spot_imgspot_imgspot_imgspot_img
Tuesday, January 21, 2025
spot_imgspot_imgspot_imgspot_img

ဘာသာပေါင်းစုံကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးပွဲကျင်းပ

Author

Date

Category

စောအင်ဒရူးဝေဖြိုးကျော်

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ အစ္စလာမ်ဂျာမေ့ဗလီ၌ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ ဩဂုတ် ၂ရ ရက်နေ့ နေ့လည်ပိုင်းတွင် တွေ့ဆုံဆွေးနွေးပွဲကျင်းပသွားကြောင်းသိရှိရပါသည်။

ထိုဆွေးနွေးပွဲတွင် လူမှုကူညီရေးလုပ်ငန်းများကို အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ရန် နှင့် ရှေ့ဆက်ဘာသာပေါင်းစုံလူငယ်များ တွေ့ဆုံနိုင်သည့် ညီလာခံ တစ်ခု ဆောင်ရွက်နိုင်ရန် ဆွေးနွေးခဲ့ကြသည်။

မိဇိ္ဇမ နှလုံးသားလူငယ်အဖွဲ့မှ ကိုပြည့်ဖြိုးဝင်းက “ လူငယ်တွေကတော့ ရံပုံငွေမရှိပေမယ့် လုပ်အားတွေနဲ့ လူကြီးတွေက လမ်းပြပြီး ကျနော်တို့က အတတ်နိုင်ဆုံးလုပ်သွားမယ်။” ဟု ပြောသွားပါသည်။

၎င်းဆွေးနွေးပွဲနှင့် ပတ်သတ်၍ ပြည်နယ်အစိုးရ စီမံကိန်း၊ ဘဏ္ဏာရေးဝန်ကြီး ဦးမော်မော်က “ပျားအစုနှင့်တူတယ်လို့ ကျနော်မြင်မိပါတယ်။ ပျားတွေဆိုတာ သူတို့လိုအပ်တဲ့ ဝတ်ရည်တွေကိုသာ ပန်းခင်းထဲမှာ သူတို့ဆုတ်ယူသွားတာပါ။ ပန်းခင်းကို ဖျက်ဆီးသွားခြင်းမရှိပါဘူး။ ထို့အတူပဲ ကျနော်တို့အားလုံးလည်း ပျားအစုလိုပဲ အာလုံးချစ်ချစ်ခင်ခင်နဲ့ နေထိုင်သွားကြစို့” ဟု ဆွေးနွေးပွဲ တွင်ပြောဆိုသွားသည်။

လွိုင်ကော်မြို့နယ်အတွင်းရှိသော ဘာသာကြီး (၅)ခုမှ အစ္စလာမ်၊ ခရစ်ယာန်၊ ဟိန္ဓူ၊ ဗုဒ္ဓ၊ ကေထိုးဘိုးရိုးရာ နှင့် လူငယ်လူမှုအသင်းအဖွဲ့များမှ ၊ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ ထို့အပြင် ဘာသာကြီး ၅ခုမှ ကိုယ်စားလှယ်များလည်း လာမည့်ရှေ့လုပ်ဆောင်ချက်များနှင့် ပတ်သတ်၍ မည်သို့ဆက်လက်လုပ်ဆောင်သွားမည်ကို ပါဝင်ဆွေးနွေးတိုင်ပင်အကြုံပြုခဲ့ပါသည်။

ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ကို ယခင်အစိုးရလက်ထက်တွင် ဖွဲ့စည်းခဲ့သော်လည်း အစိုးရမှ အသိအမှတ်မပြုခဲ့ကြောင်း သိရသည်။

spot_img
spot_img
spot_img

Recent posts