spot_imgspot_imgspot_imgspot_img
Wednesday, June 25, 2025
spot_imgspot_imgspot_imgspot_img

မယ်စဲ့မြို့နှင့် ထိုင်းနိုင်ငံ ခွန်ယွန်းမြို့တို့တွင် နှစ်နိုင်ငံနယ်စပ်ယာယီဈေး ဖွင့်လှစ်မည်

Author

Date

Category

လင်းသန့်

မြန်မာ-ထိုင်း နှစ်နိုင်ငံ၏ ကုန်ပစ္စည်းများကို ရောင်းချကြမည့် ဈေးကို မယ်စဲ့မြို့နှင့် ထိုင်းနိုင်ငံ ခွန်ယွန်းမြို့တွင် နှစ်နိုင်ငံနယ်စပ်ယာယီဈေးအဖြစ် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

နှစ်နိုင်ငံရင်းနှီးချစ်ကြည်မှု ပိုမိုတိုးတက်စေရန် ရည်ရွယ်၍ မယ်စဲ့မြို့၊ တောင်ပိုင်းရပ်ကွက်ရှိ သစ်စက်ဟောင်းနေရာမှာ မြန်မာဘက်က ဖွင့်လှစ်မည်ဖြစ်ကာ ခွန်ယွန်မြို့တွင်မူ ထိုင်းက ဖွင့်လှစ်ထားမည်ဖြစ်သည်။

အဆိုပါ နယ်စပ်ယာယီဈေးကို ယခုနှစ် မေလမှစ၍ စတင်ဖွင့်လှစ်သွားရန် လျာထားပြီး တစ်လလျှင် ၂ ကြိမ်နှုန်း အလှည့်ကျ ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း မယ်စဲ့မြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးမျိုးသန့်က ပြောသည်။

“ထိုင်းဖက်က ကုန်ပစ္စည်းတွေ ဝယ်နိုင်မယ်။ သူတို့ကလည်း ကိုယ့်ဆီကို လာဝယ်လို့ရမယ်။ ကုန်ကူးသန်းတာ ပိုကောင်းလာမယ်ပေါ့။”ဟု ဦးမျိုးသန့်က ပြောသည်။

အဆိုပါ ယာယီဈေးတွင် ဒေသထွက်ကုန်ပစ္စည်းများ၊ လူသုံးကုန်၊ စားသောက်ကုန်ပစ္စည်းများနှင့် အခြားကုန်ပစ္စည်းများကိုလည်း ရောင်းချကြမည်ဖြစ်သည်။

ယင်းယာယီဈေးတွင် ဈေးဆိုင်ခန်းများ၊ အိမ်သာ၊ ရေချိုးခန်းများ ဆောက်လုပ်ပေးမည်ဖြစ်သည်။

နယ်စပ်ယာယီဈေးဖွင့်လှစ်နိုင်ရန် ကယားပြည်နယ်အစိုးရအဖွဲ့က ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း(၁၃၀) အသုံးပြုထားသည်။

spot_img
spot_img

Recent posts