spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဘောလခဲမြို့နယ် ထိတွေ့တိုက်ပွဲတွေမှာ လေကြောင်းအသုံးပြုတိုက်ခိုက်၊ စစ်ကောင်စီသေဆုံးမှုရှိ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

မေလ(၈)ရက်နေ့ကစ ဘောလခဲမြို့ကနေ အင်အားအများအပြားနဲ့ (၁၂)မိုင်ကုန်း ၊ ဝမ်မလန်းကျေးရွာတွေဖက် စစ်ကြောင်းထိုးလာနေတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်တို့ ယနေ့အထိ ကြိုကြား ထိတွေ့မှုတွေ ဖြစ်နေပြီး စစ်ကောင်စီဖက်ကနေ လေကြောင်း အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုတွေရှိတယ်လို့ KNDFတပ်ရင်း(၂၁)က ဒီကနေ့(မေလ ၁၆)ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

မေလ (၉)ရက်နေ့ ညနေပိုင်းအချိန်မှာ ဘောလခဲ-ရွာသစ် လမ်းမကြီးပေါ် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ကာကွယ်ရေးပူးပေါင်းတပ်တို့ ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။ နာရီဝက်နီးပါး ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက် အနည်းဆုံး (၅)ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီထံ MA-1သေနတ် ၁လက် နဲ့ ကျည်တချို့၊ လက်ပစ်ဗုံး (၂)လုံး တို့ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။ ဘောလခဲမြို့နယ်ထဲက ထိတွေ့တိုက်ပွဲတွေမှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်း(၂၁) ၊ ကရင်နီတပ်မတော်(KA) နဲ့ ဘောလခဲ PDF တို့ ပူးပေါင်းတိုက်ခိုက်နေတာဖြစ်ပါတယ်။

စစ်ကောင်စီစစ်ကြောင်းထိုးတာတွေရှိနေတဲ့အတွက် ဘောလခဲ-ရွာသစ် လမ်းမကြီးကို ဖြတ်သန်းသွားလာတာတွေ မပြုလုပ်ကြဖို့လည်း ပြည်သူလူထုတွေကို တိုက်တွန်းထားပါတယ်။

မေလ (၉)ရက်နေ့ ဘောလခဲက စစ်ကောင်စီနဲ့ထိတွေ့တိုက်ပွဲမှာ ပူးပေါင်းတပ်ဖက်သိမ်းဆည်းရရှိတဲ့ လက်နက်။
ဓါတ်ပုံ – KNDFတပ်ရင်း(၂၁)

ပြီးခဲ့တဲ့ မေလ ၁ ရက်နေ့မှာလည်း ဘောလခဲမြို့တွင်းက စစ်မှုထမ်းဟောင်းရုံး၊ လဝက ရုံး၊ မြို့မရဲစခန်း၊ ရုပ်သံ လွှင့်ဌာန တို့ကို ဘောလခဲPDFက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဖက် ၇ဦးသေဆုံး၊ ၁၃ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ တိုက်ခိုက်မှုမှာ ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(BPDF) အမှတ် ၁၁၀၅တပ်ရင်းမှ ရဲဘော်နှစ်ဦးလည်း ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။

ကရင်နီပြည်နယ်အတွင်း ဘောလခဲမြို့နယ်အပြင် ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်း၊ ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံ-ပင်လောင်း၊ သံလွင်မြစ်အရှေ့ဘက်ခြမ်းတွေမှာ ယခုရက်အတွင်း ထိတွေ့တိုက်ပွဲဖြစ်ပွားလျက်ရှိနေပါတယ်။

spot_img
spot_img

Recent posts