spot_imgspot_imgspot_imgspot_img
Thursday, February 13, 2025
spot_imgspot_imgspot_imgspot_img

ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ရေတပ်ဗိုလ်ကြီးတစ်ဦး CDMပြုလုပ်

ကန္တာရဝတီတိုင်း(မ်)

ရန်ကုန်တိုင်း၊ သန်လျင်မြို့၊ ရေတပ်သင်္ဘောကျင်းဌာနချုပ် မှ ဗိုလ်ကြီးတစ်ဦးက ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ဆက်သွယ်ပြီး CDMပြုလုပ်ပြီး လာရောက်ခိုလုံခဲ့တယ်လို့ ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( BPDF )က ဒီကနေ့ (ဇူလိုင်၂၉ရက်)မှာ သတင်းထုတ်ပြန်ပါတယ်။

CDMပြုလုပ်တဲ့ ဗိုလ်ကြီးအနေနဲ့ စစ်အာဏာရှင်ကို မကြိုက်လို့ CDMပြုလုပ်လာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် နိုဝင်ဘာလ၂၄ ရက်နေ့ကတည်းက CDM ပြုလုပ်ခဲ့ပြီး Job For Kayah Page မှတစ်ဆင့် BPDFထံ ခိုလုံလာတာဖြစ်ပါတယ်။

စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းနိုင်ဖို့ကို စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ BPDF တာဝန်ရှိသူတစ်ဦးက ဖိတ်ခေါ်ပါတယ်။

“ ကျနော်တို့ ဒီ တော်လှန်ရေးအဖွဲ့နဲ့တော့ အမြန်ဆုံး ပူးပေါင်းစေချင်တယ်ပေါ့။ ဘာလို့လဲဆို စစ်ကောင်စီကို ကျနော်တို့ အမြန်ဆုံး တိုက်ထုတ်ချင်တယ်။ ပူးပေါင်းပါဝင်ပေးတော့ ပိုပြီး မြန်မြန်ဆန်ဆန် အဆင်ပြေတာပေါ့။ “ လို့ BPDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

CDMပြုလုပ်လာတဲ့ ရေတပ်ဗိုလ်ကြီးကတော့ လက်ရှိမှာ လုံခြုံတဲ့နေရာတစ်ခုကို ရောက်ရှိနေပြီဖြစ်တယ်လို့ ဆိုပါတယ်။ လုံခြုံရေးအရ ဗိုလ်ကြီးရဲ့အကြောင်းအသေးစိတ်ကိုတော့ ထုတ်ဖော်ပြောကြားခြင်းမရှိပါဘူး။

BPDF ထံ CDM ပြုလုပ်ကြတဲ့ ဘောလခဲခရိုင်တပ်မတော်ဆေးရုံ အမှတ် (၁၂/၂၅) သူနာပြုဗိုလ်ကြီးတစ်ဦး၊ ဘောလခဲမှ ရဲတပ်ကြပ်ကြီးနှစ်ဦး နဲ့ ရေတပ်သင်္ဘောကျင်းဌာနချုပ်မှ ဗိုလ်ကြီးတစ်ဦး စုစုပေါင်း ၄ ဦး ရှိပြီဖြစ်ပါတယ်။

spot_img
spot_img