spot_imgspot_imgspot_imgspot_img
Monday, June 16, 2025
spot_imgspot_imgspot_imgspot_img

ဘောလခဲမြို့ရှိ စစ်ကောင်စီ ကင်းပုန်းဂိတ်စခန်း ၃ နေရာ တိုက်ခိုက်ခံရ၊ စစ်ကောင်စီ (၇)ဦးသေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

အောက်တိုဘာလ ၁၈ ရက်နေ့မှာ ဘောလခဲမြို့ရှိ စစ်ကောင်စီရဲ့ ကင်းပုန်းဂိတ်စခန်း ၃ နေရာကို ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၁၀ ၊ ၂၁ နဲ့ ကရင်နီတပ်မတော် (KA) တို့ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ ၇ ဦး သေဆုံးကာ ၇ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNDF တပ်ရင်း ၁၀ က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

မနက် ၆ နာရီခွဲ အချိန် စတင်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲ ၃နာရီကျော် ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။ ဘောလခဲမြို့ အဝင် လေးထပ်တိုက်ပေါ် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ ၊ လမ်းမကြီးဘေး မှာ ပြုလုပ်ထားတဲ့ ကင်းပုန်းဂိတ်စခန်း နဲ့ ပွန်ချောင်းတံတားထိပ် ဂိတ်စခန်း တို့ကို သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဘောလခဲမြို့ အခြေစိုက် စစ်ကောင်စီတပ် ဖက်ကနေ လက်နက်ကြီး ပစ်ခတ်တာတွေရှိခဲ့တယ်လို့ သိရပါတယ်။ ထို့အတွက် တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာအနီး ပြည်သူလူထုတွေအနေနဲ့ သတိထားသွားလာကြဖို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အောက်တိုဘာလ ၁၈ ရက်နေ့ တစ်နေ့တည်းမှာ ဘောလခဲတိုက်ပွဲအပြင် ဒီးမော့ဆိုမြို့နယ်မှာလည်း သေးဆူလဲကျေးရွာထဲ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်နဲ့ ဒေါငံခါးကျေးရွာ တိုက်လေးထပ်ပေါ် တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ကို ကရင်နီဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်တာတွေ ရှိခဲ့ပြီး တိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီဖက် ၃ ဦးသေဆုံးခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေ ထုတ်ပြန်ချက်အရ သိရပါတယ်။

spot_img
spot_img

Recent posts