spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဘောလခဲမြို့က သစ်လုပ်ငန်းနေရာမှာ လေကြောင်းနဲ့ပစ်ခတ်ခံရတဲ့အတွက် အရပ်သား ၅ ဦးဒဏ်ရာရပြီး ၃ ဦးသေဆုံး

ဓါတ်ပုံ – ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်။

ကန္တာရဝတီတိုင်း( မ် )

ဘောလခဲမြို့နယ် ဝမ်ဗလကျေးရွာအနီးမှာ ယမန်နေ့ မတ်လ ၂၃ ရက်နေ့ နေ့လည်ပိုင်းက လေကြောင်းနဲ့ ပစ်ခတ်ခံရတဲ့အတွက် သစ်လုပ်ငန်းလုပ်ကိုင်နေတဲ့ အရပ်သား ၈ ဦး ထိခိုက်ဒဏ်ရာရပြီး ၃ ဦးသေဆုံးသွားခဲ့တယ်လို့ ဘောလခဲပြည်သူ့ကာကွယ်ရေးတပ် ( BPDF ) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ကားတွေလည်းပျက်စီးသွားတယ်။ အိမ်တွေပေါ့။ အလုပ်သမားနေတဲ့အိမ်တွေပေါ့။ အိမ်တွေရှိတယ်။ နောက်ပြီးတော့ ကားတွေ ၁၀ ဘီးကားတွေရှိတယ်။ ပြီးလို့ရှိရင် ကားတွေလည်း ပျက်စီးသွားတယ်။ မီးလောင်သွားတယ်ပေါ့နော။ လူတွေကတော့ ၈ဦးထိသွားတယ်။ ၅ ဦးဒဏ်ရာရတယ်ပေါ့နော။ ၅ ဦးမှာ တစ်ဦးကတော့ အခြေအနေစိုးရိမ်ရတယ်ပေါ့။” လို့ သူက ပြောပါတယ်။

နေ့လည် ၁ နာရီခွဲဝန်းကျင်မှာ ပစ်ခတ်ခံရတာဖြစ်ပြီး ဂျက်လေယာဉ်တစ်စီးနဲ့ ၅ကြိမ် လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေနဲ့ သေဆုံးသူတွေဟာ သစ်လုပ်ငန်းလုပ်ကိုင်နေကြတဲ့ အမျိုးသားတွေဖြစ်ပြီး အသက် ၄၀နဲ့ ၅၀ ဝန်းကျင်ကြား ရှိတယ်လို့ သိရပါတယ်။

အဲဒီကျေးရွာမှာ တိုက်ပွဲဖြစ်ပွားတာမျိုးတွေမရှိသလို ယခင်ကလည်း တိုက်ပွဲဖြစ်ပွားတာမရှိခဲ့ဘူးလို့ ဆိုပါတယ်။ လေကြောင်းဗုံးကျဲမှုမှာ အနီးအနားကျေးရွာက ရွာပြင်ကို တစ်လုံးကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ဒေသခံတွေကတော့ နီးစပ်ရာ တောတောင်ထဲကို ရှောင်တိမ်းနေကြတာတွေရှိတယ်လို့ဆိုပါတယ်။

“အဲဒီအချိန်ကလည်း တိုက်ပွဲဖြစ်ပွားတာ လုံးဝမရှိဘူးပေါ့နော။ ကျနော်တို့အယူအဆကတော့ ကျနော်တို့စခန်းကိုရှာပြီး ကျဲတဲ့ပုံစံမျိုးလားမသိဘူး။ နေရာမှားကျဲတဲ့အနေအထားမျိုးပါပဲ။ ရွာသားတွေနေတဲ့နေရာကို သူတို့ကျဲလိုက်တာပေါ့။ သူတို့ကတော့ ဒီနေရာကို စစ်ပစ်မှတ်လည်းမဟုတ်ဘူးလေနော။ ဒီအလုပ်လုပ်တဲ့နေရာကို လာပြီးတော့ ပစ်တယ်ဆိုတော့ သိပ်အဆင်မပြေဘူးပေါ့။ တိုက်ပွဲဖြစ်တဲ့နေရာလည်းမဟုတ်ဘူး။ ဒါသက်သက် လူထုရှိတဲ့နေရာကို လာပြီးဗုံးကျဲ ခြိမ်းခြောက်တဲ့ အနေအထားမျိုးပါပဲ။” လို့ ဘောလခဲပြည်သူ့ကာကွယ်ရေးတပ် ( BPDF ) တာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

ဘောလခဲမြို့မှာ ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့က ရေနီပေါက်ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ရေးတင်းမာနေတဲ့ အနေအထားရှိနေဆဲဖြစ်တယ်လို့ ဘောလခဲ PDF က ထုတ်ပြန်ထားပါတယ်။ ရေနီပေါက်ကျေးရွာနဲ့ မိုင်းထမ်းကျေးရွာကိုလည်း စစ်ကောင်စီကနေ့စဉ်နီးပါး လက်နက်ကြီးနဲ့ပစ်ခတ်တဲ့အတွက် နေအိမ်အလုံး ၂၀နဲ့ ဘုန်းကြီးကျောင်းတွေ ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ စစ်ကောင်စီလေကြောင်းနဲ့ ဗုံးကျဲခဲ့တဲ့ ဝမ်ဗလကျေးရွာအနီးနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာဟာ ကီလိုမီတာ ၂၀ကျော် ကွာဝေးပါတယ်။

ဓါတ်ပုံ – ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်။
ဓါတ်ပုံ – ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်။
ဓါတ်ပုံ – ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်။
spot_img
spot_img