spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဘောလခဲမြို့နယ်၊ မိုင်းထမ်းကျေးရွာက ပြည်သူ၅ ဦး ဖမ်းဆီးခံရ၊ တစ်ဦးပြန်လွှတ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဇန်နဝါရီ(၂၈)ရက်နေ့မှာ ဘောလခဲမြို့နယ်၊ မိုင်းထမ်းကျေးရွာက ပြည်သူ ၅ဦးကို တပ်မ ၆၆ က သူတို့တွေရဲ့ နေအိမ်တွေအထိ လူအင်အားအများအပြားနဲ့ ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။ ဖမ်းဆီးခံ ငါးဦးထဲမှ တစ်ဦးကို ဇန်နဝါရီ(၂၈) ညနေလေးနာရီမှာ ပြန်လွှတ်ခဲ့ပေမယ့် ကျန်လေးဦးကို ဆက်လက်ဖမ်းဆီးထားတယ်လို့ ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ အပြစ်မရှိဘဲ စစ်ကောင်စီရဲ့ဒလန်တွေကနေပြီး စာရင်းပေးမှုကြောင့် ဖမ်းဆီးခံရတာ ဖြစ်နိုင်တယ်လို့ အဆိုပါ သတင်းရင်းမြစ်ကနေ သုံးသပ်ပြောဆိုထားပါတယ်။ သူတို့တွေရဲ့ နေအိမ်တွေအထိဝင်ရောက်ရှာဖွေပြီး ဖမ်းဆီးခြင်းခံခဲ့ရတာဖြစ်ပြီး ဘောလခဲ စစ်ဗျူဟာကို ခေါ်ဆောင်သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပြန်လွှတ်လာတဲ့ သူတစ်ဦးကတော့ စစ်ဆေးမေးမြန်းခဲ့ပြီး ပြန်လွှတ်ခဲ့တာလို့ နီးစပ်သူဒေသခံတစ်ဦးဆီက အခုလိုပြောပြပါတယ်။

“ ဘယ်အထိခေါ်သွားလဲ သူ့ကိုမေးတော့ ဗျူဟာအထိပဲ ခေါ်သွားတယ်။ ဘောလခဲဗျူဟာ အဲ့ထိပဲခေါ်သွားတယ်။ ခေါ်သွားတော့ နေ့လည်ပိုင်းကျတော့ မေးမြန်းတာပေါ့နော။ စစ်ပြီးတော့ ငါတို့စစ်သားတွေ နင့်ကိုဖမ်းတာ နင်သိလားတဲ့။ အဲ့လိုမေးတယ်။ မသိဘူးတဲ့ သူကပြောတယ်။ ကျနော်ဘာအပြစ်ရှိလို့လဲ ကျနော့်လာဖမ်းတာ။ ကျနော်မသိဘူးတဲ့။ နင်ဘာလုပ်ထားခဲ့လဲတဲ့။ သပိတ်တုန်းက ကျနော်သွားသေးတယ်တဲ့ သပိတ်လုပ်တဲ့အချိန်။ နင်ဖုန်းသုံးသေးလား စစ်တပ်ကမေးတယ်။ ဖုန်းမသုံးဘူးတဲ့ ကျနော် facebookမသုံးဘူး အဲ့လိုပြောလိုက်တော့ ပြန်လွှတ်လိုက်တာတဲ့။ “ လို့ အဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။

လက်ရှိအချိန်ထိ ဖမ်းဆီးခံရတာ (၉)ရက်ရှိနေပြီးဖြစ်ပြီး ဖမ်းဆီးခံရသူတွေရဲ့ စားသောက်ဖို့ အတွက်ဆန်တွေတောင်းယူတာတွေရှိနေပါတယ်။

“ ဆန်တွေလည်း သွားပို့ရတယ်။ နင်တို့စားဖို့ဆန် ကိုယ့်ကိုယ်ယူလာ အဲ့လိုတော့ ပြောတယ်။ဆန်လည်း သွားပို့ရတယ်။ သွားပို့ပြန်တော့လည်း ပေးမဝင်ဘူး။ ဂိတ်နားပဲပို့ရတယ်။ ဘားသတင်းမှလည်းမရ အဆက်သွယ်လည်းမရ အဲ့လိုဖြစ်နေ ဘာလုပ်လို့လုပ်ရမှန်းမသိဘူး။သူတို့အခု ဖမ်းဆီးထားတာလည်း ဘာအပြစ် နဲ့ ဖမ်းထားတာလဲ မသိရဘူးပေါ့နော။ “ လို့ အဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။

ဆက်လက် ဖမ်းဆီးခံနေရတဲ့ လေးဦးကတော့ ဦးထွန်းမြင့် အသက်(၄၀)၊ ဒေါ်မေသူမျိုးမြင့် အသက်(၃၉)၊ ဒေါ်စန်းစန်းအေး အသက်(၂၈)၊ မနီနီခိုင် အသက်(၁၈) တို့ ဖြစ်ကြပါတယ်။

တပ်မ ၆၆ ဟာ သံလွင်အရှေ့ဖက်ခြမ်းမှာ ဇန်နဝါရီ(၂၄)ရက်နေ့မှာ စစ်ကြောင်းထိုး လှုပ်ရှားခဲ့ပြီး (၂၆)ရက်နေ့မှာတော့ ဘောလခဲဖက် ဆက်လက်လှုပ်ရှားလာပြီး အခုလို ဝင်ရောက်ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts