spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မနေ့က ဒီးမော့ဆိုမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ နှစ်ဦးသေဆုံး

ကန္တာရဝတီတိုင်း(မ်)

ဒီးမော့ဆိုမြို့ ၊ မြို့မရပ်ကွက်မှာ မနေ့က(ဧပြီ ၂၉ ရက်နေ့ ) စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က နှစ်ဦးသေဆုံး ၊ သုံးဦး ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို ( DMO-PDF ) က ဒီကနေ့ ( ဧပြီလ ၃၀ ) ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

မနက် (၁၀)နာရီကနေ့ (၁၁)နာရီထိ ၁နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့ဖက်မှာ ထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို ( DMO-Local PDF)နဲ့ အလယ်ပိုင်းတိုင်း (၁၁၀၂)တပ်ရင်းမှ တပ်ခွဲ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၆ရက်နေ့မှာလည်း ဖရူဆိုမြို့နယ်မှာရှိတဲ့ ခမရ-၄၂၈နဲ့ ဖရူဆိုမြို့မရဲစခန်းကို PDF-Hpruso ၊ KNDF B-04 ၊ KNDF B-15 တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၄ဦးသေဆုံးခဲ့တယ်လို့ KNDF B-04 နဲ့ PDF-Hpruso က သတင်းထုတ်ပြန်ထားပါတယ်။

spot_img
spot_img