spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဘောလခဲ၊ ဖားဆောင်း နဲ့ မော်ချီးဒေသတွေမှာ ကုန်ပစ္စည်းတချို ပြတ်လုနီးဖြစ်နေ

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည် ဘောလခဲမြို့နယ် နဲ့ ဖားဆောင်းမြို့နယ် မော်ချီးဒေသတွေမှာ စားသောက်ကုန်ပစ္စည်းတွေ စျေးမြင့်တက်နေပြီး ကုန်ပစ္စည်း တချို့တွေဟာ ပြတ်လုနီးပါးဖြစ်နေတယ်လို ဒေသခံတွေဆီကနေသိရပါတယ်။ ကုန်စိမ်းတွေလည်း မရတော့သလို တချို့စားသောက်ကုန်ပစ္စည်းတွေဟာ ပြတ်လတ်နေပြီလို့ ဖားဆောင်းမြို ဒေသခံ တစ်ဦးကပြောပါတယ်။

“ ကြက်သွန်နီတို့၊ ကြက်ဥတို့၊ ကြက်တွေဘာတွေလည်း မရှိတော့ဘူးပြောတယ်။ ကြက်တွေဘာတွေက လုံးဝမလာဘူးပြီးရင် ကြက်ဥလည်းမရှိတော့ဘူးပြောတယ်။ ဆိုင်တိုင်းလိုက်မေးတာ တစ်ဆိုင်မှ မရှိတော့ဘူး။” လို့ ဖားဆောင်မြို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဖားဆောင်းနဲ့ မော်ချီးဒေသတွေမှာ ကုန်ပစ္စည်းတွေကို လွိုင်ကော်ကနေ အဓိက တင်သွင်းကြပြီး အိမ်နီးချင်း ထိုင်းနိုင်ငံဘက်နဲ့ တောင်ငူဘက်ကနေ မှာယူနေတာလည်း ရှိတယ်လို ဆိုပါတယ်။

မော်ချီးဒေသမှာတော့ ဝယ်စုထားတာတွေရှိတဲ့အတွက် ဆန်မပြတ်လတ်နိုင်သေးပေမယ့် လမ်းပမ်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် ဆန်ပြတ်လတ်တဲ့ အခြေအနေတွေ ဖြစ်လာနိုင်တယ်ဆိုတာကို မော်ချီးဒေသခံတစ်ဦးက အခုလိုပြောပါတယ်။

“နောက်တစ်ပတ်နှစ်ပတ်လောက် အဲ့လိုဆက်ပိတ်ရင်တော့ လုံးဝပြတ်လောက်ပြီထင်တယ်။ဘာလို့လဲဆိုတော့ မလုံလောက်ဖူး ဒီမှာက လူဦးရေ တအားထူထပ်နေတယ်” လို့ မော်ချီးဒေသခံ တစ်ဦးက ဆိုပါတယ်။

ဒီးမော့ဆိုမြို့နဲ့ ဖရူဆိုမြို့တွေမှာ တိုက်ပွဲဖြစ်ပွားနေတာရှိတဲ့အတွက် ပြည်သူတွေလုံခြုံရေးအရ လွိုင်ကော်-စံပြ( ၆ )မိုင်-ဒေါတမကြီး-ဘောလခဲလမ်းကို အသုံးမပြုကြဖို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၄ရက်နေ့မှာ ကရင်နီပြည်အစိုးရဖက်က ထုတ်ပြန်ထားတာ ကြောင့် ကုန်ပစ္စည်းတွေကို သယ်ယူလို့မရသေးပါဘူး။

အဲဒါကြောင့် ထိုင်းနိုင်ငံဘက်နဲ့ တောင်ငူကနေ ကုန်ပစ္စည်းတွေကိုသာ မှာယူရတဲ့အတွက် ကုန်စျေးနှုန်းတွေ မြင့်တက်နေတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ အဲဒီလိုကုန်စျေးနှုန်းတွေ မြင့်တက်နေတဲ့အတွက် အခြေခံလူတန်းစားတွေ အခက်အခဲဖြစ်နေကြတယ်လို့ ဖားဆောင်းမြို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

“ဆင်းရဲသား‌တွေအတွက်တော့ အခက်ခဲတွေပိုဖြစ်တာပေါ့။ သူတိုကတစ်ရက်လုပ်မှ တစ်ရက်စားရတာကော။ ဆန်ဈေးလဲတက်နေတော့။ တစ်ခါတလေဆို သူတိုရုန်းကန်ရတာပေါ့ အဲဒီလိုပေါ့။” လို့ သူက ဆိုပါတယ်။

လွိင်ကော်-စံပြ( ၆ )မိုင်-ဒေါတမကြီး-ဘောလခဲလမ်းကို ယခင်က တစ်ပတ်မှာ သုံးရက်ဖွင့်လှစ်ပေးခဲ့ပေမယ့် လက်ရှိမှာ ရက်အကန့်အသတ်မရှိ လမ်းတွေကို ပိတ်ထားတာဖြစ်ပါတယ်။

spot_img
spot_img

Recent posts