spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဘောလခဲမြို့နဲ့ ဖရူဆိုမြို့နယ်ကြားက ယာယီ စစ်ရှောင်စာသင်ကျောင်းတွေမှ ကျောင်းသားမိဘတွေနဲ့ ဆရာတွေ ရဲ့ စကားသံ

ဘောလခဲမြို့နဲ့ ဖရူဆိုမြို့နယ်ကြားက ယာယီ စစ်ရှောင်စာသင်ကျောင်းတွေမှာ ပညာသင်ကြားနေကြရတဲ့ စစ်ရှောင်ကျောင်းသားတွေအတွက် ဘယ်လို အခက်အခဲတွေ ရှိနေသလဲ။ ဘာတွေ လိုအပ်နေတာလဲ ဆိုတာနဲ့ ပတ်သက်ပြီး ကျောင်းသားမိဘတွေနဲ့ စာသင်ကြားပေးနေတဲ့ ဆရာတွေ ရဲ့ စကားသံကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။

မအေးအေးဝင်း (ကျောင်းဆရာမတစ်ဦး)

“ရှောင်နေရခါကျတော့ အဲ့လိုမျိုး သူများနဲ့ အခက်အခဲခါကျတော့ အတူတူပဲပေါ့နော။ အဆင်မပြေဆုံးကတော့ ပညာသင်တဲ့အခါမှာဆိုလို့ရှိရင် ပစ်ခတ်တယ်ဆိုရင် ရှောင်ရမယ်။ အချိန်တိုင်းမဖွင့်နိုင်ဘူး။ သူများကျောင်းက ရွာအနေနဲ့ ဖွင့်မယ်ဆိုလို့ရှိရင် ကျမတို့က နီးနီနားနားမှာပဲ နေရတယ်ဆိုတော့ အသံကြားပြီဆိုရင် ပြန်သွားကိုယ့်တဲကိုယ်ပြန်ကြ အဲ့လိုမျိုး ကိုယ့်ယာခင်းကိုယ်ပြန်အဲ့လိုမျိုး ပြန်လွှတ်ရတာပေါ့ ကောင်းကောင်း ဖြောင့်ဖြောင့်လေးတော့ မသင်ရဘူးပေါ့။”

ဦးထူးဝေ (ကျောင်းသားမိဘတစ်ဦး)

“ဒီမှာကျောင်းတော့ရှိတယ်ဆိုတော့ ဘယ်လိုပြောရမလဲ ဘယ်မိဘမဆိုတော့ ကိုယ့်သားသမီးကို ပညာတတ်စေချင်တယ်လေ။ အခက်အခဲကြားကနေပဲ မဖြစ်မနေ ကိုယ်ထူကိုယ်ထရုန်းမယ်ဆိုပြီးတော့ ဒီမှာတော့ မဖြစ်မနေ လုပ်ကြတယ်။ ကိုယ်ထူကိုယ်ထဖြစ်တဲ့အတွက် အစစအရာရာလိုအပ်တယ်ပေါ့လေ။ ဖြစ်နိုင်ရင်တော့ အလှူရှင်နည်းနည်းပါးပါးကူညီနိုင်ရင်တော့ ပိုကောင်းတာပေါ့။ ကျနော်တို့ ဒီမှာလည်း စားဝတ်နေရေးက တစ်ဖက် ကျောင်းနေတဲ့ကလေးတွေရဲ့ စားရိတ်တွေ ဆရာ ဆရာမတွေကိုလည်း အပြည့်အဝမပံ့ပိုးတော့ အဲ့ဒါတွေတော့ အခက်အခဲရှိတာပေါ့။”

ဒေါ်ဆာခွီးလာ (ကျောင်းဆရာမတစ်ဦး)

“ရှေ့ဆက်ရမယ့် အနာဂတ်မှာ သူတို့အတွက်လည်း ကောင်းတာပေါ့နော။ ပြီးခဲ့တဲ့နှစ်ဆို ပညာမသင်ရဆိုတော့ ပြောရဆိုရလည်းခက်တယ် အခုက ပညာရေးနည်းနည်း ကိုယ်ထူကိုယ်ထ ပုံစံနဲ့ ပြန်လုပ်လိုက်တော့ နည်းနည်းသက်သာတာပေါ့။ ပြန်နှိုင်းယှဉ်ကြည့်ရင် နည်းနည်းကွာဟတယ်ပေါ့ အဲ့တခုပေါ့။ ကလေးအတွက် စာအုပ်တို့ ဗလာစာအုပ်တို့ အဲ့တခု ပြီးတော့ ကလေးအတွက် ဆပ်ပြာတို့ပေါ့ ဟိုနည်းနည်း ဒီနည်းနည်းလိုတာပေါ့ မိုးရာသီ၊ ဆောင်းရာသီချိန်ရောက်ဆိုရင်တော့ မိုးကာတို့လိုတယ်ပေါ့ ခြုံတဲ့မိုးကာတို့။”

ဒေါ်ဖောလာထူး ( ကျောင်းဆရာမတစ်ဦး)

“ဘာအရေးကြီးလည်းဆို သူတို့ရဲ့ ရှေ့အနာဂတ်အတွက် အရေးကြီးတာပေါ့နော။ ဘာဖြစ်လည်းဆို ဒီလိုမျိုးလွှတ်ထားမယ်ဆို သူတို့လည်း စာမရတော့ဘူး။ ပြီးနားမလည်တော့ဘူးလေ။ ဒါကြောင့်မလို့ သူတို့ရှေ့ရေးအတွက် စာရအောင် စာတတ်အောင် ဆိုပြီးမှ ကျမတို့ ဒီလိုမျိုးကျောင်းဖွင့်ရတာပေါ့နော။ အဲဆိုရင် ဘယ်လိုလိုအပ်လည်းဆိုတော့ အခု အကယ်၍ မိုးရာသီတို့ဆိုရင် သူတို့အတွက်ဆိုရင် အဲမျိုးမိုးကာတို့ ဘွတ်ဖိနပ်ဒီလိုမျိုး သူကတချို့ဆိုရင် ဟိုးအပေါ်ကနေလာတဲ့လူတွေရှိတယ်လေ။ ဒါကြောင့်မလို့ မိုးကာတို့ ဘွတ်ဖိနပ်တို့ သူတို့အတွက် ပြည့်လို့ရှိရင် စာရေးကိရိယာတို့ သူတို့ အဲဒီအတွက်တွေ လိုအပ်မယ်လို့ ကျမထင်တယ်။”

spot_img
spot_img