spot_imgspot_imgspot_imgspot_img
Friday, January 17, 2025
spot_imgspot_imgspot_imgspot_img

ဘီလူးချောင်းတံတား (ဒေါနိုးကူး) ကို ကျပ်သန်း ၇၄ဝ အသုံးပြု တည်ဆောက်မည်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဒေါနိုးကူးရပ်ကွက်နှင့် လောဓမ္မရပ်ကွက်ကို ဆက်သွယ်ထားသော ဘီလူးချောင်း(ဒေါနိုးကူး)တံတားကို ကျပ်သန်း ၇၄ဝ ဖြင့် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွင်း တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဘီလူးချောင်းတံတား(ဒေါနိုးကူး)ကို ဆောက်လုပ်ရေးဝန်ကြီးဌာန တည်ဆောက်ရေးအဖွဲ့(၂) တံတားဦးစီးဌာန တံတားအထူးအဖွဲ့ (၆)က တာဝန်ယူတည်ဆောက်မည်ဖြစ်ကာ ကယားပြည်နယ် ပြည်နယ်ရန်ပုံငွေဖြင့် အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။

“လက်ရှိကတော့ အကြိုအင်ဂျင်နီယာလုပ်ငန်းတွေဆောင်ရွက်နေတယ်။ မြေစမ်းတဲ့ လုပ်ငန်းတွေ ဆောင်ရွက်နေတယ်။ ပုံစံထုတ်နေတယ်။ ပုံထုတ်ပြီးရင် တင်ဒါကတော့ သတင်းစာထဲမှာ ကြေညာပြီးပါပြီ။”ဟု တံတားအထူးအဖွဲ့(၆)၏ ဦးစီးအရာရှိ လှိုင်ဖြိုးဝင်းက ပြောသည်။

သံကူကွန်ကရစ်အမျိုးအစားဖြစ်ကာ၊ တံတားအရှည် ခန့်မှန်း ပေ ၂၀၀၊ ယာဉ်နှစ်လမ်းသွား အကျယ် ပေ ၃၀၊ တံတားခံနိုင်ဝန် တန် ၆ဝ ဖြစ်ကြောင်း သိရသည်။

spot_img
spot_img
spot_img

Recent posts