spot_img
Tuesday, September 27, 2022
spot_img

မတည်ငြိမ်တဲ့နိုင်ငံရေးအခြေအနေကြားက ကျင်းပရတဲ့ ကေးထျိုးဘိုး(ခေါ်) တံခွန်တိုင်ပွဲတော်

spot_imgspot_imgspot_imgspot_img

ဘလက်ဇင်း (ကန္တာရဝတီတိုင်း(မ်))

ဘိုးဘွားခေတ်အဆက်ဆက်ကတည်းက ကရင်နီလူမျိုးစုတွေရဲ့ ရိုးရာဓလေ့တစ်ခုဖြစ်တဲ့ ကေ့ထျိုးဘိုး (ခေါ်) တံခွန်တိုင် ရိုးရာပွဲကို ဒီကနေ့ထိတိုင် အစဉ်အလာမပြတ် ကျင်းပလာခဲ့ကြပါတယ်။

နိုင်ငံရေးအခြေအနေနဲ့ ကိုဗစ်ရောဂါအခြေအနေကြောင့် ကေ့ထျိုးဘိုး ပွဲတော်ကို ခမ်းခမ်းနားနား ပွဲတော်ကြီးအဖြစ် မကျင်းပနိုင်တော့တာ ၃နှစ်ရှိသွားပြီဖြစ်ပါတယ်။

၂၀၂၂ခုနှစ်အတွင်းမှာ ကရင်နီပြည် ဒီးမော့ဆိုမြို့အတွင်းမှာ ကေ့ထျိုးဘိုးပွဲကို ပြီးခဲ့တဲ့ မတ်လက အကျဉ်းချုံးပြုလုပ်သွားတာရှိပါတယ်။ ဧပြီလ ၁၀ ရက်နေ့မှ ၁၂ရက်နေ့အထိ လွိုင်ကော်မြို့နယ် အရှေ့ဖက်ခြမ်းက ကျေးရွာတစ်ရွာမှာ ပြုလုပ်ခဲ့ပြီး အနီးရပ်နားက ကျေးရွာဒေသခံတွေ စုပေါင်းပြီး ၃ရက်တာ ကျင်းပပြုလုပ်သွားကြပါတယ်။

ယနေ့ နိုင်ငံရေးအခြေအနေမတည်ငြိမ်တာကြောင့် အခုလိုရိုးရာပွဲတော်ကျင်းပတဲ့နေရာမှာ အခက်ခဲစိန်ခေါ်မှုတွေရှိနေပါတယ်။

“အခက်အခဲတော့ရှိတယ်။ ဒါပေမယ့် ရှိရင်လည်းလုပ်ရမယ်လို့ ကျနော်တို့အဲ့လိုပဲဆန္ဒရှိတယ်။ အခက်အခဲကတော့ ကျနော်တို့လှူဒါန်းတဲ့ဟာမျိုးတော့ မပြည့်စုံတာလည်းအခက်အခဲရှိတယ်။ ဒါပေမယ့် ရှိသလောက်တော့လုပ်မယ်။ အခုအခြေအနေနဲ့ မညီတာတို့ အပြောအဆို အပြန်အလှန် မေးမြန်းတဲ့အခါမှာလည်း စုံစုံလင်လင်မှုမရှိနိုင်တာတို့ အချိန်ပုံမှန်မရနိုင်တာတို့ အဲ့လိုအခက်အခဲရှိတယ်။ ဒါပေမယ့် ရှိပေမယ့်လည်း ကြိုးစားပြီးလုပ်သွားတယ်။”လို့ ကျေးရွာပွဲဖြစ်မြောက်ရေးကော်မတီဝင်တစ်ဦးဖြစ်တဲ့ ဦးပိုးရယ်က ရှင်းပြပါတယ်။

ဧပြီလ ၁၀ရက်နေ့(ပထမရက်) မှာ တံခွန်တိုင်ခုတ်ယူခြင်း၊ သယ်ယူခြင်း၊ ဒုတိယရက်နေ့မှာတော့ ပွဲတော်အတွက် ပြင်ဆင်ခြင်း၊ ဧည့်သည်တော်ဖိတ်ကြားခြင်း၊ အကပဒေသာဖြင့် ဖျော်ဖြေတင်ဆက်ခြင်း နဲ့ တတိယနေ့မှာတော့ တံခွန်တိုင်တော် စိုက်ထူခြင်း၊ ပူဇော်ပသခြင်း၊ ဆုတောင်းဝတ်ပြုခြင်း၊ မင်္ဂလာရေပက်ဖြန်းခြင်း တို့ကို ဆောင်ရွက်သွားကြပါတယ်။

ကရင်နီလူမျိုးစုတွေရဲ့ ရိုးရာဓလေ့ဖြစ်သလို ဘိုးဘွားပိုင် အမွှေအနှစ်၊ သဘာဝအရင်းအမြစ်၊ လူမျိုးနဲ့သမိုင်းရာဇဝင် မပျောက်ပျက်အောင် တတ်နိုင်တဲ့ဖက်ကနေ ဝိုင်းဝန်းထိန်းသိမ်းသွားကြဖို့ လူကြီးသူမတွေက တိုက်တွန်းထားပါတယ်။

“ကျနော်တို့ နှစ်စဉ်နှစ်တိုင်းကျင်းပတယ်။ ဒါပေမယ့် ကျနော်တို့ဒီရွာမှာ ကျေးရွာမှာက စာမတတ် ပေမတတ်လို့ ဒီရိုးရာအချက်အလက် အထိမ်းအမှတ်တွေကို မှတ်သားယူဖို့လည်းမရှိနိုင်ဘူး။ လမ်းညွှန်နည်းပြပေးတဲ့သူ အကြံညဏ်လာပေးမယ့်သူ ပြည့်ပြည့်စုံစုံမရရှိလို့ ကျနော်တို့ ဒီရိုးရာအချက်အလက် အဆင့်အတန်း တင်ပြဖို့ ပြောပြဖို့တော့သိပ်တော့မပြောနိုင်ဘူး။ ပြောမယ်ဆိုလည်း ကျနော်တို့က စာပေမတတ်ခါကျတော့ မပြောနိုင်ဘူးပေါ့။ ပြီးတော့ ရိုးရာတွေရဲ့ အချက်အလက် အမျိုးအမည်တွေလည်း မဖော်ပြနိုင်တော့ နည်းနည်းအခက်အခဲရှိတယ်။”လို့ ဦးပိုးရယ်က ပွဲပြုလုပ်တာနဲ့ပတ်သက်ပြီး အခက်အခဲတချို့ကို ပြောပြထားပါတယ်။

ကေ့ထျိုးဘိုး တိုင်တော်အတွက် ပွဲရက်မတိုင်ခင် ၁လလောက်အလိုကတည်းက ရှာထားရပြီး ရိုးရာဓလေ့ ဖြစ်တဲ့ ကြက်ရိုးထိုး ဗေဒင်မေးပြီး ကောင်းတဲ့ အတိတ်နိမိတ်ရရှိမှသာ စတင်ခုတ်ကြပြီး ပွဲတော်အတွက် ပြင်ဆင်ကြရပါတယ်။

သတ်မှတ်ထားတဲ့ ကေ့ထျိုးဘိုး တိုင်တော်ကို မနက်စောစော နေမထွက်ခင်အချိန်မှာ သွားရောက်ခုတ်ယူရပြီး ပွဲတော်ကျင်းပမယ့် နေရာအထိ ယာဉ်မသုံးဘဲ လူအင်အားနဲ့သာ ထမ်းယူရတာဖြစ်ပါတယ်။

ကေ့ထျိုးဘိုး ခေါ် တံခွန်တိုင် သယ်ဆောင်လာတဲ့အခါမှာ ရိုးရာဝတ်စုံတွေနဲ့ ရေစင်ပတ်ဖြန်းပြီး ကြိုဆိုကြသလို အမျိုးသမီးတွေကတော့ ကေ့ထျိုးဘိုး ခေါ် တံခွန်တိုင်တော်ကို သပြေခက်တွေနဲ့ ပက်ဖြန်းကြိုဆိုကြပါတယ်။

ကမ္ဘာမြေကြီးပိုင်ရှင်ဖြစ်တဲ့ နတ်ဘုရားရဲ့ ကျေးဇူးတော်ကို ရိုသေလေးစားသောအားဖြင့် အလှူအတန်းနဲ့ ပူဇော်ပသပြီး ကောင်းမှုကုသလိုလ်ယူသလို ရာသီဥတုမှန်ကုန်စေဖို့၊ ရောဂါဘယကင်းရှင်းစေဖို့၊ သဘာဝဘေးအန္တာရာယ်မကျရောက်ဖို့လည်း ရွည်ရွယ်တယ်လို့ သိရပါတယ်။

နိုင်ငံရေးတည်ငြိမ်စဉ်ကာလက စုပေါင်းရိုးရာ ကေ့ထျိုးဘိုးပွဲတော်ကျင်းပတဲ့အခါမှာ ရပ်ဝေးရပ်နီးမှ ကျေးရွာအသီးသီးကို ဖိတ်ခေါ် ပါဝင်ဆင်နွဲစေပြီး တွေ့ဆုံပွဲ၊ အခမ်းအနား၊ ရိုးရာယဉ်ကျေးမှု အကဖျော်ဖြေတင်ဆက်တာ၊ ဈေးဆိုင်ခင်းကျင်းရောင်းချတာ၊ အားကစားပြိုင်ပွဲကျင်းပတာ၊ နှစ်ပတ်လည်အစည်းအဝေး ပြုလုပ်တာ ဆောင်ရွက်ကြပါတယ်။

သို့သော် လက်ရှိ နိုင်ငံရေးအခြေအနေအရ ကေ့ထျိုးဘိုးတိုင်တော် ခုတ်ယူခြင်း၊ ကေ့ထျိုးဘိုးတိုင်တော် သယ်ယူခြင်း၊ ကေ့ထျိုးဘိုးတိုင်တော် စိုက်ထူပူဇော်ခြင်းများကိုသာ ရိုးရာအစဉ်အလာနှင့်အညီ အကျဉ်းချုံးကျင်းပပြုလုပ်သွားကြတာဖြစ်ပါတယ်။

နိုင်ငံရေးအခြေအနေ ပဋိပက္ခကြားက ရိုးရာဓလေ့ကို စည်ကားသိုက်မြိုက်စေဖို့ တစ်နိုင်တစ်ပိုင်နဲ့သာ ပါဝင်ဆောင်ရွက်ခဲ့ရပြီး ထိန်းသိမ်းစောင့်ရှောက်ဖို့က လူငယ်အားလုံးမှာ တာဝန်ရှိတယ်လို့ လူငယ်တစ်ဦးဖြစ်တဲ့ ခူးစိုးရယ်က ဆိုပါတယ်။

“ယဉ်ကျေးမှုတစ်ခုပဲဖြစ်ဖြစ် ထိန်းသိမ်းပြီး စောင့်ရှောက်ပြီး အားလုံး လူငယ်တွေမှာတာဝန်ရှိတယ်။ လူငယ်တွေ လက်ကမ်းပြီးတော့မှ ပုခုံးပေါ်ရောက်နေတယ် အဲ့လိုတော့ ခံယူချက်ရှိပါတယ်။ ဘာလို့ဆို ဒီအချိန် ဒီကာလကျနော်တို့ မြန်မာနိုင်ငံရဲ့ တစ်နိုင်ငံလုံးအတိုင်းအတာကို အခုလောလောဆယ်က နိုင်ငံမှာ ပဋိပက္ခဖြစ်နေတာက တစ်ဖက်၊ ရိုးရာဓလေ့စည်းကားသိုက်မြိုက်ဖို့ကတော့ တစ်နိုင်တစ်ပိုင်ပဲဆောင်ရွက်ရတာကော။” လို့ ခူးစိုးရယ်ကပြောပါတယ်။

လို ကရင်နီလူမျိုးတွေရဲ့ ကေ့ထျိုးဘိုး ခေါ် တံခွန်တိုင် ပွဲတော်ကို မတ်လနဲ့ဧပြီလအတွင်းမှာ ကျင်းပကြပြီး နှစ်စဉ် ကေးထျိုးဘိုးတိုင်အသစ်စိုက်ထူခြင်း သို့မဟုတ် တိုင်အသစ်ကို ပြုပြင်မွမ်းမံခြင်းတွေ ပြုလုပ်ကြပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

စစ်ရှောင်စာသင်ခန်းထဲက စိတ်ပိုင်းဆိုင်ရာကို ကုသပေးနေတဲ့ အနုပညာ စာသင်ချိန်

https://youtu.be/8UV8YZjyV6o ကန္တာရဝတီတိုင်း(မ်) ကရင်နီစစ်ရှောင်ကလေးတွေဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကြောင့် စာကို အာရုံစိုက်နိုင်မှု အားနည်းလာတယ်လို့ စာသင်ကြားပေးနေတဲ့ ဆရာ၊ ဆရာမတွေက ဆိုကြပါတယ်။ ယခုနောက်ပိုင်းမှာတော့ စစ်ဘေးရှောင်စာသင်ခန်းတွေမှာ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေကို တစ်နိုင်တစ်ပိုင် ကုသပေးနိုင်မယ်လို့ ယုံကြည်ရတဲ့ အနုပညာစာသင်ချိန်တွေကို ရရာ သင်ထောက်ကူတွေ ဆွဲကိုင်ပြီး ဆရာ၊ ဆရာမတွေက သင်ကြားပေးနေကြပါတယ်။ ဖရူဆိုမြို့နယ်အတွင်းက...

ရေမသန့်ရှင်းမှုကြောင့်အဖြစ်များတဲ့ ဝမ်းပျက်ဝမ်းလျှော

လေးမြာ (ကန္တာရဝတီတိုင်း(မ်)) ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်းဟာ လူတော်တော်များများ ခံစားရနိုင်တဲ့ ကျန်းမာရေးကိစ္စ တစ်ရပ်ဖြစ်ပါတယ်။ ရာသီမရွေးဖြစ်နိုင်တယ်ဆိုပေမယ့် မိုးရာသီမှာ အစားအသောက်နဲ့ ရေသန့်ရှင်းမှု အားနည်းတာကြောင့် ဝမ်းပျက်ဝမ်းလျှော ပိုမိုအဖြစ်များစေပါတယ်။ ဝမ်းပျက်ဝမ်းလျှောခြင်းဆိုတာ ဝမ်းပျက်ဝမ်းလျှောခြင်းဆိုတာ ဝမ်းအရည်တွေ ခဏခဏ သွားတာဖြစ်ပြီး တစ်နေ့တာမှာ ဝမ်းအရည်တွေ ၃ ကြိမ် ဒါမှမဟုတ် ၃ ကြိမ်နဲ့ အထက်...

“ဆီးသူတော်”စစ်ရှောင်စခန်းမှာ ကယားရိုးရာ အဲဒိုပေါ်မီ(ခေါ်) ဒီးကူပွဲ ပြုလုပ်

ကန္တာရဝတီတိုင်း( မ် ) ဒီးမော့ဆိုအနောက်ဖက်ခြမ်းရှိ စစ်ရှောင်စခန်းတစ်နေရာဖြစ်တဲ့ ဆီးသူတော် စစ်ရှောင်စခန်းမှာ ကယားရိုးရာ အဲဒိုပေါ်မီ(ခေါ်) ဒီးကူပွဲ ကို စက်တင်ဘာလ ၁၈ရက်နေ့က စုပေါင်းပြုလုပ်ခဲ့ပါတယ်။ "ကျွန်တော်တို့ ကယားရိုးရာဓလေ့ဖြစ်တဲ့ ဒီးကူပွဲဟာ ခါတိုင်း ခေတ်ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ကျနော်တို့အားလုံး သစ္စာရှိရှိနဲ့ ကျင်းပပြီးတော့ ဝေမျှတတ်ပါတယ်။ ဒီနေ့လည်း အခက်အခဲတွေကြားထဲက...

စစ်ရှောင်စခန်းတစ်နေရာမှာ စိုက်ပျိုးရေးသင်တန်း လက်တွေ့ပို့ချပေး

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည် ဒီးမော့ဆိုအရှေ့ဘက်ခြမ်း စစ်ရှောင်စခန်း တစ်နေရာမှာ စိုက်ပျိုးရေးနည်း လက်တွေ့ပို့ချတဲ့သင်တန်းကို ဒီကနေ့ စက်တင်ဘာလ ၁၈ရက်နေ့မှာ လူမှုအသင်းအဖွဲ့တစ်ခုကနေ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။ နည်းစနစ်မှန်နဲ့ စစ်ဘေးရှောင် တွေကို စနစ်တကျ သင်တန်ပေးပြီး ဟင်းသီးဟင်းရွက်ပေါင်း ၁၅ မျိုးကို လက်တွေ့ သင်ကြားပို့ချပေးခဲ့တယ်လို့ သင်တန်းပေးတဲ့ ဆရာမတစ်ဦးက...