက် အသုံးပြုနိုင်မည့် အသုံးစရိတ်တွေကို အမြန်ဆုံးချပေးဖို့ ပြီးခဲ့တဲ စက်တင်ဘာလ ၁၁ ရက်နေ့က ပြည်နယ်အစိုးရထံ တင်ပြခဲ့တောင်းဆိုခဲ့ကြပါတယ်။

ကယောစာပေနှင့်ယဉ်ကျေးမှုကော်မတီ အတွင်းရေးမှူး ဒေါ်အော်လေးဗီယာက “ ပထမလပတ်ရယ် ဒုတိယလပတ်ရယ် တောင်းဖြစ်ကြတယ် သုံးဖြစ်ကြတယ်ပေါ့နော တတိယရယ် စတုတ္ထရယ်မသုံးဖြစ်ကြဘူးပေါ့နော အဲ့ဒါကြောင့်အခုကပြီးတော့မယ်ပေါ့နော လကုန်ဆိုရင်သူ့ဘတ်ဂျက်နှစ်ကပြီးတော့မယ် ကျမတို့ကလုပ်စရာတွေရှိသေးတယ်။ တိုင်းရင်းသားစာပေယဉ်ကျေးမှုမှာလည်း လုပ်စရာတွေရှိတယ်။ ဒါပေမယ့်အခုက လူစုလူဝေး လုပ်လို့မရတဲ့အတွက် သူတို့ခွင့်ပြုနိုင်တဲ့အပိုင်းပဲဆွေးနွေးကြတာပေါ့။”လို့ ပြောပါတယ်။

ကယောတိုင်းရင်းသားစာပေနဲ့ ယဉ်ကျေးမှုအနေနဲ့ဆိုရင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာာနှစ်အတွက် သိန်း၃၀၀ သုံးစွဲခွင့်ပြုထားပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူစုလူဝေးဖြစ်စေမယ့်ကိစ္စတွေကို ခွင့်မပြုတော့ဘဲ ရိုးရာပစ္စည်းဝယ်ယူဖို့အတွက်သာ ငွေကြေးသုံးစွဲခွင့်ပြုထားပါတယ်။

တိုင်းရင်းသားစာပေ အဖွဲ့ ၁၀ ဖွဲ့ကနေ ထပ်မံထုတ်ယူဖို့ ကျပ် တစ်ရာလေးဆယ်သုံးသန်းကျော်ကို ထုတ်ယူဖို့ကျန်ရှိနေသေးတာဖြစ်ပါတယ်။

တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီအဖွဲ့ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှာ ပြည်နယ်ရန်ပုံငွေကနေ စတင်ထောက်ပံ့မှုရရှိခဲ့တာဖြစ်ပါတယ်။

ကယားပြည်နယ်တွင် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ၁၀ ဖွဲ့ရှိပြီး ၂၀၁၈ခုနှစ်ကစပြီး တိုင်းရင်းသားစာပေယဉ်ကျေးမှု လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ ပြည်နယ်ရန်ပုံငွေကနေ လွှတ်တော်က အတည်ပြုပြီး ထုတ်ပေးတာပါ။

အခုလို ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းအကောင်အထည်အဖော်ဖို့ ဘတ်ဂျက်အချိန်မှီမချပေးရခြင်းမှာ ကိုရိုနာဗိုင်းရပ်(စ်)ကပ်ရောဂါကြောင့် လုပ်ဆောင်မည့် အခန်းအနားတွေ ၊ နေ့ထူးနေ့မြတ်အခန်းအနားတွေကို မပေးတော့တာပဲ တခြား စာပေလုပ်ငန်းတွေမှာ လိုအပ်တာတွေသုံးဖို့ ဘတ်ဂျက်ကို ပြောင်းသုံးဖို့ ချပေးသွားမှာဖြစ်တယ်လို့ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးလှမျိုးဆွေက ပြောပါတယ်။

“ တခြား သုံးလို့ဘဏ္ဍာရေးစည်းမျဉ်းနဲ့ကိုက်ညီတဲ့ဟာတွေတော့ ပေးသင့်တဲ့ဟာတွေတော့ ပေးပါတယ်။ အကုန်လုံးတော့မရဘူးပေါ့။ ပြောင်းပြီးသုံးလို့မရဘူးပေါ့ အဲ့လိုမျိုးလေးတွေရှိတယ်ပေါ့နော်။ စာအုပ်တွေ၊ဘာညာကျတော့လည်း သူတို့ အချိန်မရှိတော့တာပေါ့။” လို့ ဦးလှမျိုးဆွေက ပြောပါတယ်။

ယခု အသုံးပြုဖို့ ကျန်တဲ့လုပ်ငန်းတွေကိုတော့ လာမည့်ဘတ်ဂျက်နှစ်မှာဆက်လက်ဆောင်ရွက်နိုင်ဖို့ စီစဉ်ပေးသွားမှာပါလို့လည်း ဝန်ကြီးက ပြောပါတယ်။

တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသုံးစရိတ်အတွက် ဘတ်ဂျက်ကို ကယားပြည်နယ်တစ်ခုတည်းသာ ရရှိတာဖြစ်ပါတယ်။

spot_img
spot_img

Recent posts