spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( BPDF ) ရဲ့ နှစ်နှစ်တာတိုက်ပွဲလှုပ်ရှားမှုအတွင်း ရဲဘော် ၃ဦးကျဆုံး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဘောလခဲမြို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ၊ တပ်ရင်းအမှတ် ၁၁၀၅ တပ်ရင်း ၊ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( BPDF )ရဲ့ ၂ နှစ်တာကာလ တိုက်ပွဲ လှုပ်ရှားမှုအတွင်း ရဲဘော် ၃ ဦးကျဆုံးခဲ့တယ်လို့ ယမန်နေ့ မတ်လ ၇ ရက်နေ့မှာ ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( BPDF ) က ထုတ်ပြန်ထားပါတယ်။

ဘောလခဲမြို့တွင်းတိုက်ပွဲမှာ ၂ ဦးနဲ့ လွိုင်ကော်မြို့၊ ပြည်နယ် ရဲစခန်းတိုက်ပွဲမှာ ၁ ဦး ကျဆုံးသွားတာဖြစ်တယ်လို့ ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( BPDF )မှ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“ကျသွားတဲ့ ကျနော်တို့ရဲ့ ရဲဘော်တွေထဲက ၂ ဦးက ၂၀၂၃ ခုနှစ် ၅လပိုင်း ၁ရက်နေ့က ဘောလခဲမြို့တွင်းတိုက်ပွဲ နဲ့ နောက် ၁ ဦးက ၁.၁.၁.၁ စစ်ဆင်ရေးလွိုင်ကော်မြို့ ပြည်နယ်ရဲစခန်း တိုက်ပွဲမှာပေါ့နော်။ ၃ဦးကျသွားတာပေါ့” လို့ ( BPDF )မှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

ကျဆုံးသွားတဲ့ ရဲဘော် ၃ ဦးဟာ ကိုယ်ပိုင်အမှတ်- P31105131 ရဲဘော်စိုင်းနိုင်လင်းထွေး၊ ကိုယ်ပိုင်အမှတ်-P31105033 ရဲဘော်နေလင်းနဲ့ ကိုယ်ပိုင်အမှတ်-P31105056 ရဲဘော် တင်ထက်လင်း တို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ထိခိုက်ဒဏ်ရာရတဲ့ရဲဘော်တွေလည်းရှိခဲ့ပြီး လက်ရှိမှာတော့ သက်ဆိုင်ရာ စစ်ကြောင်းတွေမှာ ပြန်လည်တာဝန်ထမ်းဆောင်နေကြပြီလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ယမန်နေ့ မတ်လ ၇ ရက်နေ့ဟာ ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( BPDF )ရဲ့ ဖွဲ့စည်းတည်ထောင်ခြင်း နှစ်နှစ်ပြည့် ဖြစ်ပြီး ဖွဲ့စည်းတည်ထောင်ခြင်း (၂ ) နှစ်ပြည့် ဂုဏ်ပြုအခမ်းအနားကိုတော့ ကျင်းပနိုင်ခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။

BPDF တပ်ဖွဲ့အနေနဲ့ သံလွင်အရှေ့ဖက်ခြမ်းက မိုခါမုန်တိုင်းစစ်ဆင်ရေးမှာ မယ်စဲ့မြို့မ ရဲစခန်းတိုက်ပွဲ၊ ကျောက်ပိန်းညိုတိုက်ပွဲ၊ မယ်တော်ဂူတောင်ထိပ်တိုက်ပွဲ၊ ကျောက်စုတိုက်ပွဲ၊ ၁၁၀၇ စစ်ဆင်ရေးရဲ့ ပန်တိန်းတိုက်ပွဲ၊ ၁၂မိုင်စခန်းကုန်းသိမ်းတိုက်ပွဲ၊ ၁၁၁၁စစ်ဆင်ရေး စတဲ့ စစ်ဆင်ရေး တိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်လှုပ်ရှားဆောင်ရွက်နေတယ်လို့ BPDF တပ်ဖွဲ့ ကဆိုပါတယ်။

spot_img
spot_img

Recent posts